[Zawgyi]







 


 



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ငယ်စဉ်ဘဝကစပြီး ပြောင်းလဲလာတဲ့ ပုံစံအဆင့်ဆင့်ကို ပြန်လည်ဖော်ပြခဲ့တဲ့ သျှားထွဋ်အိန္ဒြာ

သျှားထွဋ်အိန္ဒြာ က သူမငယ်စဉ်ဘဝက စလို့ နှစ်အလိုက်ပြောင်းလဲခဲ့တဲ့ ပုံလေးတွေကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ဖော်ပြထားတာကိုတွေ့ရပါတယ်။ အခုလိုဖော်ပြထားရာမှာလည်း ပြီးခဲ့တဲ့ တစ်နှစ်က ရေးထားခဲ့တဲ့ စာလေးကတော့ နှစ်အလိုက်ပြောင်းလဲလာသောကျမ ဆိုပြီးရေးထားတာလည်း ဖြစ်ပါတယ်။ ဒီ Post လေးကိုတော့ သူမက မနှစ်က တင်ထားခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ ၉ ရက်နေ့မှာလည်း “ထိရှတဲ့ပုံလေးများ” ဆိုပြီးတော့ မနှစ်က Post ကို ပြန် Share ထားတာပါ။

“နှစ်အလိုက်ပြောင်းလဲလာသော ကျမ

ဘာ Surgery မှမလုပ်ဘူးနော် ကြိုပြောတာ…အလွန်တရာပြောင်းလဲတဲ့ပုံတွေပါနေလို့

ဒါတောင် ၈တန်း ၉ တန်း ၁၀ တန်းပုံတွေရှာမတွေ့သေးလို့

ရှာတွေ့ရင်ထပ်ပြမယ်နော်..ဂတုံးဆံပင်နဲ့”

 

သျှားထွဋ် ဟာ Miss Universe Myanmar 2014 ရဲ့ Winner တစ်ဦးလည်း ဖြစ်ပါတယ်။ Miss တစ်ယောက်ဖြစ်တဲ့ အတွက် အတိုက်အခိုက်တွေ နဲ့ ကြမ်းတမ်းတဲ့ အနုပညာခရီးလမ်းကို လျှောက်လှန်းနေသူဦးလည်းဖြစ်ပါတယ်။

 

သူမ ငယ်စဉ်ဘဝက စလို့ သူမရဲ့ မျက်နှာကို ဘယ်အရာမှ ပြုပြင်ထားခြင်းမျိုးမရှိဘူးဆိုတာကို သူမကိုအားပေးနေကြသူတွေ ကိုထင်ထင်ရှားရှား သိစေလိုတဲ့ အတွက် အခု Post လေးကို အမြဲတမ်းလိုလို ပြန်လည်ဖော်ပြမိနေတာဖြစ်တယ် လို့လည်း ခံစားမိပါတယ်။

Photo Credit:Sharr Htut Eaindra Facebook

ကြည်သာ (Akhayar)

www.akhayar.com