[Zawgyi]

အတုအပျပႆနာေၾကာင့္ တ႐ုတ္အြန္လိုင္း ေဈးကြက္ကို မ်က္မုန္းက်ိဳးေနတဲ့ Apple နဲ႔ Samsung

နည္းပညာေလာကမွာ Sony နဲ႔ LG တို႔လို ကုမၸဏီမေျပာနဲ႔ သူတလွည့္ ငါတလွည့္ မင္းမူေနတဲ့ Samsung နဲ႔ Apple လို ကုမၸဏီေတြ တ႐ုတ္ျပည္ ေစ်းကြက္မွာ စားက်က္ရဖို႔ အေတာ့္ကို မလြယ္ေတာ့ပါဘူး။ ဒါကို လြယ္လြယ္ ဥပမာေပးရရင္ ဒီေန႔ပဲ iPhone X မိတ္ဆက္လိုက္တယ္၊ ေနာက္ေန႔ဆိုရင္ လုံးဝထပ္တူက်ေနတဲ့ Clone ဖုန္းက ႀကိဳထြက္ႏွင့္ၿပီးသား။ ဒီလိုပဲ Apple တေယာက္ထဲ တိုက္ခိုက္ခံေနရတာ မဟုတ္သလို အခုဆိုရင္ Samsung ေကာင္းေကာင္းခံလိုက္ရၿပီလို႔ ေျပာခ်င္ေျပာလို႔ ရေနပါၿပီ။

iPhone X Clone

ဘာလို႔လဲဆိုရင္ Quantum Dot Display နဲ႔ မ်က္ႏွာျပင္က်ယ္က်ယ္ Smart TV ထုတ္တဲ့ေနရာမွာ မင္းမူေနတာဆိုလို႔ Samsung ပဲ ရွိတာပါ။ ဆိုေတာ့ သူထုတ္ထားတဲ့ TV က အေကာင္းစား၊ ေစ်းကလည္း မိုးေမွ်ာ္ေနတာဆိုေတာ့ ေတာ္႐ုံမဝယ္ႏိုင္ၾကပါဘူး။ ဒါကို ဘယ္ေလာက္မ်ား မ်က္ႏွာေျပာင္တိုက္လိုက္သလဲဆိုရင္ Pinduoduo ဆိုတဲ့ တ႐ုတ္အြန္လိုင္းစတိုးမွာ ေနာက္ဆုံးေပၚ Samsung TV နဲ႔ တပုံစံထဲ SHAASUIVG တံဆိပ္နဲ႔ Smart TV တလုံးကို လုံးဝမျဖစ္ႏိုင္တဲ့ ေစ်းနဲ႔ ေရာင္းခ်လိုက္လို႔ပါ။

SHAASUIVG vs Samsung

ေစ်းကဘယ္ေလာက္ပဲ ရွိသလဲဆိုရင္ တ႐ုတ္ ယြမ္ေငြ ၃၈၈ နဲ႔ ညီမွ်ေနသလို ေဒၚလာ အားျဖင့္ ၅၇ ေဒၚလာပဲရွိတာပါ။ ဒီေစ်း၊ ဒီတန္ဖိုးနဲ႔ ဝယ္လို႔ရတဲ့ Smart TV ကိုမွ Screen Size ၅၅ လက္မရွိသလို 4K Resolution အထိ ေထာက္ပံ့ေပးထားတာမလို႔ အရမ္းကို တန္လြန္းေနပါတယ္။ ဒီဇိုင္းပိုင္းနဲ႔ အသြင္အျပင္မွာလည္း Samsung Smart TV နဲ႔ တစ္ပုံတစံထဲျဖစ္ေနၿပီး နာမည္ေလးပဲ လႊဲေနတာပါ။ ဒီလိုမ်ိဳး ထင္တိုင္းႀကဲေနတဲ့ Pinduoduo ကို ေျမလွန္ႏိုင္တဲ့ လူမရွိေသးပါဘူး။ လက္ရွိအခ်ိန္မွာ Bloomberg လို US စီးပြားေရးဆိုဒ္တစ္ခုက Pinduoduo အြန္လိုင္း စတိုးကို ခေရေစ့တြင္းက် ပိုက္စိပ္တိုက္ၿပီး စစ္ေဆးခ်င္ေပမယ့္ တ႐ုတ္ႏိုင္ငံေရး Policy အရ မျဖစ္ႏိုင္ပါဘူး။

Pinduoduo Chinese Online Store

ကနဦး ေျပာၾကားခ်က္အရဆိုရင္လည္း Pinduoduo ဟာ တ႐ုတ္ႏိုင္ငံရဲ႕ စေတာ့ရွယ္ယာေစ်းကြက္မွာ ေဒၚလာ ၂၃ ဘီလီယံအထိ တန္ေၾကး ရွိေနတာပါ။ ဒါေပမယ့္ Samsung နဲ႔ Apple တို႔လို နာမည္ေကာင္းနဲ႔ ေအာင္ျမင္ေနတာမ်ိဳး မဟုတ္ဘဲ ရွိရွိသမွ် Brands ေတြကို လိုက္တုပေနတဲ့ Faker လို႔ တ႐ုတ္ျပည္မွာ အေတာ္ေလး နာမည္ရေနတာပါ။ ေနာက္ၿပီး Electronics ပစၥည္းတစ္မ်ိဳးထဲ အတုလိုက္ထုတ္ေနတာမဟုတ္ဘဲ အရည္ေသြးမျပည့္မီတဲ့ အစားအေသာက္ေတြနဲ႔ ကေလးငယ္သုံး ပစၥည္းေတြကို အာမခံခ်က္အတုေတြနဲ႔ တင္ပို႔ေနေသးတယ္လို႔ သိရပါတယ္။

Baidu CEO Robin Li

ဒီလို လုပ္ရပ္ေတြေၾကာင့္ Pinduoduo ကို ဥပေဒအရ ျပင္းျပင္းထန္ထန္ အေရးယူလို႔ရေပမယ့္ တ႐ုတ္ႏိုင္ငံထဲ ဘယ္သူမွ အာဏာစက္မသက္ေရာက္ႏိုင္ပါဘူး။ တ႐ုတ္အစိုးရအေနနဲ႔လည္း အာခံဖို႔ စြမ္းရည္ အျပည့္ဝရွိေနသလို ေရွ႕ႏွစ္ရက္တုန္းကလည္း Google သာ တ႐ုတ္ျပည္ထဲေရာက္လာခဲ့ရင္ အမႈန႔္ႀကိတ္ပစ္မယ္လို႔ Baidu CEO ေျပာၾကားခဲ့ေသးတာေၾကာင့္ Apple နဲ႔ Samsung တို႔လို ကုမၸဏီေတြ တ႐ုတ္ကို ထိုင္ရွိခိုးရမလိုျဖစ္ေနၿပီ ထင္ပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

အတုအပပြဿနာကြောင့် တရုတ်အွန်လိုင်း ဈေးကွက်ကို မျက်မုန်းကျိုးေနတဲ့ Apple နဲ့ Samsung

နည်းပညာလောကမှာ Sony နဲ့ LG တို့လို ကုမ္ပဏီမပြောနဲ့ သူတလှည့် ငါတလှည့် မင်းမူနေတဲ့ Samsung နဲ့ Apple လို ကုမ္ပဏီတွေ တရုတ်ပြည် စျေးကွက်မှာ စားကျက်ရဖို့ အတော့်ကို မလွယ်တော့ပါဘူး။ ဒါကို လွယ်လွယ် ဥပမာပေးရရင် ဒီနေ့ပဲ iPhone X မိတ်ဆက်လိုက်တယ်၊ နောက်နေ့ဆိုရင် လုံးဝထပ်တူကျနေတဲ့ Clone ဖုန်းက ကြိုထွက်နှင့်ပြီးသား။ ဒီလိုပဲ Apple တယောက်ထဲ တိုက်ခိုက်ခံနေရတာ မဟုတ်သလို အခုဆိုရင် Samsung ကောင်းကောင်းခံလိုက်ရပြီလို့ ပြောချင်ပြောလို့ ရနေပါပြီ။

iPhone X Clone

ဘာလို့လဲဆိုရင် Quantum Dot Display နဲ့ မျက်နှာပြင်ကျယ်ကျယ် Smart TV ထုတ်တဲ့နေရာမှာ မင်းမူနေတာဆိုလို့ Samsung ပဲ ရှိတာပါ။ ဆိုတော့ သူထုတ်ထားတဲ့ TV က အကောင်းစား၊ စျေးကလည်း မိုးမျှော်နေတာဆိုတော့ တော်ရုံမဝယ်နိုင်ကြပါဘူး။ ဒါကို ဘယ်လောက်များ မျက်နှာပြောင်တိုက်လိုက်သလဲဆိုရင် Pinduoduo ဆိုတဲ့ တရုတ်အွန်လိုင်းစတိုးမှာ နောက်ဆုံးပေါ် Samsung TV နဲ့ တပုံစံထဲ SHAASUIVG တံဆိပ်နဲ့ Smart TV တလုံးကို လုံးဝမဖြစ်နိုင်တဲ့ စျေးနဲ့ ရောင်းချလိုက်လို့ပါ။

SHAASUIVG vs Samsung

စျေးကဘယ်လောက်ပဲ ရှိသလဲဆိုရင် တရုတ် ယွမ်ငွေ ၃၈၈ နဲ့ ညီမျှနေသလို ဒေါ်လာ အားဖြင့် ၅၇ ဒေါ်လာပဲရှိတာပါ။ ဒီစျေး၊ ဒီတန်ဖိုးနဲ့ ဝယ်လို့ရတဲ့ Smart TV ကိုမှ Screen Size ၅၅ လက်မရှိသလို 4K Resolution အထိ ထောက်ပံ့ပေးထားတာမလို့ အရမ်းကို တန်လွန်းနေပါတယ်။ ဒီဇိုင်းပိုင်းနဲ့ အသွင်အပြင်မှာလည်း Samsung Smart TV နဲ့ တစ်ပုံတစံထဲဖြစ်နေပြီး နာမည်လေးပဲ လွှဲနေတာပါ။ ဒီလိုမျိုး ထင်တိုင်းကြဲနေတဲ့ Pinduoduo ကို မြေလှန်နိုင်တဲ့ လူမရှိသေးပါဘူး။ လက်ရှိအချိန်မှာ Bloomberg လို US စီးပွားရေးဆိုဒ်တစ်ခုက Pinduoduo အွန်လိုင်း စတိုးကို ခရေစေ့တွင်းကျ ပိုက်စိပ်တိုက်ပြီး စစ်ဆေးချင်ပေမယ့် တရုတ်နိုင်ငံရေး Policy အရ မဖြစ်နိုင်ပါဘူး။

Pinduoduo Chinese Online Store

ကနဦး ပြောကြားချက်အရဆိုရင်လည်း Pinduoduo ဟာ တရုတ်နိုင်ငံရဲ့ စတော့ရှယ်ယာစျေးကွက်မှာ ဒေါ်လာ ၂၃ ဘီလီယံအထိ တန်ကြေး ရှိနေတာပါ။ ဒါပေမယ့် Samsung နဲ့ Apple တို့လို နာမည်ကောင်းနဲ့ အောင်မြင်နေတာမျိုး မဟုတ်ဘဲ ရှိရှိသမျှ Brands တွေကို လိုက်တုပနေတဲ့ Faker လို့ တရုတ်ပြည်မှာ အတော်လေး နာမည်ရနေတာပါ။ နောက်ပြီး Electronics ပစ္စည်းတစ်မျိုးထဲ အတုလိုက်ထုတ်နေတာမဟုတ်ဘဲ အရည်သွေးမပြည့်မီတဲ့ အစားအသောက်တွေနဲ့ ကလေးငယ်သုံး ပစ္စည်းတွေကို အာမခံချက်အတုတွေနဲ့ တင်ပို့နေသေးတယ်လို့ သိရပါတယ်။

Baidu CEO Robin Li

ဒီလို လုပ်ရပ်တွေကြောင့် Pinduoduo ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူလို့ရပေမယ့် တရုတ်နိုင်ငံထဲ ဘယ်သူမှ အာဏာစက်မသက်ရောက်နိုင်ပါဘူး။ တရုတ်အစိုးရအနေနဲ့လည်း အာခံဖို့ စွမ်းရည် အပြည့်ဝရှိနေသလို ရှေ့နှစ်ရက်တုန်းကလည်း Google သာ တရုတ်ပြည်ထဲရောက်လာခဲ့ရင် အမှုန့်ကြိတ်ပစ်မယ်လို့ Baidu CEO ပြောကြားခဲ့သေးတာကြောင့် Apple နဲ့ Samsung တို့လို ကုမ္ပဏီတွေ တရုတ်ကို ထိုင်ရှိခိုးရမလိုဖြစ်နေပြီ ထင်ပါတယ်။

2B (Akhayar)

www.akhayar.com