[Zawgyi]






Stella(Akhayar)

www.Akhayar.com 

[Unicode]

ခပ်ဟော့ဟော့ဖက်ရှင်လေးနဲ့ ဖမ်းစားလိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကထဲမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။

သူမကို မြင်လိုက်တာနဲ့ ဆန်းသစ်တဲ့ဖက်ရှင်အလန်းတွေနဲ့ Sexy ကျကျ နေတတ်သူမို့ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း ဒုနဲ့ ဒေး ရှိကြပါတယ်။ သင်ဇာ တစ်ယောက် ဒီနေ့ဇူလိုင်လ(၃၁)ရက်နေ့မှာတော့ သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ ဂိုက်ပေးကြမ်းထားတဲ့ အမိုက်စားပုံရိပ်တွေကို မျှဝေထားတာတွေ့ရပါတယ်။


သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးထားရသလို မိန်းကလေးပရိသတ်တွေပါ ငေးရလောက်တဲ့ ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားတာမို့ သူမရဲ့ ပွဲတက်ပုံရိပ်တွေဆိုရင် ဟိုးလေးတစ်ကျော်ဖြစ်တဲ့အထိ ရေပန်းစားလေ့ရှိပါတယ်။ အခုဝတ်ဆင်ထားတဲ့ သင်ဇာရဲ့ ဖက်ရှင်လေးကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

Photos Credit- Thinzar Wint Kyaw facebook

Stella(Akhayar)

www.Akhayar.com