[Zawgyi]
မြန်မာအမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ကာယိနြေ္ဒထိခိုက်စေသောအပြုအမူများ
 အသံ
ကာယိနြေ္ဒထိခိုက်တယ်ဆိုတာက လမ်းသွားနေတဲ့ကောင်မလေးယောက်ကို
“အကြီးကြီးပဲဟ”
“အကိတ်ကြီး”
မျက်လုံး
ရုပ်ရည်
ဥပဒေရဲ့အကာအကွယ်
 ပုဒ်မ ၃၅၄
 မည်သူမဆို မိန်းမတစ်ဦး၏ကာယိနြေ္ဒကို ပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း၊ ကာယိနြေ္ဒကိုပျက်စီးတန်ရာသည်ကို သိလျှက်နဲ့သော်လည်းကောင်း၊ ထိုမိန်းမကိုလက်ရောက်မှုကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မှုကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား ၂ နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ပုဒ်မ ၅၀၉
မည်သူမဆို မိန်းမတစ်ဦးဦး၏ ကာယိနြေ္ဒကိုစော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်းပြုသည်တွင် (သို့တည်းမဟုတ်) အသံပြုသည်တွင် (သို့တည်းမဟုတ်) ကိုယ်အမူအရာကိုပြသသည်တွင် ပြောဆိုသောစကားကိုဖြစ်စေ၊ ပြုသောအသံကိုဖြစ်စေ၊ ထိုမိန်းမကြားစေရန်ကြံရွယ်လျှင် (သို့တည်းမဟုတ်) ပြုသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောအရာဝတ္ထုကိုဖြစ်စေ၊ ထိုမိန်းမအားမြင်စေရန်ကြံရွယ်လျှင် (သို့မဟုတ်) ထိုမိန်းမအား ထိုမိန်းမအား ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ကျူးကျော်လျှင် ထိုသူကိုတစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
မင်းသုခ (အခရာ)
(www.akhayar.com)
[Unicode]
မြန်မာအမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ကာယိန္ဒြေထိခိုက်စေသောအပြုအမူများ
အဝေးပြေးကားပေါ်မှာ လက်ချောင်းကြီးနဲ့လာလာပွတ်တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ဒါက တော်တော်ဆိုးတဲ့ကိစ္စပါ။ တကယ်တော့ ဒီအဝေးပြေးကားပေါ်မှာမှမဟုတ်ပါဘူး၊ နေရာတော်တော်များများမှာ ကာယိန္ဒြေထိခိုက်စေတဲ့အပြုအမူအမျိုးမျိုးကြောင့် အမျိုးသမီတွေဟာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ယောကျ်ားလေးတွေ ခံရတဲ့ကိစ္စမျိုးတွေရှိပေမယ့်လည်း ဒါကမိန်းမအချိုးနဲ့ယှဉ်ရင် မပြောပလောက်ပါဘူး။ ဒါတွေ ပပျောက်အောင်ဘယ်လိုလုပ်မလဲ။ ဥပဒေကရော ဘယ်လိုအကာအကွယ်ပေးထားသလဲဆိုတာကို ပြောပြသွားပါမယ်။
 အသံ
ကာယိန္ဒြေထိခိုက်တယ်ဆိုတာက လမ်းသွားနေတဲ့ကောင်မလေးယောက်ကို
“အကြီးကြီးပဲဟ”
“အကိတ်ကြီး”
“ရှယ်ကြီးကွာ” ဆိုတဲ့စကားမျိုး (ဒါမှမဟုတ်) အလားတူစကားမျိုးကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး မကြားကြားအောင် ပြောဆိုတာမျိုးကို ပြောတာပါ။ လက်ခေါက်မှုတ်တာတို့၊ နာမည်ခေါ်တာတို့လည်း အတူတူပါပဲ။ ဒီလိုမျိုးက မြန်မာမိန်းကလေးတော်တော်များများကြုံတွေ့ဖူးတဲ့ အရာဖြစ်မှာပါ။
မျက်လုံး
နောက်တစ်ခုက ကိလေသာမျက်လုံးပါ။ ဒါမျိုးက လမ်းသွားလမ်းလာမှမဟုတ်ပါဘူး။ အလုပ်ခွင်မှာပါ ကြုံရတတ်ပါတယ်။ လိင်ဆန္ဒတပ်မက်တဲ့ စူးစူးရဲရဲအကြည့်တွေဆိုတာမျိုးကလည်း မိန်းကလေးတွေရဲ့ကာယိန္ဒြေကို ပျက်ပြားစေပါတယ်။ တင်သား၊ ရင်သားတွေကနေ အကြည့်မခွာဘဲ စိုက်ကြည့်နေတာမျိုးကိုလည်း ကြုံဖူးကြမှာပါ။
ရုပ်ရည်
ဒါကိုတော့ Body Shaming လုပ်တယ်လို့ပြောလို့ရပါတယ်။ ပိန်ပိန်သေးသေးဆို ­ငါးဖောင်ရိုးမ၊ ဂွက်ထော်ဆင်မယဉ်သာဆိုတဲ့စကားမျိုးတွေနဲ့ ကိုယ်ခန္ဓာအသွင်သဏ္ဍာန်ကို ယောကျ်ားလေးတွေက လူမြင်ကွင်းမှာ လှောင်ပြောင်တာပါ။ ကျွန်တော်တို့လူ့အသိုင်းအဝိုင်းမှာချစ်လို့ခင်လို့ အပျော်အပြက်စတာမျိုးကိုတော့ Body Shaming လုပ်တယ်လို့ဆိုနိုင်ပေမယ့်လူမြင်ကွင်းမှာ အုပ်စုလိုက်လှောင်ပြောင်တဲ့ပုံစံဆိုရင်တော့ ဒါဟာမိန်းကလေးတွေကို ကာယိန္ဒြေပျက်ပြားစေတဲ့အပြုအမူမျိုးပဲဖြစ်ပါတယ်။
တွေ့ထိကိုင်တွယ်ခြင်း
ဘတ်(စ်)စီးတဲ့မိန်းကလေးတိုင်း  မဖြစ်မနေကြုံတတ်တာက ဘတ်(စ်)ကားစပယ်ယာတွေရဲ့ လက်ဆွဲတာ၊ ခါးကနေပင့်တင်တဲ့လုပ်ရပ်တွေပါ။ နောက်တစ်မျိုးက မကြုံဖူးရင်တောင်ကြားဖူးမယ်လို့ထင်ပါတယ်။ အနောက်ကလာထောက်တာမျိုးဖြစ်ဖြစ်၊ မထိတထိလာထိတာမျိုးပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခု အနည်းနဲ့အများဆိုသလို ကြုံတတ်ပါတယ်။ ရုံးဆင်းရုံးတက် YBS ရဲ့ခပ်ကျပ်ကျပ်အချိန်ဆိုရင် ရှောင်ချင်ရင် တောင်နေရာ မရှိပါဘူး။ နောက်တစ်ခုက အလုပ်ခွင်မှာပါ။ ချစ်သလို၊ ခင်သလိုနဲ့ ဟိုလာတို့၊ ဒီလာကိုင်တဲ့ပုံစံ တွေပါ။ ဒီလိုမျိုးလုပ်ရပ်တွေကို မကြိုက်တဲ့ပိုများမယ်လို့ထင်ပါတယ်။ ကိုယ်ကမကြိုက်ဘဲနဲ့ ကိုယ့်ကို ဟိုတို့ဒီတို့လာလုပ်၊ အထက်လူကြီးဆိုတော့ ပြန်ပြောရတာလဲခက်၊ ခံရတာလည်းခက်ဖြစ်နေတဲ့ မိန်းကလေးတွေ ရှိကောင်းရှိမှာပါ။ ဒီလိုပုံစံတွေကလည်း ကာယိန္ဒြေပျက်ပြားစေတဲ့ အပြုအမူတွေဖြစ်ပါတယ်။
မဖွယ်မရာပုံတွေကိုမြင်တွေ့အောင်ပြခြင်း
ဒါကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ Facebook ရဲ့ Chat Box ကနေပို့တာ၊ E-mail နဲ့ပို့တာ၊ ကိုယ့်ကိုအဲ့ဒီလိုပုံတွေ မမြင်မြင်အောင်နည်းအမျိုးမျိုးနဲ့ပြတာ အကုန်လုံးကို ဆိုလိုပါတယ်။ အခုပြောပြတဲ့အရာအားလုံးကိုကျော်လာတယ်ဆိုရင်တော့ အခြေအနေတော်တော်ဆိုးနေပါပြီ။ ဥပဒေနဲ့ ရင်ဆိုင်သင့်ပါတယ်။
ဥပဒေရဲ့အကာအကွယ်
 ပုဒ်မ ၃၅၄
 မည်သူမဆို မိန်းမတစ်ဦး၏ကာယိန္ဒြေကို ပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း၊ ကာယိန္ဒြေကိုပျက်စီးတန်ရာသည်ကို သိလျှက်နဲ့သော်လည်းကောင်း၊ ထိုမိန်းမကိုလက်ရောက်မှုကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မှုကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား ၂ နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ပုဒ်မ ၅၀၉
မည်သူမဆို မိန်းမတစ်ဦးဦး၏ ကာယိန္ဒြေကိုစော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်းပြုသည်တွင် (သို့တည်းမဟုတ်) အသံပြုသည်တွင် (သို့တည်းမဟုတ်) ကိုယ်အမူအရာကိုပြသသည်တွင် ပြောဆိုသောစကားကိုဖြစ်စေ၊ ပြုသောအသံကိုဖြစ်စေ၊ ထိုမိန်းမကြားစေရန်ကြံရွယ်လျှင် (သို့တည်းမဟုတ်) ပြုသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောအရာဝတ္ထုကိုဖြစ်စေ၊ ထိုမိန်းမအားမြင်စေရန်ကြံရွယ်လျှင် (သို့မဟုတ်) ထိုမိန်းမအား ထိုမိန်းမအား ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ကျူးကျော်လျှင် ထိုသူကိုတစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
မိန်းကလေးတွေကို ဒီလိုမျိုးစကြနောက်ကြလုပ်တာက ဓလေ့ကြီးလိုဖြစ်နေတော့ ပျောက်သွားဖို့ဆိုတာ ယောကျ်ားလေးတွေအားလုံး ပူးပေါင်းပါဝင်မှရမှာပါ။ ဥပဒေက ဘယ်လိုပဲကာကွယ်ပေးထားတယ်ပြောပြော၊ တရားရုံးရောက်မှာကနောက် ကိုယ်ခံရမှာက အရင်ပါ။ နောက်ပြီး မြန်မာမိန်းကလေးတွေဆိုတာက ရှက်တတ်ကြောက်တတ်တော့ ရုံးရောက်ဂိတ်ရောက်မဖြစ်ချင်ကြသလို လူမြင်ကွင်းမှာဖြစ်ခဲ့ရင်တောင် ခေါင်းငုံ့ခံလာကြတာများပါတယ်။ တကယ်တော့ဒီလိုကိစ္စတွေမှာ ရှက်သင့်တာက ပြုလုပ်သူတွေသာဖြစ်ပါတယ်။
မင်းသုခ (အခရာ)
(www.akhayar.com)