[Zawgyi]
ကိုယ့်ကိုယ်ကို တိုးတက်အောင် ဆောင်ရွက်မယ်
ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် အလေ့အကျင့်ကောင်းတွေကို စွဲမြဲစေပြီး မကောင်းတဲ့ အလေ့အကျင့်တွေကို ပျောက်သွားအောင်ဆောင်ရွက်နိုင်ပါတယ်။
နိုင်ငံတကာမှာလည်း ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ပြီး သင်တန်းတွေတက်ကြတာ၊ ပညာရှင်တွေနဲ့တွေ့ဆုံပြီး အကြံယူဆွေးနွေးတာမျိုး ရှိပါတယ်။ ကျွန်မအနေနဲ့လည်း လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ဝန်းကျင်ကတည်းက ကိုယ့်ရဲ့တိုးတက်မှုအတွက် စီမံကိန်းချပြီးဆောင်ရွက်ခဲ့ပါတယ်။ ဒါကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်ရှင်။
(၁) ကျွန်မရဲ့ မကောင်းတဲ့အကျင့်တစ်ခုကတော့ အပျက်သဘောပါတဲ့အတွေးတွေကို လက်ခံထားတတ်ပြီး အပျက်သဘောဆန်တဲ့ စကားတွေပြောတတ်တာပါပဲ။ ဒါကို ဖျောက်မယ်လို့ ဆုံးဖြတ်တဲ့နေ့ကစပြီး တဖြည်းဖြည်းချင်းလျော့နိုင်အောင် ကြိုးစားအားထုတ်ရင်း အပျက်သဘောဆန်တာတွေ မပြောဖြစ်မတွေးဖြစ်တော့ပါဘူး။
(၂) အခြားသူတွေရဲ့ မကောင်းကြောင်း ပြောမိတာ(အတင်းပြောတာပေါ့ရှင်) ဒါကိုလည်း ရှောင်နိုင်အောင် ကြိုးစားပြီး ရှောင်ကြည့်ပါတယ်။ မပြောရရင် မနေနိုင်ဖြစ်တဲ့ ဘဝကနေ လုံးဝ မပြောဘဲနေနိုင်သွားတဲ့အဆင့်ထိ ရောက်သွားခဲ့ပါတယ်။ (ကြိုးစားကြည့်နော်)
(၄) ဒေါသနဲ့ မတုန့်ပြန်မိအောင် ရှောင်တာ။ စိတ်တိုဒေါသထွက်တဲ့အခါ ဒေါသအလျောက်စိတ်လိုက်မာန်ပါ မပြောမိဖို့ မလုပ်ဆောင်မိဖို့ ကြိုးစားပြီး ရှောင်တာပါ။ မလွယ်ပေမယ့် အလေ့အကျင့်ရရင်တော့ သတိလေးနဲ့  ရှောင်နိုင်သွားပါတယ်။ ဘယ်သူ့ကိုမှ ဒေါသနဲ့ မပြောဖြစ်တော့ပါဘူး။
(၅) အပြစ်တင်တတ်တဲ့ အကျင့်ကို ရှောင်ပါတယ်။ အမှားတစ်ခုခုနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုရော အခြားသူတွေကိုပါ အပြစ်တင်တတ်တဲ့အကျင့် ကျွန်မမှာလည်း ရှိတယ်။ ဒါက စိတ်ညစ်စေပြီး ရလဒ်ကောင်းမထွက်စေဘူးဆိုတာကိုသိလာတော့ အဲဒီအကျင့်ကို ဖျောက်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။ ခုတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့သလို ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်တော့ပါဘူး။
(၂) နေ့စဉ် နေ့တိုင်း ကိုယ်ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်မယ်၊ စိတ်အတွက် တရားထိုင်မယ်။
(၅) အဆင်မပြေမှုတွေ အခက်အခဲတွေကြုံရတဲ့အခါ ဒေါသ၊ လောဘနဲ့ မဖြေရှင်းဘဲနဲ့ တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းပါမယ်။
(၇) ကျွန်မက အလုပ်ဇောကပ်တတ်တဲ့သူမို့ အလုပ်အတွက်အချိန်ပေးတာ များတတ်ပါတယ်။ ဒါကြောင့် မိသားစုပိုပြီးနွေးထွေးပျော်ရွှင်စေမယ့် အစီအစဉ်တစ်ခုဆောင်ရွက်ပေးပြီး တစ်ပတ်မှာ မိသားစုနေ့တစ်ရက်ဖြစ်အောင် ထားပေးလိုက်ပါတယ်။
အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေ တိုးတက်လာပါတယ်။ အထူးသဖြင့် စိတ်ကို ထိန်းလာနိုင်ပြီး လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်မှုရရှိလာသလို စိတ်လည်း အေးချမ်း တည်ငြိမ်လာပါတယ်ရှင်။
www.akhayar.com
[Unicode]
ကိုယ့်ကိုယ်ကို တိုုးတက်အောင် ဆောင်ရွက်မယ်
ကိုုယ့်ရဲ့စိတ်ပိုုင်းဆိုုင်ရာတိုုးတက်မှုအတွက် အလေ့အကျင့်ကောင်းတွေကိုု စွဲမြဲစေပြီး မကောင်းတဲ့ အလေ့အကျင့်တွေကိုု ပျောက်သွားအောင်ဆောင်ရွက်နိုုင်ပါတယ်။
နိုုင်ငံတကာမှာလည်း ကိုုယ့်ရဲ့ဖွံ့ဖြိုးတိုုးတက်မှုအတွက် ရည်ရွယ်ပြီး သင်တန်းတွေတက်ကြတာ၊ ပညာရှင်တွေနဲ့တွေ့ဆုံုပြီး အကြံယူဆွေးနွေးတာမျိုး ရှိပါတယ်။ ကျွန်မအနေနဲ့လည်း လွန်ခဲ့တဲ့ ၂၀၁၄ ခုုနှစ်ဝန်းကျင်ကတည်းက ကိုုယ့်ရဲ့တိုုးတက်မှုအတွက် စီမံကိန်းချပြီးဆောင်ရွက်ခဲ့ပါတယ်။ ဒါကိုုပဲ ပြန်လည် မျှဝေလိုုက်ပါတယ်ရှင်။
မကောင်းတဲ့အကျင့်တွေကို ဖျောက်ပါမယ်။
(၁) ကျွန်မရဲ့ မကောင်းတဲ့အကျင့်တစ်ခုုကတော့ အပျက်သဘောပါတဲ့အတွေးတွေကိုု လက်ခံထားတတ်ပြီး အပျက်သဘောဆန်တဲ့ စကားတွေပြောတတ်တာပါပဲ။ ဒါကိုု ဖျောက်မယ်လိုု့ ဆုံုးဖြတ်တဲ့နေ့ကစပြီး တဖြည်းဖြည်းချင်းလျော့နိုုင်အောင် ကြိုးစားအားထုုတ်ရင်း အပျက်သဘောဆန်တာတွေ မပြောဖြစ်မတွေးဖြစ်တော့ပါဘူး။
(၂) အခြားသူတွေရဲ့ မကောင်းကြောင်း ပြောမိတာ(အတင်းပြောတာပေါ့ရှင်) ဒါကိုုလည်း ရှောင်နိုုင်အောင် ကြိုးစားပြီး ရှောင်ကြည့်ပါတယ်။ မပြောရရင် မနေနိုုင်ဖြစ်တဲ့ ဘဝကနေ လုံုးဝ မပြောဘဲနေနိုုင်သွားတဲ့အဆင့်ထိ ရောက်သွားခဲ့ပါတယ်။ (ကြိုးစားကြည့်နော်)
(၃) အချိန်ဖြုန်းမိတာလည်း ရှောင်တာပေါ့။ မဖြစ်မနေလုုပ်ရမယ့်အလုုပ်တွေကိုု ရွှေ့ဆိုုင်းတာမျိုး၊ ဒါ့အပြင် အဓိပ္ပါယ်မဲ့ငေးမောတွေဝေပြီး အချိန်ကုုန်စေတာကိုု ကြိုးစားပြီး ရှောင်ခဲ့ပါတယ်။
(၄) ဒေါသနဲ့ မတုုန့်ပြန်မိအောင် ရှောင်တာ။ စိတ်တိုုဒေါသထွက်တဲ့အခါ ဒေါသအလျောက်စိတ်လိုုက်မာန်ပါ မပြောမိဖိုု့ မလုုပ်ဆောင်မိဖိုု့ ကြိုးစားပြီး ရှောင်တာပါ။ မလွယ်ပေမယ့် အလေ့အကျင့်ရရင်တော့ သတိလေးနဲ့  ရှောင်နိုုင်သွားပါတယ်။ ဘယ်သူ့ကိုုမှ ဒေါသနဲ့ မပြောဖြစ်တော့ပါဘူး။
(၅) အပြစ်တင်တတ်တဲ့ အကျင့်ကိုု ရှောင်ပါတယ်။ အမှားတစ်ခုုခုုနဲ့ ကြုံတဲ့အခါ ကိုုယ့်ကိုုယ်ကိုုရော အခြားသူတွေကိုုပါ အပြစ်တင်တတ်တဲ့အကျင့် ကျွန်မမှာလည်း ရှိတယ်။ ဒါက စိတ်ညစ်စေပြီး ရလဒ်ကောင်းမထွက်စေဘူးဆိုုတာကိုုသိလာတော့ အဲဒီအကျင့်ကိုု ဖျောက်နိုုင်အောင် ကြိုးစားခဲ့ရပါတယ်။ ခုုတော့ ဘယ်သူ့ကိုုမှ အပြစ်မတင်တော့သလိုု ကိုုယ့်ကိုုယ်ကိုုလည်း အပြစ်မတင်တော့ပါဘူး။
ကောင်းတဲ့ အကျင့်တွေကို မွေးမြူမယ်။
(၁) ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖိုု့အတွက်  ငါးပါးသီလ လုံခြုံစေမယ်။ အလုပ်ကို သမာအာဇီဝ ကျကျ ရိုးရိုးသားသားနဲ့ ကြိုးစားမယ်။ လုပ်ငန်းသဘောနဲ့ ဝယ်သူတွေအကြောင်း ပိုသိအောင်လေ့လာမယ်။
(၂) နေ့စဉ် နေ့တိုုင်း ကိုယ်ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်မယ်၊ စိတ်အတွက် တရားထိုင်မယ်။
(၃) တစ်နေ့တာရဲ့ လုပ်ငန်းမစခင် လုပ်ငန်းရဲ့ အောင်မြင်မှုတွေအကြောင်း အရင်စဉ်းစားမယ်။
(၄) တစ်နေ့တာ တွေ့ဆုံရမယ့်သူတိုင်းကို မေတ္တာတရားနဲ့ ဆက်ဆံပြောဆိုမယ်။
(၅) အဆင်မပြေမှုတွေ အခက်အခဲတွေကြုံရတဲ့အခါ ဒေါသ၊ လောဘနဲ့ မဖြေရှင်းဘဲနဲ့ တည်ငြိမ်စွာ ရင်ဆိုုင်ဖြေရှင်းပါမယ်။
(၆) ကိုယ့်ကို ကူညီသူတိုင်းကို ကျေးဇူးတင်မယ်။ လုပ်ငန်းအောင်မြင်ဖို့ ကြိုးစားဆောင်ရွက်နိုင်သူတိုင်းကို ချီးမွမ်းမယ်။
(၇) ကျွန်မက အလုုပ်ဇောကပ်တတ်တဲ့သူမိုု့ အလုုပ်အတွက်အချိန်ပေးတာ များတတ်ပါတယ်။ ဒါကြောင့် မိသားစုုပိုုပြီးနွေးထွေးပျော်ရွှင်စေမယ့် အစီအစဉ်တစ်ခုုဆောင်ရွက်ပေးပြီး တစ်ပတ်မှာ မိသားစုနေ့တစ်ရက်ဖြစ်အောင် ထားပေးလိုုက်ပါတယ်။
အဲဒီလိုု ဆောင်ရွက်ခြင်းအားဖြင့် ကျွန်မတိုု့ရဲ့ စိတ်ပိုုင်းဆိုုင်ရာအရည်အသွေးတွေ တိုုးတက်လာပါတယ်။ အထူးသဖြင့် စိတ်ကိုု ထိန်းလာနိုုင်ပြီး လူမှုရေးနဲ့ စီးပွားရေးလုုပ်ငန်းတွေမှာလည်း အောင်မြင်မှုရရှိလာသလိုု စိတ်လည်း အေးချမ်း တည်ငြိမ်လာပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။