ဆီးချိုသွေးချိုဆိုတာက သွေးထဲမှာ သကြားဓာတ်တွေ၊ ဂလူးကို့စ်လို့ခေါ်တဲ့ အချိုဓာတ်တွေ ရှိသင့်ရှိထိုက်တဲ့ပမာဏထက်များပြားနေခြင်းကို ဆိုလိုပါတယ်။ ဒီလို အစုအဝေးကြီးရှိလာခြင်း များနေခြင်းကို Syndrome လို့ခေါ်ပြီး ဆီးချိုသွေးချိုဆိုတဲ့ရောဂါ တစ်ခုတည်းမဟုတ်ဘဲ ဇီဝဖြစ်စဉ်ရောဂါစုကြီးတွေပါ ရှိလာတတ်ပါတယ်။ မကောင်းတဲ့ကစီဓာတ်တွေ ကိုလက်စထရောတွေ သွေးထဲမှာများပြားလာပါတယ်။ ဆီးချို သွေးချိုရောဂါဆိုတာ ရောဂါတစ်ခုတည်းမဟုတ်ဘဲ ခေါင်းကနေခြေထောက်အထိ ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါတွေအားလုံး ထိခိုက်နေတဲ့ ရောဂါအစုအဝေးဖြစ်နေတယ်ဆိုတဲ့သဘောပါ။

ဆီးချိုသွေးချိုမှာလည်း အမျိုးအစား ၁ နဲ့ ၂ ရှိပါတယ်။ အမျိုးအစား ၁ သမားတွေကတော့ ယေဘုယျအားဖြင့် ငယ်ရွယ်စဉ်ကတည်းက အဖြစ်များတယ်လို့သိရပါတယ်။ Insulin မထုတ်တဲ့အတွက် ခန္ဓာကိုယ်က အာဟာရမဖြစ် အားမဖြစ်ဘဲ ပိန်သေးနေတတ်ပြီး Insulin ထိုးပေးမှ အသက်ရှင်တာမျိုးပါ။ အမျိုးအစား ၂ ကတော့ အသက် ၃၀ ကျော် ၄၀ ၊ ၅၀ မှာ အဖြစ်များပြီး Insulin လိုသလောက် ထုတ်မပေးနိုင်၊ ထွက်လာတဲ့ Insulin ကိုဆန့်ကျင်တာကြောင့် ဝေဒနာတွေကိုခံစားရတာဖြစ်ပါတယ်။

ဘယ်လို ကျန်းမာရေးပြဿနာမဆို စောစောသိရင် စောစောကုသပြီး ကျန်းမာစွာရှင်သန်နိုင်တာမို့ ဆီးချိုသွေးချိုရယ်လို့ မှန်းဆလို့ရနိုင်မယ့် နိမိတ်ပြလက္ခဏာရပ်လေးတွေကို မျှဝေပေးချင်ပါတယ်။

မကြာခဏဆီးသွားခြင်း

Increased-thirst

Increased-thirst

မကြာမကြာရေငတ်မယ် ဆီးခဏခဏသွားမယ်ဆိုတဲ့အချက်တွေဟာ ဆီးချိုသွေးချိုရဲ့ ယေဘုယျအကျဆုံးလက္ခဏာတစ်ရပ်လို့ဆိုကြပါတယ်။ ဆီးချိုသွေးချိုရှိတဲ့အခါ ကျောက်ကပ်ကပိုနေတဲ့ Sugar ကိုမစုပ်ယူနိုင်တော့ပါဘူး။ အဲဒီအစား ဆီးမှာပဲဝန်ပိပါတော့တယ်။
ဆီးမကြာမကြာသွားပြီး သင့်ကိုရေငတ်နေစေပါတယ်။ ရေငတ်လေလေ ရေသောက်လေလေ ဆီးများများသွားလေလေပါပဲ။ သာမန်လူတစ်ယောက်က တစ်နေ့ကို ဆီး ၆ ကြိမ် ၇ ကြိမ်လောက်သွားလေ့ရှိပါတယ်။ တစ်နေ့ကို ၄ ကြိမ် ကနေ ၁၀ ကြိမ်ဆီးသွားရင်တောင် ပုံ မှန်ပါပဲလို့ပြောလို့ရပါသေးတယ်။ ရေလည်းငတ် ဆီးလည်းမကြာမကြာသွားချင်နေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။

မကြာခဏဆာလောင်နေခြင်း

Excessive-hunger

Excessive-hunger

Polyphagia လို့ခေါ်တဲ့ မကြာခဏဆာလောင်မွတ်သိပ်ခြင်းဟာ အထက်မှာပြောခဲ့ဖူးတဲ့ ရေငတ်ခြင်းနဲ့ဆီးမကြာခဏသွားခြင်းလိုပဲ တစ်ပါတည်းဖြစ်ပေါ်လာတတ်တဲ့အရာပါ။ ဒီလို ရေဆာ၊ ဗိုက်ဆာ ၊ ဆီးသွားချင်ခြင်းဟာ ဆီးချိုသွေးချိုရဲ့ အဓိကလက္ခဏာရပ်တွေလို့တောင်ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်က Insulin လုံလောက်အောင် မထုတ်လုပ်တဲ့အခါ အစားအသောက်ကိုဂလူးကို့စ်အနေနဲ့မပြောင်းပစ်နိုင်တဲ့အတွက် ပုံမှန်တုံ့ပြန်မှုစနစ်ချို့ယွင်းတာမျိုး ဖြစ်လာပါတယ်။ ဒါကြောင့် အစားကိုအငမ်းမရဖြစ်လာတာပါ။ ကိုယ်က ပုံမှန်ဗိုက်ဆာတာမျိုးမဟုတ်ဘဲ မကြာမကြာ စားချင်နေမယ် သာမန်လူလိုတောင့်ခံနိုင်စွမ်းမရှိဘဲ ဆိုးဆိုးရွားရွားမကြာမကြာဆာလောင်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီးစစ်ဆေးကြည့်သင့်ပါတယ်။

မောပန်းလွယ်ခြင်း

sleepy-all-the-time

sleepy-all-the-time

နောက်ထပ်သွေးချိုဆီးချိုရဲ့လက္ခဏာတွေကတော့ မောပန်းနွမ်းလျလွယ်ခြင်းပါပဲ။ သွေးချိုဆီးချိုသမားတွေဟာ မောပန်းနေမယ် အိပ်ချင်နေမယ် အကြောင်းပြချက်မရှိဆာလောင်နေမယ် ဒီအချက်တွေကိုခံစားနေရတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲလ်တွေဟာ စွမ်းအင်ထုတ်ဖို့ ဂလူးကိုစ့်လုံလုံလောက်လောက်မရှိတာကြောင့် ဒီလိုဝေဒနာတွေကိုခံစားလာရတာပါ။ ဆီးခဏခဏသွားနေရတော့ ရေငတ်ပြီး ပင်ပန်းနွမ်းနယ်မှုကိုပါတစ်ဆက်တည်းခံစားနေရတာပါ။
တစ်ခုရှိတာက မောပန်းနေခြင်းဟာ တခြားသော အကြောင်းရင်းတွေလည်းအများကြီး ရှိတာမို့ မောပန်းနေတာတစ်ခုတည်းနဲ့ သွေးချို ဆီးချိုဖြစ်ပြီလို့ပြောလို့မရပါဘူး။ ကာဘိုဟိုက်ဒြိတ်များများစားသုံးခြင်း ကော်ဖီသောက်လွန်းခြင်း အသက်ကြီးလာခြင်းတွေကြောင့်လည်း မောပန်းနေတာမျိုးဖြစ်နိုင်ပါတယ်။

အမြင်အာရုံဝေဝါးလာခြင်း

အမြင်အာရုံဝေဝါးပြီး ကြည်ကြည်လင်လင်မရှိခြင်းဟာမျက်လုံးရောဂါကြောင့် ဖြစ်နိုင်သလို ဆီးချိုသွေးချိုရဲ့လက္ခဏာရပ်တွေလည်းဖြစ်နိုင်ပါတယ်။ မျက်လုံးမှာ အရည်စုလာခြင်းကြောင့် မျက်လုံးဟာဖောင်းလာပြီး ပုံသဏ္ဍန်ပြောင်းလာပါတယ်။ ဒီအကျိုးဆက်က သင့်ရဲ့ အမြင်အာရုံပြတ်သားမှုကို အနှောင့်အယှက်ပေးပြီးကိုယ်ကြည့်နေတဲ့အရာဝတ္ထုတွေဟာ ဝေဝေဝါးဝါးဖြစ်လာပါတယ်။ ဒါပေမဲ့ ဆေးကုသမှုခံယူလိုက်ရင်တော့ ပုံမှန်အတိုင်းအမြင်ကြည်လင်သွားနိုင်ပါတယ်။ ဒါပေမဲ့ မကုသဘဲနေမယ်ဆိုရင်တော့ နောက်ဆုံးမှာ မျက်စိကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဝိတ်ထိုးကျသွားမယ်ဆိုရင်

ကိုယ်ကပုံမှန်စားနေသောက်နေပါရက် Diet မလုပ် Exercise တွေမလုပ်ဘဲနဲ့ ဝိတ်ထိုးကျသွားမယ်ဆိုရင် ဒါဟာလည်းဆန်းစစ်သင့်တဲ့အချက်ပါပဲ။ ဆီးချိုသွေးချိုရှိနေရင် ခန္ဓာကိုယ်က ဂလူးကိုစ့်ကို စွမ်းအင်အဖြစ်နဲ့ကောင်းကောင်းအသုံးမချနိုင်တော့ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်က အဆီနဲ့ကြွက်သားကို စွမ်းအင်အဖြစ်နဲ့သုံးပါတယ်။ သိသိသာသာဝိတ်ထိုးကျတယ်ဆိုရင် ဒီအချက်ကိုပါထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းကလည်း ဝိတ်ကိုသိသိသာသာကျစေပါတယ်။ ဘာလို့လဲဆိုရင် ခန္ဓာကိုယ်က ဆီးများများသွားဖို့ ရှိပြီးသား အရည်တွေကို သုံးစွဲတာကြောင့်လည်းဖြစ်ပါတယ်။ ဝိတ်သိသိသာသာကျခြင်းဟာ Type 1 Diabetes တွေမှာအဓိကဖြစ်ပါတယ်။ ဒါပေမဲ့ Type 2 သမားတွေဟာလည်း ဒီအချက်ကိုခံစားရနိုင်ပါတယ်။

ယားယံလာခြင်းနဲ့ အနာမကျက်ခြင်း

itchy-skin

itchy-skin

အပေါ်မှာပြောခဲ့သလိုပဲ ဆီးသွားတဲ့အခါ သကြားဓာတ်ရောရေဓာတ်ရောပါသွားပြီး အသားအရေဟာစိုပြည်မှုမရှိတော့ဘဲခြောက်လာပါတယ်။ အသားအရေခြောက်သွေ့လာပြီး ယားယံမှုကိုခံစားလာရပါတယ်။
ကိုယ်ကဒဏ်ရာတစ်ခုခု အနာတစ်ခုခုဖြစ်လို့ ဒီဒဏ်ရာဟာ အနာကျက်ဖို့ကြာနေရင် အနာအမြန်မကျက်ရင် ဒါဟာလည်း ဆီးချိုသွေးချိုရဲ့လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သွေးလည်ပတ်မှုမကောင်းတဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့နေရာကို သွေးစီး ဆင်းနိုင်ဖို့ခက်ခဲတာကြောင့်ဖြစ်ပါတယ်။

နောက်ထပ်လက္ခဏာရပ်တွေကတော့

-ခြေလက်တွေထုံကျဉ်တာမျိုး တစစ်စစ်နာကျင်တာမျိုးရှိလာခဲ့ရင်လည်း သတိထားသင့်ပါတယ်။ သွေးတွင်းသကြားမြင့်မားခြင်းက ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုအဟန့်အတားဖြစ်စေတာမို့ ဒီလိုထုံကျဉ်မှုကိုခံစားရတာဖြစ်ပါတယ်။

numb

numb

-လည်ပင်းနား၊ တံတောင်ကွေးနား ၊ တံတောင်ဆစ်နားမှာမည်းလာရင် ဒူးခေါင်းနောက်ဘက်နဲ့ လက်ဆစ်လေးတွေမည်းလာတတ်တယ်ဆိုရင်လည်း သတိထားသင့်ပါတယ်။

dark-patches-of-skin

dark-patches-of-skin

ဒီအချက်တွေဟာ ဆီးချို သွေးချိုဖြစ်တတ်တဲ့ နိမိတ်ပြလက္ခဏာရပ်တွေပဲမို့ သတိထားသင့်ပါတယ်။ တော်တော်များများတိုက်ဆိုင်နေပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသပါ။ ဒါပေမဲ့ ကျန်းမာရေးကောင်းသူတွေမှာလည်းဒီအချက်တွေထဲက အချို့ကိုခံစားရနိုင်တာကြောင့် ဆရာဝန်နဲ့ပြသပြီးစစ်ဆေးတာကတော့ အကောင်းဆုံးဖြစ်မှာပါ။

Ref#BrightSide

www.akhayar.com