[Zawgyi]
Morning Sickness
Morning Sickness
Pregnant Woman
Pregnant Woman
H.H(Akhayar)
www.akhayar.com
[Unicode]
ကိုယ်ဝန်ဆောင်မိခင်တွေ အယူဆ ဘာတွေမှားနေလဲ
ကိုယ်ဝန်ဆောင်ရတယ်ဆိုတာ ခက်ခဲတယ်ဆိုတာကို ကိုယ်ဝန်ဆောင်ဖူးတဲ့ မိခင်တိုင်းလိုလို သိကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်းမှာ အစားအသာက်၊ အနေအထိုင်ကအစ အစစ အရာအရာ ဆင်ခြင်ရပါတယ်။ ဒါအပြင် ဗိုက်ထဲက ရင်သွေးလေး ကျန်းကျန်းမာမာရှိဖို့အတွက် စိတ်ပူရသလို ကိုယ်တိုင်ကျန်းမာဖို့အတွက်လည်း နေထိုင်ပြုမှုပုံကို အသေးစိတ်ကအစ ဂရုစိုက်နေထိုင်ရပါတယ်။ ဒါ့အပြင် ကလေးမရှိခင် ခန္ဓာကိုယ်ကနေ ကိုယ်ဝန်ဆောင်ဖြစ်လာတဲ့အချိန်မှာ ဖြစ်လာတဲ့ ခန္ဓာကိုယ်အသွင်အပြင်က မတူညီဘဲ ပြောင်းလဲသွားခြင်းကလည်း မိခင်လောင်းတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လို့ နေပါတယ်။ အဲလိုစိန်ခေါ်မှုတွေအပြင် ရှေးလူကြီးတွေက မိခင်လောင်းတွေကို စိုးရိမ်ပူပန်တဲ့အတွက်ကြောင့် ဒီလိုမနေရဘူး ဒီလိုနေရမှာဆိုပြီး ပြောဆိုဆုံးမတာတွေလည်းရှိပါတယ်။ အဲလိုပြောဆိုဆုံးမတဲ့အထဲမှာ အချို့အချက်တွေက မှန်မလို့လို့နဲ့ မှားနေတာတွေ ရှိပါတယ်။ အမှားတွေကိုသိမှ အမှန်ပြင်နိုင်မှာမို့ မှားယွင်းစွာ လက်ခံထားတဲ့အချက်တွေကို သိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) Morning Sickness ကို မနက်မှာပဲ ဖြစ်တယ်လို့ ထင်မှတ်မှားခြင်း
ရာစုနှစ်တော်တော်ကြာတဲ့အထိ မိခင်လောင်းတွေဟာ Morning Sickness ကို မနက်ပိုင်းမှာပဲ ဖြစ်တယ်လို့ လွဲမှားစွာ လက်ခံယုံကြည်ထားကြပါတယ်။ အမှန်မှာတာ့ အော့အန်ချင်တဲ့ ခံစားမှုမျိုးက ကိုယ်ဝန်ဆောင်ဆောင်ချင်း သုံးလအတွင်းမှာ ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် နေရော ညပါ ဖြစ်တတ်တဲ့ ဝေဒနာမျိုးပါ။ Morning Sickness က မနက်ပိုင်းမှာတင်မဟုတ်ဘဲ တစ်နေ့တာလုံး အချိန်မရွေးဖြစ်ပေါ်လာတတ်ပါတယ်။
Morning Sickness
Morning Sickness
(၂) တင်ပါးကြီးတဲ့လူက မွေးဖွားရလွယ်ကူတယ်
တင်ပါးကြီးတဲ့လူတွေက မွေးရဖွားရ လွယ်ကူတယ်ဆိုပြီး တချို့က လက်ခံထားကြသော်လည်း ဘာမှအထောက်အကူ မဖြစ်စေပါဘူး ။အမှန်ကတော့ တင်ပါးဆုံရိုးကြီးတဲ့သူတွေကသာ မွေးရဖွားရ ပိုလွယ်ကူတာ ဖြစ်ပါတယ်။
Wide Hip Pregnant Woman
Wide Hip Pregnant Woman
(၃) ဦးခေါင်းအပေါ်အထိ လက်မောင်းမြှောက်ခြင်းက ကလေးလည်ပင်းအစ်သလို ဖြစ်စေခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှ လက်မောင်းကို ဦးခေါင်းအပေါ်ထိရောက်အောင် မြှောက်ခြင်းက ရင်သွေးကို လည်ပင်းအစ်စေသလို ဖြစ်စေတယ်လို့ အများစုသော မိခင်လောင်းတွေက ယုံကြည်ထားကြပါတယ်။ လက်မောင်းနဲ့ ကလေးချက်ကြိုးက ဘာမှချိတ်ဆက်ထားမှု မရှိတဲ့အတွက် ခေါင်းအပေါ်ထိကျော်အောင် လက်မောင်းကို မြှောက်လည်း ကလေးကို ဘာမှ ထိခိုက်မှုမရှိပါဘူး။
Preganat woman and lifting her hand
Pregnanat woman and lifting her hand
(၄) နှစ်ယောက်စာ နှစ်ဆစားသုံးပေးခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရင်သွေးလေးကြီးထွားဖွံ့ဖြိုးလာဖို့အတွက် မိခင်က ကလေးအတွက်ပါ ပိုစားပေးရမယ်ဆိုပြီး ပြောကြတာ ကြားဖူးကြမှာပါ။ ကိုယ်ဝန်ဆောင်ပြီး နှစ်လနဲ့ သုံးလကြာမှ မိခင်လောင်းတွေက အစားစာချင်စိတ် ပိုမိုတိုးပွားလာတာ မှန်ပေမယ့်လည်း အစားအစာတိုင်းကို နှစ်ဆစားသုံးပေးရတာမျိုးတော့ မဟုတ်ပါဘူး။
Pregnant Woman eat for two
Pregnant Woman eat for two
(၅) ကော်ဖီမသောက်သုံးရခြင်း
ကော်ဖီချစ်တဲ့ ကိုယ်ဝန်ဆောင်သည်တွေအတွက်တော့ ဒါကတော့ သတင်းကောင်းပါပဲ။ ကိုယ်ဝန်ဆောင်တွေဟာ တစ်ခါတစ်ရံမှာ အလွန်အမင်း ပင်ပန်းနွယ်နယ်တာမျိုးတွေဖြစ်ရင် ကော်ဖီသောက်ပြီး လန်းဆန်းအောင် ပြုလုပ်ချင်ကြပါတယ်။ ကံကောင်းစွာနဲ့ပဲ ကိုယ်ဝန်ဆောင်တွေ ကော်ဖီမသောက်သင့်ဘူးဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိတာကို တွေ့ရပါတယ်။ ကော်ဖီမသောက်သင့်ဘူးလို့ မကန့်သတ်ထားပေမယ့် တစ်ရက်ကို တစ်ခွက်ထက်ပိုပြီး သောက်သုံးတာမျိုးတော့ မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သန္ဓေသားဟာ အရွယ်ရောက်ပြီးသားလူတွေလိုမျိုး ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းဓာတ်တွေကို ခံနိုင်ရည်အားမရှိသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
(၆) ဗိုက်ပုံသဏ္ဍန်ကြည့်ပြီး ယောကျာ်လေး မိန်းကလေးခွဲခြားခြင်း
ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဗိုက်ကမြင့်မားတဲ့ဗိုက်လေးဖြစ်နေရင် ယောကျာ်းလေးဖြစ်ပြီး ဗိုက်က ကျယ်ဝန်းတဲ့ ဗိုက်မျိုးဆို မိန်းကလေးဖြစ်တယ်လို့ အတော်များများက ယုံကြည်လက်ခံထားကြပါတယ်။ အမှန်မှာကတော့ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ပုံသဏ္ဍန်က ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောင်ပုံနဲ ကြွက်သားအခြေအနေပေါ်မူတည်ပြီး ကွဲပြားရခြင်း ဖြစ်ပါတယ်။ ယောကျာ်းလေးမို့ ဒီလိုဗိုက်ပုံသဏ္ဍန်ဗိုက်မျိုး မိန်းကလေးမို့ ဒီလိုဗိုက်ပုံသဏ္ဍန်ဗိုက်မျိုးဆိုပြီး ကွဲပြားတာမျိုး မဟုတ်ပါဘူူး။
Pregnant Woman
Pregnant Woman
(၇) လေ့ကျင်ခန်းမလုပ်ရခြင်း
အမျိုးသမီးတွေကိုယ်ဝန်ဆောင်ရင် လေ့ကျင်ခန်း လုံးဝမလုပ်လို့ရတာမျိုး မဟုတ်ဘဲ ပြင်းထန်တဲ့ Workout မျိုးကိုသာ မလုပ်သင့်တာပါ။ ပေါ့ပေါ့ပါးပါး Aerobic လေ့ကျင်ခန်းလိုမျိုး၊ ဖြေးဖြေးလေး လမ်းလျှောက်ပေးတာမျိုး အစရှိတဲ့ လေ့ကျင်ခန်းတွေ ပြုလုပ်ပေးလို့ရပါတယ်။
Pregnant Woman making Exercise
လေ့ကျင်ခန်းလုပ်တဲ့အခါမျိုးမှာ ကိုယ်ခန္ဓာထိခိုက်စေတာမျိုး၊ လဲကျ ပြုတ်ကျနိုင်တာမျိုးတွေ ပါဝင်ရင် လုံးဝရှောင်ရှားသင့်ပါတယ်။
H.H(Akhayar)
www.akhayar.com