[Zawgyi]

လုပ္ႀကံသတ္ျဖတ္ျခင္းအႏုပညာ သုိ႔မဟုတ္ ကမာၻ႕သမုိင္းတစ္ေလွ်ာက္ အကြၽမ္းက်င္ဆုံး လူသတ္အဖြဲ႔ ၇ ဖြဲ႔ (အပုိင္း ၁)

လူသားမ်ိဳးႏြယ္တျဖည္းျဖည္းဆင့္ကဲေျပာင္းလဲလာခဲ့တဲ့ ဟုိးေ႐ွးဦးရာစုႏွစ္ေတြကတည္းကစၿပီး  ကမာၻတစ္ဝွမ္းလုံးမွာ႐ွိတဲ့ႏုိင္ငံအသီးသီးဟာ မေရတြက္ႏုိင္တဲ့ လုိအင္ဆႏၵေတြနဲ႔ ရည္ရြယ္ခ်က္ေတြေၾကာင့္ စစ္ပြဲေပါင္းေျမာက္ျမားစြာျဖစ္ပြားခဲ့ပါတယ္။ အာဏာစက္အ႐ွိန္အဝါႀကီးမားလုိမႈေတြ၊ နယ္ေျမခ်ဲ႕ထြင္မႈေတြ၊ က်ဴးေက်ာ္သိမ္းပုိက္ၿပီး ခ်ဴပ္ကုိင္ခ်ယ္လွယ္တာေတြ အစ႐ွိတဲ့ပုိင္ဆုိင္လုိမႈေတြကုိ အေကာင္အထည္ေဖာ္ဖုိ႔အတြက္ တုိက္ခုိက္သတ္ျဖတ္ျခင္းဟာ လူသားေတြဆြဲကုိင္ရာလက္နက္တစ္ခုသဖြယ္ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သမုိင္းတစ္ေလွ်ာက္မွာေသြးေခ်ာင္းစီးတဲ့ ရာဇဝင္တြင္စစ္ပြဲေတြ ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီး ျဖစ္ပြားခဲ့ရတာပါ။ ေခတ္ေတြအဆက္ဆက္ေျပာင္းလဲလာၿပီး အခုလိုမ်ိဳးၿငိမ္းခ်မ္းမႈကုိကုိယ္စားျပဳတဲ့ ကမာၻႀကီးျဖစ္လာဖုိ႔အတြက္ ၿပိဳလဲခဲ့ရတဲ့ႏုိင္ငံေတြ၊ ေႂကြလြင္႔ခဲ့ရတဲ့အသက္ဝိညာဥ္ေတြနဲ႔ ကုန္လြန္သြားတဲ့သကၠရာဇ္ေတြဟာ လူသားမ်ိဳးႏြယ္ရဲ႕ေပးဆပ္ရမႈေတြပါပဲ၊ ဒါေတြကုိကြၽန္ေတာ္တုိ႔တေတြ အျမဲအမွတ္ရေနဖုိ႔လုိပါတယ္။ အဲဒီလုိကမာၻ႔ႏုိင္ငံေပါင္းမ်ားစြာ စစ္ပြဲေတြစဥ္ဆက္မျပတ္ ဆင္ႏြဲေနတဲ့အခ်ိန္ကာလမွာ ႏုိင္ငံတစ္ႏုိင္ငံရဲ႕အခုိင္အမာတည္ေဆာက္ထားတဲ့စစ္တပ္ဟာ အဲဒီႏုိင္ငံရဲ႕အင္အားျဖစ္ပါတယ္။ တုိက္ခုိက္သိမ္းပုိက္မႈေၾကာင့္ပဲျဖစ္ျဖစ္၊ က်ဴးေက်ာ္လာမႈမွန္သမွ်ကုိ ျပန္လည္တြန္းလွန္ေခ်မႈန္းႏုိင္ဖုိ႔ပဲျဖစ္ျဖစ္ စစ္တပ္ဆုိတာဟာ ႏုိင္ငံတုိင္းရဲ႕အဓိကက်တဲ့ အသက္ေသြးေၾကာျဖစ္ပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

ဒါေပမယ့္ အခ်ိဳ႕ႏုိင္ငံေရးကိစၥရပ္ေတြမွာ တုိက္ခုိက္သတ္ျဖတ္ဖုိ႔ လုိအပ္ေပမယ့္လည္း အတိအလင္းစစ္ေၾကညာၿပီး ေပၚေပၚတင္တင္တုိက္ယူလုိ႔မရတာမ်ိဳးေတြ႐ွိပါတယ္၊ အဲဒီလုိမ်ိဳးအေၾကာင္းအရာေတြေၾကာင့္ ဟုိးအရင္ေခတ္ေတြကတည္းက ကမာၻ႔ႏုိင္ငံေတြဟာ သုိသိပ္တဲ့အခ်င္းအရာေတြကုိေဆာင္ရြက္ဖုိ႔အတြက္ လွ်ဳိ႕ဝွက္တဲ့လုပ္ၾကံသတ္ျဖတ္သူအဖြဲ႔ေတြကုိ စစ္တပ္နဲ႔အတူ ဖြဲ႔စည္းထားၾကတာျဖစ္ပါတယ္။ အဲဒီလုိအဖြဲ႕ေတြထဲမွာမွ လုပ္ႀကံသတ္ျဖတ္ျခင္းပညာရပ္ကုိ တစ္ဖက္ကမ္းခတ္ေအာင္ တက္ေျမာက္ထားၾကတဲ့ သမုိင္းဝင္အဖြဲ႕ေပါင္းမ်ားစြာရွိပါတယ္။ အခုဒီစာေစာင္မွာ အဲဒီလုိလွ်ိဳ႕ဝွက္လူသတ္အဖြဲ႕ေတြထဲကမွ နာမည္ေက်ာ္ခဲ့ၾကတဲ့ ရာဇဝင္တြင္အဖြဲ႕ ၇ ဖြဲ႕ကုိ အားလုံးအတြက္ ဗဟုသုတျဖစ္ဖြယ္ ျပန္လည္ေရးသားတင္ဆက္လုိက္ပါတယ္။ အားလုံးပဲ စိတ္ဝင္စားတယ္ဆုိရင္ ဆက္ဖတ္ၾကည့္ၾကပါဦး။

The Hashshashin (ဟက္ရွရွင္အဖြဲ႕)

လက္ရွိမွာတစ္ကမာၻလုံးသုံးႏႈန္းေနၾကတဲ့ လုပ္ႀကံသတ္ျဖတ္သူ Assassin (အက္စဆင္) ဆုိတဲ့ေဝါဟာရဟာ ဒီ Hashshashin (ဟက္ရွရွင္) ဆုိတဲ့စကားလုံးကေန ဆင္းသက္လာတာျဖစ္ပါတယ္။ သူတုိ႔ေခတ္သူတုိ႔အခါတုန္းက လူသိမ်ားၿပီး အားလုံးေၾကာက္ရြံ႕ၾကတဲ့ ဒီဟက္ရွရွင္အဖြဲ႕ဟာ ေအဒီ ၁၁ ရာစုကေန ၁၃ ရာစုအထိ အဖြဲ႕လုိက္လႈပ္ရွားမႈနဲ႔ မစ္ရွင္ေတြကုိ ေဆာင္ရြက္ခဲ့ပါတယ္။ ဟက္ရွရွင္အဖြဲ႕သားေတြဟာ သူတုိ႔ရဲ႕ဂုိဏ္းကုိ “အယူဝါဒသစ္” (သူတုိ႔ရဲ႕သာဘာစကားအရ  Al-da’wa al-Jadida) လုိ႔သတ္မွတ္ခဲ့ၾကၿပီး အဖြဲ႕ကုိ ေအဒီ ၁၀၉၀ မွာ ဟဆန္အုိင္ဆာဘ (Hasan I Sabbah) က ပါးရွားႏုိင္ငံမွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ဟက္ရွရွင္အဖြဲ႕ဟာ ႏုိင္ငံေရးနဲ႔ဘာသာေရး ရည္ရြယ္ခ်က္ေတြေအာက္မွာအဓိကလႈပ္ရွားၾကၿပီး သူတုိ႔ရဲ႕ပစ္မွတ္အမ်ားစုဟာ သူတုိ႔တုိင္းျပည္ကုိ လက္ဝါးႀကီးအုပ္စုိးခ်ယ္လွယ္ေနတဲ့ ဆူနီ (Sunni) အစုိးရအရာရွိေတြျဖစ္ပါတယ္။ ဒါေပမယ့္ သူတုိ႔အတြက္အက်ိဳးရွိေစမယ့္ ကိစၥရပ္ေတြအတြက္လည္း လုပ္ႀကံသတ္ျဖတ္မႈေတြကုိ ေဆာင္ရြက္ေပးၾကပါတယ္။ အဲဒီထဲကမွသမုိင္းဝင္ျဖစ္ရပ္တစ္ခုကေတာ့ ခ႐ူဆိတ္ (Crusade) စစ္သူရဲေကာင္းေတြရဲ႕ေတာင္းဆုိမႈေၾကာင့္ ေဂ်႐ူးစလင္ၿမိဳ႕ရဲ႕ဘုန္းေတာ္ႀကီးကုိ လွ်ိဳ႕ဝွက္စြာလုပ္ႀကံသတ္ျဖတ္ခဲ့တာပဲျဖစ္ပါတယ္။ အဲဒီဟက္ရွရွင္ဆုိတဲ့နာမည္ကုိ အက္စဆင္ဆုိတဲ့နာမည္အျဖစ္ ဥေရာပတုိက္ကုိ ျပန္လည္သယ္ေဆာင္သြားသူေတြကေတာ့ ခရူဆိတ္ေတြပဲျဖစ္ပါတယ္။ ဟက္ရွရွင္ေတြဟာ တကယ့္ကုိကၽြမ္းက်င္ပါးနပ္တဲ့ လူသတ္သမားေတြျဖစ္ၿပီး တစ္ေယာက္ေယာက္ကို ပစ္မွတ္ထားၿပီဆုိရင္ ပစ္မွတ္ကုိခ်ဥ္းကပ္ဖုိ႔နဲ႔ အလြယ္တကူသ႐ုပ္ဖ်က္ဝင္ေရာက္ဖုိ႔အတြက္ ပစ္မွတ္ရွိရာေဒသရဲ႕ဘာသာစကားနဲ႔ ယဥ္ေက်းမႈေတြကုိ အရင္ဆုံးေလ့လာသင္ယူပါတယ္။ ဟက္ရွရွင္အဖြဲ႕သားေတြဟာ ဘယ္ေတာ့မွကိစၥရပ္တစ္ခု၊ အလုပ္တစ္ခုကုိ အေလာတႀကီးေဆာင္ရြက္ေလ့မရွိပါဘူး၊ လေတြႏွစ္ေတြအထိ အခ်ိန္ယူသင့္ရင္ယူၿပီး အခြင့္ေကာင္းတစ္ခုကုိ အမိအရဆုပ္ကုိင္ႏုိင္ၿပီဆုိမွ ပစ္မွတ္ကုိသုိသုိသိပ္သိပ္နဲ႔ အျပတ္ရွင္းပစ္တဲ့သူမ်ိဳးေတြ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အရာအားလုံးမွာအတက္အက်ဆုိတာ ရွိစၿမဲမုိ႔  ၁၂၅၆ ခုႏွစ္မွာေတာ့ ဟက္ရွရွင္အဖြဲ႕ဟာ သူတုိ႔ထက္အဆမတန္ အင္အားႀကီးမားတဲ့မြန္ဂုိအင္ပါယာရဲ႕ အျမစ္ျဖတ္သုတ္သင္ရွင္းလင္းမႈကုိ ခံခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ အသက္ရွင္က်န္ခဲ့ၾကတဲ့ ဟက္ရွရွင္အဖြဲ႕သားေတြဟာ ဟုိတစ္စု၊ ဒီတစ္စု ျပန္လည္စုေပါင္းၿပီးေနထိုင္ခဲ့ၾကေပမယ့္ အရင္လုိမ်ိဳးအေနအထားကုိေတာ့ ဘယ္ေတာ့မွေရာက္မလာခဲ့ပဲ တျဖည္းျဖည္းပေပ်ာက္သြားခဲ့ပါတယ္။

 The Hashshashin (ဟက္ရွရွင္အဖြဲ႕)


The Hashshashin (ဟက္ရွရွင္အဖြဲ႕)

The Sicarii (စီကာရီအဖြဲ႕)

ဟက္ရွရွင္အဖြဲ႕လုိပဲ ဘာသာေရးနဲ႔ႏုိင္ငံေရးရည္ရြယ္ခ်က္ေတြေအာက္မွာ အဓိကလႈပ္ရွားၾကတဲ့အဖြဲ႕ ေနာက္တစ္ဖြဲ႕ရွိပါတယ္။ အဲဒီအဖြဲ႕ကေတာ့ ေအဒီ ၆၀ တဝုိက္ဝန္းက်င္မွာ လႈပ္ရွားမႈေတြလုပ္ခဲ့ၾကတဲ့ ဂ်ဴးလုပ္ႀကံသူတုိ႔ရဲ႕ စီကာရီအဖြဲ႕ပဲျဖစ္ပါတယ္။ အဖြဲ႕ရဲ႕အဓိကရည္ရြယ္ခ်က္ကေတာ့ ႐ုိမန္ေတြနဲ႔ သစၥာေဖာက္ဂ်ဴးေတြကုိ သုတ္သင္ဖုိ႔နဲ႔ ဂ်ဴးေတြရဲ႕ေျမေပၚကေန အၿပီးအပုိင္ေမာင္းထုတ္ဖုိ႔ျဖစ္ပါတယ္။ Sicarii ဆုိတဲ့နာမည္ရဲ႕အဓိပၸါယ္ကေတာ့ ဓါးေျမႇာင္လူ (Dagger man) ပဲျဖစ္ပါတယ္။ စီကာရီအဖြဲ႔သားေတြ အသုံးျပဳတဲ့အဓိကလက္နက္ဟာ ဓါးေျမႇာင္ျဖစ္ၿပီး ေခါင္းေဆာင္းစြပ္ထားၿပီး ခါးမွာဓါးေျမႇာင္ခ်ိတ္ထားတဲ့ ဂ်ဴးစီကာရီအဖြဲ႔ဝင္ေတြရဲ႕ပုံစံဟာ အားလုံးထဲကကြဲထြက္ၿပီး နာမည္ဂုဏ္သတင္းေက်ာ္ၾကားပါတယ္။ စီကာရီအဖြဲ႔ဟာ ဂ်ဴးေခါင္းေဆာင္ မန္နာဟန္ (Menahem) လက္ေအာက္မွာ အင္အားအႀကီးမားဆုံးျဖစ္ခဲ့ၿပီး ဘုန္းေတာ္ႀကီးဂ်ိဳနသန္ကုိလူပ္ၾကံမႈေၾကာင့္ သမုိင္းတစ္ေလွ်ာက္လူသိမ်ားပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

စီကာရီအဖြဲ႔သားေတြဟာ ေပ်ာ္ပြဲရြင္ပြဲေတြနဲ႔ လူအမ်ားစုေဝးရာအရပ္မွာ သူတုိ႔ရဲ႕ပစ္မွတ္ကုိသုတ္သင္ေလ့႐ွိၾကၿပီး ေသဆုံးမႈကုိလူေတြသတိမထားမိခင္ေလးမွာ ကုိယ္ေယာင္ေဖ်ာက္ ေပ်ာက္ကြယ္သြားတတ္ၾကပါတယ္။ စီကာရီအဖြဲ႔ဟာ လုပ္ၾကံသတ္ျဖတ္မႈေတြသာမက ျပန္ေပးဆြဲမႈကုိလည္းလုပ္ၾကပါတယ္၊ အဓိကအားျဖင့္ ဂ်ဴးဘုန္းႀကီးေတြနဲ႔ အခြင့္ထူးခံလူတန္းစားေတြကုိ အက်ိဳးအျမတ္တစ္ခုခုအလဲအလွယ္နဲ႔ ျပန္ေပးဆြဲၾကပါတယ္။ ဒါေပမယ့္ ေအဒီ ၇၃ ခုႏွစ္မွာေတာ့ စီကာရီခံတပ္စခန္းကုိ ႐ုိမန္အင္ပါယာတပ္ေတြရဲ႕ ဝင္ေရာက္စီးနင္းခဲ့ၿပီး ခံတပ္ကုိၿဖိဳဖ်က္ခဲ့ပါတယ္။ ဒါေပမယ့္ ႐ုိမန္ေတြ အထဲေရာက္တဲ့အခ်ိန္မွာ ရန္သူ႔လက္ေအာက္အေရာက္ခံမယ့္အစား ဂုဏ္က်က္သေရ႐ွိ႐ွိ ကိုယ့္ကုိယ္ကုိယ္အဆုံးစီရင္သြားၾကတဲ့ စီကာရီအဖြဲ႔သားေတြရဲ႕ အေလာင္းေတြကုိပဲ အစီအရီေတြ႔ခဲ့ရပါတယ္။

The Sicarii (စီကာရီအဖြဲ႕)

The Sicarii (စီကာရီအဖြဲ႕)

The Ninja (နင္ဂ်ာ)

တိတ္တဆိတ္လုပ္ႀကံမႈေတြ၊ ေခ်ာင္းေျမာင္းသတ္ျဖတ္မႈေတြနဲ႔ ကိုယ္ေယာင္ေဖ်ာက္မ်က္ေျချဖတ္မႈေတြအေၾကာင္း ေျပာမယ္ဆုိရင္ ဂ်ပန္ျပည္ကနင္ဂ်ာဂုိဏ္းေတြကုိ ေမ့ထားလုိ႔မရပါဘူး။ ဒီစာေစာင္မွာပါဝင္တဲ့ လူသတ္အဖြဲ႕ ၇ ဖြဲ႕ထဲမွာ နင္ဂ်ာဂုိဏ္းတစ္ခုခုေတာ့ ပါလာလိမ့္မယ္လုိ႔ေတာ့ အားလုံးေတြးထားၿပီးသားျဖစ္မွာပါ၊ ဟုတ္ပါတယ္။ ဂ်ပန္အေခၚအေဝၚအရ ရွီႏုိဘီ (Shinobi) လုိ႔အမည္ရတဲ့နင္ဂ်ာေတြဟာ ၁၃ ရာစုနဲ႔ ၁၅ ရာစုအထိ ဂ်ပန္ျပည္ရဲ႕ဆန္ဂုိခုေခတ္ (Sengoku) မွာ လႈပ္ရွားမႈေတြကုိ အဓိကျပဳလုပ္ခဲ့ပါတယ္။ အခ်ိဳ႕သမုိင္းပညာရွင္ေတြကေတာ့ နင္ဂ်ာေတြဟာ နိမ့္က်တဲ့မ်ိဳးႏြယ္စုေတြနဲ႔ ရာထူးကျဖဳတ္ခ်ျခင္းခံခဲ့ရတဲ့ ဆာမူ႐ုိင္းေဟာင္းေတြျဖစ္တယ္လုိ႔ သုံးသပ္ၾကသလုိ တခ်ိဳ႕နင္ဂ်ာဂုိဏ္းေတြဟာလည္း ကုိယ္ပုိင္ဆုိင္တဲ့နယ္နိမိတ္ေတြမွာ နင္ဂ်ာေလ့က်င့္ေရးစခန္းေတြကုိ တည္ေထာင္ၿပီး မ်ိဳးႏြယ္စုအလုိက္လႈပ္ရွားၾကပါတယ္။ နင္ဂ်ာအတတ္ပညာသင္ၾကားတဲ့ ေလ့က်င့္ေရးစခန္းေတြမွာ သမုိင္းတစ္ေလွ်ာက္အထင္ရွားဆုံးကေတာ့ အိဂ (Iga) နဲ႔ ခုိဂ (Koga) နယ္က နင္ဂ်ာေက်ာင္းေတြပဲျဖစ္ပါတယ္။ နင္ဂ်ာျဖစ္လာမယ့္အေလာင္းလ်ာေတြဟာ ေလ့က်င့္ေရးစခန္းမွာ နင္ဂ်ဴဆု (Ninjutsu) လုိ႔ေခၚတဲ့ နင္ဂ်ာတုိက္ခုိက္ေရးပညာကုိ သင္ၾကားၾကၿပီး လွ်ိဳ႕ဝွက္စြာတုိက္ခုိက္တာေတြ၊ ေခ်ာင္းေျမာင္းလုပ္ႀကံတာေတြနဲ႔ ကုိယ္ခႏၶာအတတ္ပညာေတြကို ေလ့လာဆည္းပူးရပါတယ္။

The Ninja (နင္ဂ်ာ)

The Ninja (နင္ဂ်ာ)

တစ္ခ်ိန္တည္းမွာပဲ အေမွာင္ထဲမွာလႈပ္ရွားတာေတြ၊ ကုိယ္ေယာင္ေဖ်ာက္အတတ္ပညာေတြကုိပါ ေလ့လာရသလုိ ဓါး၊ စၾကာ၊ ခ်ိတ္ႀကိဳး၊ အဆိပ္နဲ႔ လက္ပစ္ဗုံးေတြကုိ ဘယ္လုိအသုံးျပဳရမလဲဆုိတာေတြကုိပါ သင္ၾကားရပါတယ္။ ဂုဏ္နဲ႔သိကၡာကုိေရွ႕တန္းတင္တဲ့ ဆာမူ႐ုိင္းေတြမလုပ္တဲ့ ကိစၥရပ္ေတြကုိ ေဆာင္ရြက္သူေတြကေတာ့ နင္ဂ်ာေတြပါပဲ။ နင္ဂ်ာဂုိဏ္းေတြအင္အားႀကီးထြားလာတာနဲ႔အမွ် ၁၆ ရာစုေနာက္ပုိင္းမွာေတာ့ ဂ်ပန္ျပည္ရဲ႕ထင္ရွားတဲ့စစ္ဘုရင္ အုိဒႏုိဘူနဂ (Oda Nobunaga) ကေနၿပီး နင္ဂ်ာလႈပ္ရွားမႈေတြကုိ ေလွ်ာ့ခ်ပစ္ခဲ့ပါတယ္။ ဒါေပမယ့္ ၁၈ ရာစုမွာေတာ့ နင္ဂ်ာေတြျပန္လည္ႏုိးၾကားလာခဲ့ၿပီး ယခုေခတ္ဂ်ပန္ျပည္ရဲ႕ အထူးလွ်ိဳ႕ဝွက္တပ္ဖြဲ႕ျဖစ္လာဖုိ႔ အစျပဳရာေနရာနဲ႔ အေျခခံေက်ာ႐ုိးတစ္ခုျဖစ္ခဲ့ပါတယ္။ အပုိင္း (၂) ကုိ မၾကာခင္မွာဆက္လက္ေဖာ္ျပေပးသြားမွာမုိ႔ စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ေမွ်ာ္ႏုိင္ပါတယ္။

Yan

www.akhayar.com

[Unicode]

လုပ်ကြံသတ်ဖြတ်ခြင်းအနုပညာ သို့မဟုတ် ကမ္ဘာ့သမိုင်းတစ်လျှောက် အကျွမ်းကျင်ဆုံး လူသတ်အဖွဲ့ ၇ ဖွဲ့ (အပိုင်း ၁)

လူသားမျိုးနွယ်တဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာခဲ့တဲ့ ဟိုးရှေးဦးရာစုနှစ်တွေကတည်းကစပြီး  ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့နိုင်ငံအသီးသီးဟာ မရေတွက်နိုင်တဲ့ လိုအင်ဆန္ဒတွေနဲ့ ရည်ရွယ်ချက်တွေကြောင့် စစ်ပွဲပေါင်းမြောက်မြားစွာဖြစ်ပွားခဲ့ပါတယ်။ အာဏာစက်အရှိန်အဝါကြီးမားလိုမှုတွေ၊ နယ်မြေချဲ့ထွင်မှုတွေ၊ ကျူးကျော်သိမ်းပိုက်ပြီး ချူပ်ကိုင်ချယ်လှယ်တာတွေ အစရှိတဲ့ပိုင်ဆိုင်လိုမှုတွေကို အကောင်အထည်ဖော်ဖို့အတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းဟာ လူသားတွေဆွဲကိုင်ရာလက်နက်တစ်ခုသဖွယ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သမိုင်းတစ်လျှောက်မှာသွေးချောင်းစီးတဲ့ ရာဇဝင်တွင်စစ်ပွဲတွေ ထောင်နဲ့သောင်းနဲ့ချီပြီး ဖြစ်ပွားခဲ့ရတာပါ။ ခေတ်တွေအဆက်ဆက်ပြောင်းလဲလာပြီး အခုလိုမျိုးငြိမ်းချမ်းမှုကိုကိုယ်စားပြုတဲ့ ကမ္ဘာကြီးဖြစ်လာဖို့အတွက် ပြိုလဲခဲ့ရတဲ့နိုင်ငံတွေ၊ ကြွေလွင့်ခဲ့ရတဲ့အသက်ဝိညာဉ်တွေနဲ့ ကုန်လွန်သွားတဲ့သက္ကရာဇ်တွေဟာ လူသားမျိုးနွယ်ရဲ့ပေးဆပ်ရမှုတွေပါပဲ၊ ဒါတွေကိုကျွန်တော်တို့တတွေ အမြဲအမှတ်ရနေဖို့လိုပါတယ်။ အဲဒီလိုကမ္ဘာ့နိုင်ငံပေါင်းများစွာ စစ်ပွဲတွေစဉ်ဆက်မပြတ် ဆင်နွဲနေတဲ့အချိန်ကာလမှာ နိုင်ငံတစ်နိုင်ငံရဲ့အခိုင်အမာတည်ဆောက်ထားတဲ့စစ်တပ်ဟာ အဲဒီနိုင်ငံရဲ့အင်အားဖြစ်ပါတယ်။ တိုက်ခိုက်သိမ်းပိုက်မှုကြောင့်ပဲဖြစ်ဖြစ်၊ ကျူးကျော်လာမှုမှန်သမျှကို ပြန်လည်တွန်းလှန်ချေမှုန်းနိုင်ဖို့ပဲဖြစ်ဖြစ် စစ်တပ်ဆိုတာဟာ နိုင်ငံတိုင်းရဲ့အဓိကကျတဲ့ အသက်သွေးကြောဖြစ်ပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

ဒါပေမယ့် အချို့နိုင်ငံရေးကိစ္စရပ်တွေမှာ တိုက်ခိုက်သတ်ဖြတ်ဖို့ လိုအပ်ပေမယ့်လည်း အတိအလင်းစစ်ကြေညာပြီး ပေါ်ပေါ်တင်တင်တိုက်ယူလို့မရတာမျိုးတွေရှိပါတယ်၊ အဲဒီလိုမျိုးအကြောင်းအရာတွေကြောင့် ဟိုးအရင်ခေတ်တွေကတည်းက ကမ္ဘာ့နိုင်ငံတွေဟာ သိုသိပ်တဲ့အချင်းအရာတွေကိုဆောင်ရွက်ဖို့အတွက် လျှို့ဝှက်တဲ့လုပ်ကြံသတ်ဖြတ်သူအဖွဲ့တွေကို စစ်တပ်နဲ့အတူ ဖွဲ့စည်းထားကြတာဖြစ်ပါတယ်။ အဲဒီလိုအဖွဲ့တွေထဲမှာမှ လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်ကို တစ်ဖက်ကမ်းခတ်အောင် တက်မြောက်ထားကြတဲ့ သမိုင်းဝင်အဖွဲ့ပေါင်းများစွာရှိပါတယ်။ အခုဒီစာစောင်မှာ အဲဒီလိုလျှို့ဝှက်လူသတ်အဖွဲ့တွေထဲကမှ နာမည်ကျော်ခဲ့ကြတဲ့ ရာဇဝင်တွင်အဖွဲ့ ၇ ဖွဲ့ကို အားလုံးအတွက် ဗဟုသုတဖြစ်ဖွယ် ပြန်လည်ရေးသားတင်ဆက်လိုက်ပါတယ်။ အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်ကြပါဦး။

The Hashshashin (ဟက်ရှရှင်အဖွဲ့)

လက်ရှိမှာတစ်ကမ္ဘာလုံးသုံးနှုန်းနေကြတဲ့ လုပ်ကြံသတ်ဖြတ်သူ Assassin (အက်စဆင်) ဆိုတဲ့ဝေါဟာရဟာ ဒီ Hashshashin (ဟက်ရှရှင်) ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ သူတို့ခေတ်သူတို့အခါတုန်းက လူသိများပြီး အားလုံးကြောက်ရွံ့ကြတဲ့ ဒီဟက်ရှရှင်အဖွဲ့ဟာ အေဒီ ၁၁ ရာစုကနေ ၁၃ ရာစုအထိ အဖွဲ့လိုက်လှုပ်ရှားမှုနဲ့ မစ်ရှင်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဟက်ရှရှင်အဖွဲ့သားတွေဟာ သူတို့ရဲ့ဂိုဏ်းကို “အယူဝါဒသစ်” (သူတို့ရဲ့သာဘာစကားအရ  Al-da’wa al-Jadida) လို့သတ်မှတ်ခဲ့ကြပြီး အဖွဲ့ကို အေဒီ ၁၀၉၀ မှာ ဟဆန်အိုင်ဆာဘ (Hasan I Sabbah) က ပါးရှားနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဟက်ရှရှင်အဖွဲ့ဟာ နိုင်ငံရေးနဲ့ဘာသာရေး ရည်ရွယ်ချက်တွေအောက်မှာအဓိကလှုပ်ရှားကြပြီး သူတို့ရဲ့ပစ်မှတ်အများစုဟာ သူတို့တိုင်းပြည်ကို လက်ဝါးကြီးအုပ်စိုးချယ်လှယ်နေတဲ့ ဆူနီ (Sunni) အစိုးရအရာရှိတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အတွက်အကျိုးရှိစေမယ့် ကိစ္စရပ်တွေအတွက်လည်း လုပ်ကြံသတ်ဖြတ်မှုတွေကို ဆောင်ရွက်ပေးကြပါတယ်။ အဲဒီထဲကမှသမိုင်းဝင်ဖြစ်ရပ်တစ်ခုကတော့ ခရူဆိတ် (Crusade) စစ်သူရဲကောင်းတွေရဲ့တောင်းဆိုမှုကြောင့် ဂျေရူးစလင်မြို့ရဲ့ဘုန်းတော်ကြီးကို လျှို့ဝှက်စွာလုပ်ကြံသတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဟက်ရှရှင်ဆိုတဲ့နာမည်ကို အက်စဆင်ဆိုတဲ့နာမည်အဖြစ် ဥရောပတိုက်ကို ပြန်လည်သယ်ဆောင်သွားသူတွေကတော့ ခရူဆိတ်တွေပဲဖြစ်ပါတယ်။ ဟက်ရှရှင်တွေဟာ တကယ့်ကိုကျွမ်းကျင်ပါးနပ်တဲ့ လူသတ်သမားတွေဖြစ်ပြီး တစ်ယောက်ယောက်ကို ပစ်မှတ်ထားပြီဆိုရင် ပစ်မှတ်ကိုချဉ်းကပ်ဖို့နဲ့ အလွယ်တကူသရုပ်ဖျက်ဝင်ရောက်ဖို့အတွက် ပစ်မှတ်ရှိရာဒေသရဲ့ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို အရင်ဆုံးလေ့လာသင်ယူပါတယ်။ ဟက်ရှရှင်အဖွဲ့သားတွေဟာ ဘယ်တော့မှကိစ္စရပ်တစ်ခု၊ အလုပ်တစ်ခုကို အလောတကြီးဆောင်ရွက်လေ့မရှိပါဘူး၊ လတွေနှစ်တွေအထိ အချိန်ယူသင့်ရင်ယူပြီး အခွင့်ကောင်းတစ်ခုကို အမိအရဆုပ်ကိုင်နိုင်ပြီဆိုမှ ပစ်မှတ်ကိုသိုသိုသိပ်သိပ်နဲ့ အပြတ်ရှင်းပစ်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးမှာအတက်အကျဆိုတာ ရှိစမြဲမို့  ၁၂၅၆ ခုနှစ်မှာတော့ ဟက်ရှရှင်အဖွဲ့ဟာ သူတို့ထက်အဆမတန် အင်အားကြီးမားတဲ့မွန်ဂိုအင်ပါယာရဲ့ အမြစ်ဖြတ်သုတ်သင်ရှင်းလင်းမှုကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အသက်ရှင်ကျန်ခဲ့ကြတဲ့ ဟက်ရှရှင်အဖွဲ့သားတွေဟာ ဟိုတစ်စု၊ ဒီတစ်စု ပြန်လည်စုပေါင်းပြီးနေထိုင်ခဲ့ကြပေမယ့် အရင်လိုမျိုးအနေအထားကိုတော့ ဘယ်တော့မှရောက်မလာခဲ့ပဲ တဖြည်းဖြည်းပပျောက်သွားခဲ့ပါတယ်။

 The Hashshashin (ဟက်ရှရှင်အဖွဲ့)


The Hashshashin (ဟက်ရှရှင်အဖွဲ့)

The Sicarii (စီကာရီအဖွဲ့)

ဟက်ရှရှင်အဖွဲ့လိုပဲ ဘာသာရေးနဲ့နိုင်ငံရေးရည်ရွယ်ချက်တွေအောက်မှာ အဓိကလှုပ်ရှားကြတဲ့အဖွဲ့ နောက်တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကတော့ အေဒီ ၆၀ တဝိုက်ဝန်းကျင်မှာ လှုပ်ရှားမှုတွေလုပ်ခဲ့ကြတဲ့ ဂျူးလုပ်ကြံသူတို့ရဲ့ စီကာရီအဖွဲ့ပဲဖြစ်ပါတယ်။ အဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရိုမန်တွေနဲ့ သစ္စာဖောက်ဂျူးတွေကို သုတ်သင်ဖို့နဲ့ ဂျူးတွေရဲ့မြေပေါ်ကနေ အပြီးအပိုင်မောင်းထုတ်ဖို့ဖြစ်ပါတယ်။ Sicarii ဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်ကတော့ ဓါးမြှောင်လူ (Dagger man) ပဲဖြစ်ပါတယ်။ စီကာရီအဖွဲ့သားတွေ အသုံးပြုတဲ့အဓိကလက်နက်ဟာ ဓါးမြှောင်ဖြစ်ပြီး ခေါင်းဆောင်းစွပ်ထားပြီး ခါးမှာဓါးမြှောင်ချိတ်ထားတဲ့ ဂျူးစီကာရီအဖွဲ့ဝင်တွေရဲ့ပုံစံဟာ အားလုံးထဲကကွဲထွက်ပြီး နာမည်ဂုဏ်သတင်းကျော်ကြားပါတယ်။ စီကာရီအဖွဲ့ဟာ ဂျူးခေါင်းဆောင် မန်နာဟန် (Menahem) လက်အောက်မှာ အင်အားအကြီးမားဆုံးဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးဂျိုနသန်ကိုလူပ်ကြံမှုကြောင့် သမိုင်းတစ်လျှောက်လူသိများပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

စီကာရီအဖွဲ့သားတွေဟာ ပျော်ပွဲရွင်ပွဲတွေနဲ့ လူအများစုဝေးရာအရပ်မှာ သူတို့ရဲ့ပစ်မှတ်ကိုသုတ်သင်လေ့ရှိကြပြီး သေဆုံးမှုကိုလူတွေသတိမထားမိခင်လေးမှာ ကိုယ်ယောင်ဖျောက် ပျောက်ကွယ်သွားတတ်ကြပါတယ်။ စီကာရီအဖွဲ့ဟာ လုပ်ကြံသတ်ဖြတ်မှုတွေသာမက ပြန်ပေးဆွဲမှုကိုလည်းလုပ်ကြပါတယ်၊ အဓိကအားဖြင့် ဂျူးဘုန်းကြီးတွေနဲ့ အခွင့်ထူးခံလူတန်းစားတွေကို အကျိုးအမြတ်တစ်ခုခုအလဲအလှယ်နဲ့ ပြန်ပေးဆွဲကြပါတယ်။ ဒါပေမယ့် အေဒီ ၇၃ ခုနှစ်မှာတော့ စီကာရီခံတပ်စခန်းကို ရိုမန်အင်ပါယာတပ်တွေရဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ခံတပ်ကိုဖြိုဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ရိုမန်တွေ အထဲရောက်တဲ့အချိန်မှာ ရန်သူ့လက်အောက်အရောက်ခံမယ့်အစား ဂုဏ်ကျက်သရေရှိရှိ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားကြတဲ့ စီကာရီအဖွဲ့သားတွေရဲ့ အလောင်းတွေကိုပဲ အစီအရီတွေ့ခဲ့ရပါတယ်။

The Sicarii (စီကာရီအဖွဲ့)

The Sicarii (စီကာရီအဖွဲ့)

The Ninja (နင်ဂျာ)

တိတ်တဆိတ်လုပ်ကြံမှုတွေ၊ ချောင်းမြောင်းသတ်ဖြတ်မှုတွေနဲ့ ကိုယ်ယောင်ဖျောက်မျက်ခြေဖြတ်မှုတွေအကြောင်း ပြောမယ်ဆိုရင် ဂျပန်ပြည်ကနင်ဂျာဂိုဏ်းတွေကို မေ့ထားလို့မရပါဘူး။ ဒီစာစောင်မှာပါဝင်တဲ့ လူသတ်အဖွဲ့ ၇ ဖွဲ့ထဲမှာ နင်ဂျာဂိုဏ်းတစ်ခုခုတော့ ပါလာလိမ့်မယ်လို့တော့ အားလုံးတွေးထားပြီးသားဖြစ်မှာပါ၊ ဟုတ်ပါတယ်။ ဂျပန်အခေါ်အဝေါ်အရ ရှီနိုဘီ (Shinobi) လို့အမည်ရတဲ့နင်ဂျာတွေဟာ ၁၃ ရာစုနဲ့ ၁၅ ရာစုအထိ ဂျပန်ပြည်ရဲ့ဆန်ဂိုခုခေတ် (Sengoku) မှာ လှုပ်ရှားမှုတွေကို အဓိကပြုလုပ်ခဲ့ပါတယ်။ အချို့သမိုင်းပညာရှင်တွေကတော့ နင်ဂျာတွေဟာ နိမ့်ကျတဲ့မျိုးနွယ်စုတွေနဲ့ ရာထူးကဖြုတ်ချခြင်းခံခဲ့ရတဲ့ ဆာမူရိုင်းဟောင်းတွေဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့နင်ဂျာဂိုဏ်းတွေဟာလည်း ကိုယ်ပိုင်ဆိုင်တဲ့နယ်နိမိတ်တွေမှာ နင်ဂျာလေ့ကျင့်ရေးစခန်းတွေကို တည်ထောင်ပြီး မျိုးနွယ်စုအလိုက်လှုပ်ရှားကြပါတယ်။ နင်ဂျာအတတ်ပညာသင်ကြားတဲ့ လေ့ကျင့်ရေးစခန်းတွေမှာ သမိုင်းတစ်လျှောက်အထင်ရှားဆုံးကတော့ အိဂ (Iga) နဲ့ ခိုဂ (Koga) နယ်က နင်ဂျာကျောင်းတွေပဲဖြစ်ပါတယ်။ နင်ဂျာဖြစ်လာမယ့်အလောင်းလျာတွေဟာ လေ့ကျင့်ရေးစခန်းမှာ နင်ဂျူဆု (Ninjutsu) လို့ခေါ်တဲ့ နင်ဂျာတိုက်ခိုက်ရေးပညာကို သင်ကြားကြပြီး လျှို့ဝှက်စွာတိုက်ခိုက်တာတွေ၊ ချောင်းမြောင်းလုပ်ကြံတာတွေနဲ့ ကိုယ်ခန္ဓာအတတ်ပညာတွေကို လေ့လာဆည်းပူးရပါတယ်။

The Ninja (နင်ဂျာ)

The Ninja (နင်ဂျာ)

တစ်ချိန်တည်းမှာပဲ အမှောင်ထဲမှာလှုပ်ရှားတာတွေ၊ ကိုယ်ယောင်ဖျောက်အတတ်ပညာတွေကိုပါ လေ့လာရသလို ဓါး၊ စကြာ၊ ချိတ်ကြိုး၊ အဆိပ်နဲ့ လက်ပစ်ဗုံးတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာတွေကိုပါ သင်ကြားရပါတယ်။ ဂုဏ်နဲ့သိက္ခာကိုရှေ့တန်းတင်တဲ့ ဆာမူရိုင်းတွေမလုပ်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်သူတွေကတော့ နင်ဂျာတွေပါပဲ။ နင်ဂျာဂိုဏ်းတွေအင်အားကြီးထွားလာတာနဲ့အမျှ ၁၆ ရာစုနောက်ပိုင်းမှာတော့ ဂျပန်ပြည်ရဲ့ထင်ရှားတဲ့စစ်ဘုရင် အိုဒနိုဘူနဂ (Oda Nobunaga) ကနေပြီး နင်ဂျာလှုပ်ရှားမှုတွေကို လျှော့ချပစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၈ ရာစုမှာတော့ နင်ဂျာတွေပြန်လည်နိုးကြားလာခဲ့ပြီး ယခုခေတ်ဂျပန်ပြည်ရဲ့ အထူးလျှို့ဝှက်တပ်ဖွဲ့ဖြစ်လာဖို့ အစပြုရာနေရာနဲ့ အခြေခံကျောရိုးတစ်ခုဖြစ်ခဲ့ပါတယ်။ အပိုင်း (၂) ကို မကြာခင်မှာဆက်လက်ဖော်ပြပေးသွားမှာမို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နိုင်ပါတယ်။

Yan

www.akhayar.com