[Zawgyi]

ေတာ္ဝင္မ်ဳိးႏြယ္ေတြနဲ႔ လက္ထပ္ထိမ္းျမားဖို႔အတြက္ နာမည္ေက်ာ္ဘဝကို စြန္႔လႊတ္ခဲ႔ရသူမ်ား

ခ်စ္ရသူ Prince Harry နဲ႔ လက္ထပ္ေပါင္းဖက္ခြင္႔ရၿပီး ေတာ္ဝင္မိသားစုထဲကို ဝင္ေရာက္ႏုိင္ဖို႔အတြက္ Meghan Markle ဟာ သူမခ်စ္ျမတ္ႏိုးရတဲ့ အရာေတာ္ေတာ္မ်ားမ်ားနဲ႔ သူမရဲ႕ Career အလုပ္လည္းျဖစ္တဲ႔ ေအာင္ျမင္ေက်ာ္ၾကားအႏုပညာရွင္ဘဝကို စြန္႔လႊတ္ေပးဆပ္ခဲ႔ရတာ လူတိုင္းလိုလုိုသိၾကမွာပါ။ အဲလုိစြန္႔လႊတ္ေပးဆပ္ခဲ႔ရတာ Meghan Markle တစ္ေယာက္တည္းမဟုတ္ဘဲ သူမအျပင္ ခ်မ္းသာၾကြယ္ဝတဲ႔ ေတာ္ဝင္မ်ဳိးႏြယ္ေတြနဲ႔ လက္ထပ္ဖို႔ ကိုယ္ပိုင္ Career ေတြကို ေပးဆပ္စြန္႔လႊတ္ခဲ႔ရတဲ႔သူေတြလည္း အမ်ားအျပားရွိပါတယ္။ အဲလုိစြန္႔လႊတ္ခဲ့ရသူေတြကေတာ့ အထင္ကရ ေဟာလိဝုဒ္ တက္သစ္စမင္းသမီးေတြကအစ အိုလံပစ္ေရကူးခ်န္ပီယံေတြအထိ နယ္ပယ္အသီးသီးက ေအာင္ျမင္ေက်ာ္ၾကားတဲ့ အမ်ဳိးသမီးေတြ ပါဝင္ပါတယ္။ ကဲ…ဘယ္သူေတြလဲဆိုတာ သိရွိႏိုင္ေစဖုိ႔ ေအာက္မွာ ဆက္လက္ ဖတ္ၾကည္႔ရေအာင္။

(၁) Meghan Markle (Sussex ၿမိဳ႕စားကေတာ္)

2018 May လက ၿဗိတိန္မင္းသား Harry နဲ႔ အိမ္ေထာင္မျပဳမီ Meghan Markle ဟာ ရုပ္ရွင္မင္းသမီး၊ ပရဟိတျပဳလုပ္သူနဲ႔ ဘေလာ့ဂါအျဖစ္ အသိအမွတ္ျပဳခံရသူ ျဖစ္ပါတယ္။ သူမက ရုပ္ရွင္ေတြနဲ႔ တီဗီဇာတ္လမ္းတဲြေတြမွာ အမ်ားအျပားပါဝင္သရုပ္ေဆာင္ခဲ႔႔ပါတယ္။ USA Network ရဲ႕ Suit ဇာတ္လမ္းတဲြထဲက Rachel Zane ဆိုတဲ႔ ဇာတ္ေကာင္က သူမရဲ႕လူသိမ်ားထင္ရွားေက်ာ္ၾကားတဲ႔ ေအာင္ျမင္မႈတစ္ခုျဖစ္ပါတယ္။ 2018 ခုနစ္ Januaruy ေရာက္ေတာ့ Prince Harry နဲ႔ လက္ထပ္ဖို႔ အေၾကာင္းဖန္လာတဲ႔အခါမွာ ေတာ္ဝင္အဆင္႔အတန္းေတြနဲ႔ ကိုက္ညီဖို႔အတြက္ Facebook ၊ Instagram နဲ႔ Twitter အပါအဝင္ ဆုိရွယ္မီဒီယာ အေကာင္႔ေတာ္ေတာ္မ်ားမ်ားကို ပိတ္သိမ္းလိုက္ရပါတယ္။ ဒါတင္ပဲစြန္႔လႊတ္ခဲ႔ရတာလားဆိုေတာ့ မဟုတ္ပါဘူး။ 2017 ခုနစ္တုန္းကလည္း သူမရဲ႕ေက်ာ္ၾကားတ့ဲ Lifestyle Blog ျဖစ္တဲ႔ The Tig Blog ကိုလည္း ရပ္ဆိုင္းခဲ႔႔ရပါတယ္။ 2018 ခုနစ္ “Suit” ရဲ႕ေနာက္ဆံုး ဇာတ္လမ္းတဲြမွာ သရုပ္ေဆာင္အေနနဲ႔ ပါဝင္တာက ေနာက္ဆံုးျဖစ္ၿပီး အဲေနာက္မွာေတာ့ သရုပ္ေဆာင္အျဖစ္ကေန အနားယူသြားခဲ့ပါတယ္။ ဒါေပမယ္႔ အခုခ်ိန္မွာေတာ့ Sussex ၿမိဳ႕စားကေတာ္အျဖစ္နဲ႔ တာဝန္ေတြကို ထမ္းေဆာင္ေနပါၿပီ။ ဒါအျပင္ Royal Foundation and Common Wealth Youth မွာ သံတမန္အျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရၿပီး ေတာ္ဝင္အေရးေတြကို လုပ္ေဆာင္ေနပါၿပီ။

Meghan Markle

Meghan Markle

(၂) Grace Kelly( Monaco ရဲ႕ မင္းသမီး)

1956 ခုနစ္ Prince Rainier III နဲ႔လက္မထပ္မီက မင္းသမီးနဲ႔ Hollywood Film Star အျဖစ္နဲ႔ Career ကို ရပ္တည္ခဲ႔ပါတယ္။ ရုပ္ရွင္ ၁၁ ကားနဲ႔ တီဗီရႈိးပဲြေပါင္း ၆၀ မွာ ပါဝင္တင္ဆက္ခဲ႔႔ပါတယ္။ လက္ထပ္ၿပီးတဲ႔ေနာက္မွာေတာ့ Kelly ဟာ အေမရိကန္ႏိုင္ငံသားအျဖစ္ လက္မလြတ္ရေစဖို႔အတြက္ သရုပ္ေဆာင္ျခင္းကေန ႏႈတ္ထြက္ခဲ့ပါတယ္။ သူမေယာက်ာ္း Prince Rainier က သူမရဲ႕ရုပ္ရွင္ေတြကို Monaco မွာျပသဖို႔ ပိတ္ပင္ခဲ႔ပါတယ္။ သူမရဲ႕ Career ကို စြန္႔လႊတ္လိုက္ရတဲ႔ ဟာကြက္ကို ျဖည္႔ႏိုင္ဖို႔အတြက္ အမ်ဳိးမ်ဳိးေသာ ယဥ္ေက်းမႈနဲ႔ဆိုင္တဲ႔ ပဲြေတြ၊ အလွဴဒါနနဲ႔ဆိုင္တဲ႔ အဖဲြ႕အစည္းေတြမွာ ပါဝင္လႈပ္ရွားခဲ႔ပါတယ္။ Prince Rainier နဲ႔ Grace Kelly မွာ Princess Caroline ၊Prince Albert နဲ႔ Princess Stephanie ဆိုတဲ႔ သားသမီးသံုးေယာက္ ထြန္းကားခဲ႔ပါတယ္။ ၁၉၈၂ ခုနစ္ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ မင္းသမီး Kelly ဟာ ယာဥ္တိုက္မႈျဖစ္ပြားခဲ႔ကာ ေဆးရုံေရာက္ၿပီး အခ်ိန္တိုအတြင္းမွာ ေသဆံုးသြားခဲ႔ပါတယ္။

Grace Kelly

Grace Kelly

(၃) Letizia Ortiz( Spain ဘုရင္မ)

၂၀၀၄ ခုနစ္ Asturias ရဲ႕ မင္းသား Felipe နဲ႔ လက္မထပ္မီတုန္းက Letizia Ortiz ရဲ႕ Career က ေက်ာ္ၾကားလွတဲ႔ သတင္းစာဆရာမ ျဖစ္ပါတယ္။ လက္ထပ္ၿပီးတဲ့ေနာက္မွေတာ့ Ortiz က Asturias ရဲ႕မင္းသမီးအျဖစ္ နာမည္ႀကီးလာပါတယ္။ ဒီေတာ္ဝင္မ်ုဳိးႏြယ္စံုတဲြမွာ Princess Leonor နဲ႔ Princess Sofia ဆိုတဲ႔ သမီးႏွစ္ေယာက္ ထြန္းကားခဲ႔႔ပါတယ္။ Ortiz က Asturias ရဲ႕ မင္္းသမီးအျဖစ္ ၁၀ ႏွစ္ၾကာ ေနထုိင္ၿပီးတဲ႔ေနာက္ 2014 ခုနစ္မွာ ဘုရင္မႀကီးျဖစ္လာခဲ႔ပါတယ္။

Letizia Ortiz

Letizia Ortiz

(၄) Rita Hayworth

၁၉၁၈ ခုနစ္မွာ ေမြးဖြားခဲ႔သူ Rita Hayworth ကေတာ့ Hollywood မွာ မင္းသမီးနဲ႔ အကမယ္အျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳလာရာကေန ၁၉၃၀ ခုနစ္ေႏွာင္းပိုင္းမွာ သူမရဲ႕ေနာက္ဆံုးနာမည္ကို ေျပာင္းလိုက္ၿပီးတ႔ဲေနာက္ Columbia Pictures နဲ႔ ႏွစ္ေပါင္းမ်ားစြာ စာခ်ဳပ္ ခ်ဳပ္ဆိုခြင္႔ရရွိခဲ႔ပါတယ္။ ၁၉၄၀ ခုနစ္မွာ Hayworth က Glenn Ford နဲ႔အတူ တဲြဖက္သရုပ္ေဆာင္ခဲ႔ရာမွ နာမည္ေက်ာ္ၾကားလာၿပီး ႏိုင္ငံတကာအဆင္႔ သတ္မွတ္ခ်က္ေတြရရွိခဲ့ပါတယ္။ Hayworth ဟာ ႏွစ္ႀကိမ္လက္ထပ္ခဲ႔ၿပီးေနာက္ ၁၉၄၈ ခုနစ္မွာ သူမရဲ႕ဒုတိယအိမ္ေထာင္ဘက္ျဖစ္သူ Orson Welles နဲ႔ ကြာရွင္းျပတ္စဲခဲ႔႔ပါတယ္။ Hayworth နဲ႔ Welles မွာ Rebecca ဆိုတဲ႔သမီးတစ္ေယာက္ရွိၿပီး Welles နဲ႔ ကြာရွင္းၿပီးတဲ႔အခ်ိိန္မွာေတာ့ အိမ္ေထာင္ထပ္ျပဳဖို႔ သူမမွာ စိတ္ကူးမရွိခဲ႔ပါဘူး။ ေနာက္ဆံုးမွာ စိတ္ကူးေျပာင္းသြားခဲ့ၿပီး ၁၉၄၉ ခုနစ္မွာေတာ့ Prince Aly Kahn နဲ႔ တတိယအိမ္ေထာင္ ျပဳခဲ႔႔ပါတယ္။ Hayworth နဲ႔ Prince Aly Kahn တို႔မွာ Princess Yasmin Aga Khan ဆိုတဲ့သမီးေလးရရွိလာတဲ့အခါမွာ လက္ထပ္ျခင္းကို အာရုံစိုက္ဖို႔အတြက္ သူမရဲ႕ Career အလုပ္ျဖစ္တဲ့ သရုပ္ေဆာင္ျခင္းကို ရပ္ဆိုင္းခဲ့ပါတယ္။ ဒါေပမယ္႔ ႏွစ္ႏွစ္ေလာက္ၾကာၿပီးတဲ႔အခါမွာေတာ့ တတိယေျမာက္အိမ္ေထာင္က ကြာရွုင္းျပတ္စဲျခင္းနဲ႔ အဆံုးသတ္သြားခဲ႔႔ပါတယ္။ အဲလိုကြာရွင္းျပတ္စဲၿပီးတဲ႔ေနာက္မွာေတာ့ သူမက သရုပ္ေဆာင္အလုပ္ကို ျပန္လည္လုပ္ခ႔ဲၿပီး 1987 ခုနစ္မွာ အယ္ဇို္င္းမားေရာဂါနဲ႔ ေသဆံုးသြားခဲ႔႔ပါတယ္။

Rita Hayworth

Rita Hayworth

(၅) Sofia Hellqvist (Sweden မင္းသမီး၊ Värmland ၿမိဳ႕စားကေတာ္)

Sofia Hellqvist က အေပၚပိုင္းဗလာက်င္း ေမာ္လ္ဒယ္အျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳခဲ႔ရာမွ Paradise Hotel ရွိ Reality Show မွာ ၿပိဳင္ပဲြဝင္အျဖစ္ ပါဝင္ခဲ႔ရာကေန ဆီြဒင္ Prince Carl Philip နဲ႔ေတြ႔ဆံုခဲ့ၿပီး ၂၀၁၅ ခုနစ္ ဇြန္လ ၁၃ ရက္မွာ လက္ထပ္ျဖစ္ခဲ႔ပါတယ္။ သူတို႔လက္ထပ္တဲ႔အခ်ိန္မွာေတာ့ ခ်စ္သူသက္တမ္း ၅ ႏွစ္ရွိေနၿပီ ျဖစ္ပါတယ္။ Sofia ရဲ႕အတိတ္က Career ေၾကာင့္ နန္းေတာ္ထဲမွာ အျငင္းပြားဖြယ္ရာေတြနဲ႔ သတင္းေတြပြထေနခဲ႔ေသာ္လည္း သူမရဲ႕ႀကိဳးစားအားထုတ္မႈေၾကာင့္ အဆံုးသတ္မွာေတာ့ နန္းတြင္းရဲ႕ အသိအမွတ္ျပဳမႈကို ရရွိခဲ႔႔ပါတယ္။ လက္ထပ္မႈမျပဳလုပ္ခင္မွာ နန္းေတာ္က သတို႔သမီးအေပၚ အျမင္မၾကည္မႈေတြ ပေပ်ာက္ေစဖို႔အတြက္ PR Campaign တစ္ခုအေနနဲ႔ ေတာင္အာဖရိကမွာ Volunteer သြားလုပ္ေစခဲ႔ပါတယ္။ အဆိုပါ Campaign မွာ Sofia ကိုယ္တုိင္ပါဝင္ေရးဆဲြထားတဲ့ ခ်ဳိ႕တဲ႔ကေလးငယ္မ်ား ေဒသတြင္းကူညီဖို႔ အစီအစဥ္ကို မီးေမွာင္ထိုးကာ လုပ္ေဆာင္ခဲ႔႔ပါတယ္။ Princess Carl Phillip နဲ႔ Princess Sofia တို႔ရဲ႕ အိမ္ေထာင္သက္တမ္းမွာ Prince Alexander နဲ႔ Prince Gabriel ဆိုတဲ့သားႏွစ္ေယာက္ ရရွိခဲ႔႔ပါတယ္။

Sofia Hellqvist

Sofia Hellqvist

အခုေဖာ္ျပေပးခဲ႔တာကေတာ႔ ေတာ္ဝင္မ်ဳိးႏြယ္ေတြနဲ႔ လက္ထပ္ထိမ္းျမားဖို႔အတြက္ ကိုယ္ပိုင္ Career ေတြကို စြန္႔လႊတ္ၿပီး အခ်စ္ႀကီးခဲ႔တဲ႔ အာဂမိန္းမသားေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

တော်ဝင်မျိုးနွယ်တွေနဲ့ လက်ထပ်ထိမ်းမြားဖို့အတွက် နာမည်ကျော်ဘဝကို စွန့်လွှတ်ခဲ့ရသူများ

ချစ်ရသူ Prince Harry နဲ့ လက်ထပ်ပေါင်းဖက်ခွင့်ရပြီး တော်ဝင်မိသားစုထဲကို ဝင်ရောက်နိုင်ဖို့အတွက် Meghan Markle ဟာ သူမချစ်မြတ်နိုးရတဲ့ အရာတော်တော်များများနဲ့ သူမရဲ့ Career အလုပ်လည်းဖြစ်တဲ့ အောင်မြင်ကျော်ကြားအနုပညာရှင်ဘဝကို စွန့်လွှတ်ပေးဆပ်ခဲ့ရတာ လူတိုင်းလိုလိုသိကြမှာပါ။ အဲလိုစွန့်လွှတ်ပေးဆပ်ခဲ့ရတာ Meghan Markle တစ်ယောက်တည်းမဟုတ်ဘဲ သူမအပြင် ချမ်းသာကြွယ်ဝတဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ လက်ထပ်ဖို့ ကိုယ်ပိုင် Career တွေကို ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့သူတွေလည်း အများအပြားရှိပါတယ်။ အဲလိုစွန့်လွှတ်ခဲ့ရသူတွေကတော့ အထင်ကရ ဟောလိဝုဒ် တက်သစ်စမင်းသမီးတွေကအစ အိုလံပစ်ရေကူးချန်ပီယံတွေအထိ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။ ကဲ…ဘယ်သူတွေလဲဆိုတာ သိရှိနိုင်စေဖို့ အောက်မှာ ဆက်လက် ဖတ်ကြည့်ရအောင်။

(၁) Meghan Markle (Sussex မြို့စားကတော်)

2018 May လက ဗြိတိန်မင်းသား Harry နဲ့ အိမ်ထောင်မပြုမီ Meghan Markle ဟာ ရုပ်ရှင်မင်းသမီး၊ ပရဟိတပြုလုပ်သူနဲ့ ဘလော့ဂါအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။ သူမက ရုပ်ရှင်တွေနဲ့ တီဗီဇာတ်လမ်းတွဲတွေမှာ အများအပြားပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ USA Network ရဲ့ Suit ဇာတ်လမ်းတွဲထဲက Rachel Zane ဆိုတဲ့ ဇာတ်ကောင်က သူမရဲ့လူသိများထင်ရှားကျော်ကြားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ 2018 ခုနစ် Januaruy ရောက်တော့ Prince Harry နဲ့ လက်ထပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာ တော်ဝင်အဆင့်အတန်းတွေနဲ့ ကိုက်ညီဖို့အတွက် Facebook ၊ Instagram နဲ့ Twitter အပါအဝင် ဆိုရှယ်မီဒီယာ အကောင့်တော်တော်များများကို ပိတ်သိမ်းလိုက်ရပါတယ်။ ဒါတင်ပဲစွန့်လွှတ်ခဲ့ရတာလားဆိုတော့ မဟုတ်ပါဘူး။ 2017 ခုနစ်တုန်းကလည်း သူမရဲ့ကျော်ကြားတဲ့ Lifestyle Blog ဖြစ်တဲ့ The Tig Blog ကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ 2018 ခုနစ် “Suit” ရဲ့နောက်ဆုံး ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အနေနဲ့ ပါဝင်တာက နောက်ဆုံးဖြစ်ပြီး အဲနောက်မှာတော့ သရုပ်ဆောင်အဖြစ်ကနေ အနားယူသွားခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ Sussex မြို့စားကတော်အဖြစ်နဲ့ တာဝန်တွေကို ထမ်းဆောင်နေပါပြီ။ ဒါအပြင် Royal Foundation and Common Wealth Youth မှာ သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး တော်ဝင်အရေးတွေကို လုပ်ဆောင်နေပါပြီ။

Meghan Markle

Meghan Markle

(၂) Grace Kelly( Monaco ရဲ့ မင်းသမီး)

1956 ခုနစ် Prince Rainier III နဲ့လက်မထပ်မီက မင်းသမီးနဲ့ Hollywood Film Star အဖြစ်နဲ့ Career ကို ရပ်တည်ခဲ့ပါတယ်။ ရုပ်ရှင် ၁၁ ကားနဲ့ တီဗီရှိုးပွဲပေါင်း ၆၀ မှာ ပါဝင်တင်ဆက်ခဲ့ပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာတော့ Kelly ဟာ အမေရိကန်နိုင်ငံသားအဖြစ် လက်မလွတ်ရစေဖို့အတွက် သရုပ်ဆောင်ခြင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူမယောကျာ်း Prince Rainier က သူမရဲ့ရုပ်ရှင်တွေကို Monaco မှာပြသဖို့ ပိတ်ပင်ခဲ့ပါတယ်။ သူမရဲ့ Career ကို စွန့်လွှတ်လိုက်ရတဲ့ ဟာကွက်ကို ဖြည့်နိုင်ဖို့အတွက် အမျိုးမျိုးသော ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပွဲတွေ၊ အလှူဒါနနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ Prince Rainier နဲ့ Grace Kelly မှာ Princess Caroline ၊Prince Albert နဲ့ Princess Stephanie ဆိုတဲ့ သားသမီးသုံးယောက် ထွန်းကားခဲ့ပါတယ်။ ၁၉၈၂ ခုနစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ မင်းသမီး Kelly ဟာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ ဆေးရုံရောက်ပြီး အချိန်တိုအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။

Grace Kelly

Grace Kelly

(၃) Letizia Ortiz( Spain ဘုရင်မ)

၂၀၀၄ ခုနစ် Asturias ရဲ့ မင်းသား Felipe နဲ့ လက်မထပ်မီတုန်းက Letizia Ortiz ရဲ့ Career က ကျော်ကြားလှတဲ့ သတင်းစာဆရာမ ဖြစ်ပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှတော့ Ortiz က Asturias ရဲ့မင်းသမီးအဖြစ် နာမည်ကြီးလာပါတယ်။ ဒီတော်ဝင်မျိုုးနွယ်စုံတွဲမှာ Princess Leonor နဲ့ Princess Sofia ဆိုတဲ့ သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ Ortiz က Asturias ရဲ့ မင်းသမီးအဖြစ် ၁၀ နှစ်ကြာ နေထိုင်ပြီးတဲ့နောက် 2014 ခုနစ်မှာ ဘုရင်မကြီးဖြစ်လာခဲ့ပါတယ်။

Letizia Ortiz

Letizia Ortiz

(၄) Rita Hayworth

၁၉၁၈ ခုနစ်မှာ မွေးဖွားခဲ့သူ Rita Hayworth ကတော့ Hollywood မှာ မင်းသမီးနဲ့ အကမယ်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုလာရာကနေ ၁၉၃၀ ခုနစ်နှောင်းပိုင်းမှာ သူမရဲ့နောက်ဆုံးနာမည်ကို ပြောင်းလိုက်ပြီးတဲ့နောက် Columbia Pictures နဲ့ နှစ်ပေါင်းများစွာ စာချုပ် ချုပ်ဆိုခွင့်ရရှိခဲ့ပါတယ်။ ၁၉၄၀ ခုနစ်မှာ Hayworth က Glenn Ford နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ရာမှ နာမည်ကျော်ကြားလာပြီး နိုင်ငံတကာအဆင့် သတ်မှတ်ချက်တွေရရှိခဲ့ပါတယ်။ Hayworth ဟာ နှစ်ကြိမ်လက်ထပ်ခဲ့ပြီးနောက် ၁၉၄၈ ခုနစ်မှာ သူမရဲ့ဒုတိယအိမ်ထောင်ဘက်ဖြစ်သူ Orson Welles နဲ့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ Hayworth နဲ့ Welles မှာ Rebecca ဆိုတဲ့သမီးတစ်ယောက်ရှိပြီး Welles နဲ့ ကွာရှင်းပြီးတဲ့အချိန်မှာတော့ အိမ်ထောင်ထပ်ပြုဖို့ သူမမှာ စိတ်ကူးမရှိခဲ့ပါဘူး။ နောက်ဆုံးမှာ စိတ်ကူးပြောင်းသွားခဲ့ပြီး ၁၉၄၉ ခုနစ်မှာတော့ Prince Aly Kahn နဲ့ တတိယအိမ်ထောင် ပြုခဲ့ပါတယ်။ Hayworth နဲ့ Prince Aly Kahn တို့မှာ Princess Yasmin Aga Khan ဆိုတဲ့သမီးလေးရရှိလာတဲ့အခါမှာ လက်ထပ်ခြင်းကို အာရုံစိုက်ဖို့အတွက် သူမရဲ့ Career အလုပ်ဖြစ်တဲ့ သရုပ်ဆောင်ခြင်းကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် နှစ်နှစ်လောက်ကြာပြီးတဲ့အခါမှာတော့ တတိယမြောက်အိမ်ထောင်က ကွာရှုင်းပြတ်စဲခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ အဲလိုကွာရှင်းပြတ်စဲပြီးတဲ့နောက်မှာတော့ သူမက သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ခဲ့ပြီး 1987 ခုနစ်မှာ အယ်ဇိုင်းမားရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

Rita Hayworth

Rita Hayworth

(၅) Sofia Hellqvist (Sweden မင်းသမီး၊ Värmland မြို့စားကတော်)

Sofia Hellqvist က အပေါ်ပိုင်းဗလာကျင်း မော်လ်ဒယ်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ရာမှ Paradise Hotel ရှိ Reality Show မှာ ပြိုင်ပွဲဝင်အဖြစ် ပါဝင်ခဲ့ရာကနေ ဆွီဒင် Prince Carl Philip နဲ့တွေ့ဆုံခဲ့ပြီး ၂၀၁၅ ခုနစ် ဇွန်လ ၁၃ ရက်မှာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ သူတို့လက်ထပ်တဲ့အချိန်မှာတော့ ချစ်သူသက်တမ်း ၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ Sofia ရဲ့အတိတ်က Career ကြောင့် နန်းတော်ထဲမှာ အငြင်းပွားဖွယ်ရာတွေနဲ့ သတင်းတွေပွထနေခဲ့သော်လည်း သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် အဆုံးသတ်မှာတော့ နန်းတွင်းရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ လက်ထပ်မှုမပြုလုပ်ခင်မှာ နန်းတော်က သတို့သမီးအပေါ် အမြင်မကြည်မှုတွေ ပပျောက်စေဖို့အတွက် PR Campaign တစ်ခုအနေနဲ့ တောင်အာဖရိကမှာ Volunteer သွားလုပ်စေခဲ့ပါတယ်။ အဆိုပါ Campaign မှာ Sofia ကိုယ်တိုင်ပါဝင်ရေးဆွဲထားတဲ့ ချို့တဲ့ကလေးငယ်များ ဒေသတွင်းကူညီဖို့ အစီအစဉ်ကို မီးမှောင်ထိုးကာ လုပ်ဆောင်ခဲ့ပါတယ်။ Princess Carl Phillip နဲ့ Princess Sofia တို့ရဲ့ အိမ်ထောင်သက်တမ်းမှာ Prince Alexander နဲ့ Prince Gabriel ဆိုတဲ့သားနှစ်ယောက် ရရှိခဲ့ပါတယ်။

Sofia Hellqvist

Sofia Hellqvist

အခုဖော်ပြပေးခဲ့တာကတော့ တော်ဝင်မျိုးနွယ်တွေနဲ့ လက်ထပ်ထိမ်းမြားဖို့အတွက် ကိုယ်ပိုင် Career တွေကို စွန့်လွှတ်ပြီး အချစ်ကြီးခဲ့တဲ့ အာဂမိန်းမသားတွေ အကြောင်းပဲ ဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com