[Zawgyi]

ဒိတ္ဒိတ္ၾကဲဘီလ်ံနာႀကီးေတြနဲ႔ သူတို႔စီးေတာ္ယာဥ္မ်ား

ကမာၻ႔ေပၚမွာ ၾကြယ္ဝခ်မ္းသာလာတဲ႔ ဘီလ်ံနာသူေဌးႀကီး ေတာ္ေတာ္မ်ားမ်ားကို ၾကည့္လိုက္ရင္ တူညီတဲ႔ အခ်က္တစ္ခုကို ေတြ႔ရေလ့ရွိပါတယ္။ ဘီလ်ံနာသူေဌးႀကီးဆိုတဲ့ ဂုဏ္ပုဒ္နဲ႔အညီ ဇိမ္ခံကားႀကီးေတြ ထည္လဲဝယ္စီးကာ အလုပ္ခြင္တစ္္ခုကေန တစ္ခု ကူးသန္းသြားလာၾကကာ ၾကြားဝါၾကတာကို ေတြ႔ရပါတယ္။ အဲဒီလုိ ဒိတ္ဒိတ္ၾကဲကားေတြကို ထည္လဲစီးျခင္းက သူတို႔ဘယ္ေလာက္ေအာင္ျမင္လဲ၊ ဘယ္ေလာက္ၾကြယ္ဝခ်မ္းသာလဲ၊ ေငြရွာ ဘယ္ေလာက္ေကာင္းလဲဆိုတာကို လူေတြသိေအာင္ ေဖာ္ေဆာင္လို႔တဲ့ ရည္ရြယ္ခ်က္ေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒီလိုရည္ရြယ္ခ်က္ေတြနဲ႔ နာမည္ႀကီးတံဆိပ္ကားေတြကိုမွ စီးတဲ႔ ဘီလ်ံနာေတြရွိသလို ကားကုိ ၾကြားဝါဖုိ႔အတြက္မဟုတ္ဘဲ သြားလာေရးလြယ္ကူေခ်ာေမြ႔ေစဖို႔အတြက္ အဓိကထားၿပီး စီးတဲ႔ ဘီလ်ံနာေတြလည္း ရွိပါေသးတယ္။ ၾကြားဝါဇာခ်ဲ႕ဖို႔မဟုတ္ဘဲ သြားလာေရး လြယ္ကူျမန္ဆန္ဖို႔ကို အဓိကထားၿပီး စီးတဲ့ နာမည္ႀကီး ဘီလ်ံနာေတြနဲ႔ မခဲြအတူရွိတဲ႔ သူတို႔ရဲ႕ကားေတြအေၾကာင္းကုိ ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Jeff Bezos

အသားတင္ၾကြယ္ဝခ်မ္းသာမႈ $၁၃၇.၆ ဘီလ်ံနာရွိၿပီး E-commerce လုပ္ငန္းစုႀကီး Amazon ရဲ႕CEO လည္းျဖစ္သူ Jeff Bezos ဟာ အလြန္ရုိးရွင္းၿပီး ေဟာင္းႏြမ္းေနတယ္လို႔ ဆိုိလိုရတဲ႔ ကားေလးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အျမဲစီးႏွင္သူ ျဖစ္ပါတယ္။ သူစီးႏွင္ေလ့ရွိတဲ႔ ကားေလးကေတာ့ ဒီေန႔ေခတ္ေစ်းႏႈန္းနဲ႔ဆို $၄,၀၀၀ ေလာက္ပဲရွိတဲ႔ ၁၉၉၆ ခုနစ္ထုတ္ Honda Accord ကားပဲျဖစ္ပါတယ္။

Honda Accord

Honda Accord

(၂) Steve Ballmer

အသားတင္ၾကြယ္ဝခ်မ္းသာမႈ ၄၁.၇ ဘီလ်ံရွိၿပီး Microsoft ရဲ႕ CEO ေဟာင္းျဖစ္သူ Ballmer ဟာ သူဖခင္အလုပ္လုပ္ခဲ႔တဲ႔ ကုမၸဏီျဖစ္တဲ႔ Ford Vehicles ရဲ႕ အမာခံ သစၥာရွိ Fan ျဖစ္ပါတယ္။ ေန႔စဥ္ အိမ္နဲ႔ ရုံး အသြားအျပန္လုပ္ဖို႔အတြက္ သူစီးႏွင္ေလ့ရွိတဲ႔ ကားကေတာ့ $၂၅,၀၀၀ ပတ္လည္တန္ေၾကးရွိ Ford Fusion Hybrid ကားပဲ ျဖစ္ပါတယ္။

Ford Fusion Hybrid

Ford Fusion Hybrid

(၃) Jack Ma

တရုတ္ E-commerce Company ျဖစ္တဲ႔ Alibaba Group ကိုတည္ေထာင္သူ ကိုယ္ထူးကိုယ္ခၽြန္ ဘီလ်ံနာ Jack Ma ဟာ $ ၃၄.၇ ဘီလ်ံ ၾကြယ္ဝခ်မ္းသာေပမယ့္ သူစီးေလ့ရွိတဲ႔ ကားကေတာ $၂၅,၀၀၀ တန္ေၾကးရွိ SAIC Motor မွထုတ္တဲ့ Mid-size SUV Roewe RX5 တန္ဖိုးသင့္ ကားအမ်ဳိးအစား ျဖစ္ပါတယ္။ အဆိုပါကားဟာ အင္တာနက္ကားလို႔ အမည္တြင္ၿပီး SAIC Motor နဲ႔ Alibaba Group တုိ႔ ပူးေပါင္းၿပီး ဖန္တီးထားတဲ့ ကားမ်ဳိး ျဖစ္ပါတယ္။ Alibaba Group က ထိုကားရဲ႕ Operating System နဲ႔ Infotainment System ဖံြ႔ၿဖိဳးတုိးတက္မႈအပိုင္းကို အဓိက တာဝန္ယူထားပါတယ္။

Roewe RX5

Roewe RX5

(၄) Mark Zuckerberg

ကမာၻ႔သတၱမေျမာက္ အခ်မ္းသာဆံုးပုဂၢဳိလ္လည္းျဖစ္ၿပီး Facebook ရဲ႕ တည္ေထာင္သူနဲ႔ CEO လည္းျဖစ္သူ Mark Zuckerberg ဟာ $ ၅၆.၄ ဘီလ်ံ ၾကြယ္ဝခ်မ္းသာေပမယ့္ ၿခိဳးျခံေခၽြတာျခင္း လမ္းစဥ္ကို က်င့္သံုးသူျဖစ္ကာ အဝတ္အစားမ်ား၊ကားမ်ားနဲ႔ ခရီးသြားလာျခင္းေတြအေပၚမွာ ေငြျဖဳန္းျခင္း သိပ္မျပဳလုပ္သူ ျဖစ္ပါတယ္။ ကိုယ္ပိုင္ဝါသနာအရ စုေဆာင္းတဲ႔ ကားေတြဟာဆိုရင္လည္း $၃၀,၀၀၀ တန္ဖိုးေအာက္သာရွိတဲ႔ အနက္ေရာင္ Acura TSX ၊ Volkswagon GTI နဲ႔ Honda Fit ကားတို႔ပဲ ျဖစ္ပါတယ္။

Acura TSX

Acura TSX

(၅) Warren Buffet

Berkshire Hathaway ရဲ႕ CEO လည္းျဖစ္ၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ကေဝလည္းျဖစ္တဲ႔ Warren Buffet ဟာ အသားတင္ၾကြယ္ဝခ်မ္းသာမႈ $ ၈၄.၇ ဘီလ်ံ ရွိပါတယ္။ တတိယ အၾကြယ္ဝအခ်မ္းသာဆံုး ဘီလ်ံနာႀကီးစီးတဲ႔ကားကေတာ့ ေစ်းႏႈန္း $ ၅၅,၀၀၀ နီးပါးရွိတဲ႔ ၂၀၁၄ ခုနစ္ထုတ္ Cadillac XTS Model ကားျဖစ္ပါတယ္။ General Motor CEO ျဖစ္သူ Mary Barra က Warren Buffet ကို Cadillac DTS ကို ျမွင့္တင္ဖို႔ ရင္ႏွီးျမွဳပ္ႏွံရန္ စည္းရုံးသိမ္းသြင္းၿပီးတဲ႔ေနာက္ ၂၀၀၆ ခုနစ္မွာ အဆိုပါကားကို ဝယ္ယူခဲ႔တာျဖစ္ပါတယ္။ အရင္ကစီးေနတဲ႔ ကားကိုေတာ့ Girls Incorporation ကို $ ၁၂၂,၅၀၀ ေထာာက္ပံ့ဖို႔အတြက္ ေလလံတင္ေရာင္းခ်ခဲ႔ပါတယ္။ Warren Buffet က လြန္ခဲ့တဲ႔ (၁၀) ႏွစ္တုန္းက သူရဲ႕ပိုင္ဆိုင္မႈအမ်ားစုကို အလွဴအတန္းျပဳလုပ္မယ္ဆိုၿပီး ကတိျပဳခဲ႔ပါတယ္။ ကတိျပဳခဲ႔တဲ့အတိုင္း ကုသိုလ္ျဖစ္အဖဲြ႔အစည္းေတြကို လွဴဒါန္းခဲ့ပါတယ္။ လွဴဒါန္းခဲ႔တဲ႔ စုစုေပါင္း အလွဴေငြကေတာ့ $ ၂၇.၅ ဘီလီယံ နီးပါးရွိပါၿပီ။

Cadillac XTS 2012

Cadillac XTS 2012

(၆) Jim Walton

Walmart Founder ရဲ႕ အငယ္ဆံုးသားျဖစ္သူ Jim Walton ဟာ စုစုေပါင္း အသားတင္ၾကြယ္ဝခ်မ္းသာမႈ $ ၄၇.၃ ဘီလ်ံ ရွိပါတယ္။ ဖခင္ဆီကေန အေမြဆက္ခံရရွိိမယ္ဆိုရင္ သူရဲ႕ၾကြယ္ဝခ်မ္းသာမႈက Bill Gates နဲ႔ Warren Buffet တို႔ထက္ သာလြန္သြားမွာ ေသခ်ာပါတယ္။ ၾကြယ္ဝခ်မ္းသာမႈေတြ ပိုင္ဆိုင္ထားေသာ္လည္း သူက ၾကြယ္ဝခ်မ္းသာစြာေနထိုိင္ဖို႔ မေရြးခ်ယ္ဘဲ ေအးေအးခ်မ္းခ်မ္းနဲ႔ ရုိးရုုိးကုပ္ကုပ္ေလး ေနထုိင္ဖို႔ ေရြးခ်ယ္ခဲ့သူပါ။ ရုိးရုိးကုုပ္ကုပ္ေနတတ္တဲ႔သူဟာ အလယ္အလတ္အရြယ္အစားရွိ Pick-up Truck အမ်ဳိးအစား Dodge Dakota ကားကို စီးသူျဖစ္ၿပီး တန္ေၾကးကေတာ့ $၈,၈၄၅ ရွိပါတယ္။

Dodge Dakota

Dodge Dakota

(၇) Michael Bloomberg

Bloomberg ရဲ႕ CEO ျဖစ္သူ Michael Bloomberg ဟာ အသားတင္ၾကြယ္ဝခ်မ္းသာမႈ $၄၆.၂ ဘီလ်ံ ရွိပါတယ္။ ကုမၸဏီရဲ႕ အစုရွယ္ယာ ၈၈ ရာခုိင္ႏႈန္းကို ထိန္းသိမ္းထားၿပီး လူမႈေရးကိစၥအဝဝေတြမွာ $ ၅ ဘီလ်ံေလာက္သံုးစဲြၿပီး ပရဟိတအလုပ္ေတြကုိ လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။ ပရဟိတအလွဴရွင္ Michael Bloomberg ဟာ ေန႔စဥ္ ရုံးအတက္အဆင္းျပဳလုပ္ဖို႔အတြက္ စီးႏွင္ေလ့ရွိတဲ႔ ကားကေတာ့ Chevloret Suburban ကားျဖစ္ၿပီး တန္ေၾကးကေတာ့ $ ၄၀,၀၀၀ ရွွိပါတယ္။

Chevrolet Suburban

Chevrolet Suburban

အခုေဖာ္ျပေပးလုိက္တဲ႔ ဘီလ်ံနာေတြဟာ ၾကြယ္ဝခ်မ္းသာမႈနဲ႔ မလိုက္ေအာင္ မာနေထာင္လႊားျခင္းမရွိဘဲ ေအးေအးခ်မ္းခ်မ္း ရုိးရုိးကုပ္ကုပ္ေနထုိင္ဖို႔နဲ႔ ပရဟိတအလုပ္ေတြကိုသာ သက္ဆံုးတိုင္ လုပ္ဖို႔ စိတ္ကူးရွိၾကသူေတြ ျဖစ္ပါတယ္။ ဇိမ္က်က်ေနထုိင္ဖို႔ထက္ အသုံးနဲ႔ အျဖဳန္းကို ခဲြတတ္ၿပီး အမ်ားအက်ဳိးကို ကူညီေဆာင္ရြက္ႏိုင္ေအာင္ ေနထုိင္တတ္တဲ႔ ဘီလ်ံနာတို႔ရဲ႕ သံုးစဲြမႈပံုစံကို အတုယူၿပီး ေနထုိင္ၾကည့္ရင္ ေလာကႀကီးဟာ ပိုမိုလွပလာမွာ ေသခ်ာပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ဒိတ်ဒိတ်ကြဲဘီလျံနာကြီးတွေနဲ့ သူတို့စီးတော်ယာဉ်များ

ကမ္ဘာ့ပေါ်မှာ ကြွယ်ဝချမ်းသာလာတဲ့ ဘီလျံနာသူဌေးကြီး တော်တော်များများကို ကြည့်လိုက်ရင် တူညီတဲ့ အချက်တစ်ခုကို တွေ့ရလေ့ရှိပါတယ်။ ဘီလျံနာသူဌေးကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ဇိမ်ခံကားကြီးတွေ ထည်လဲဝယ်စီးကာ အလုပ်ခွင်တစ်ခုကနေ တစ်ခု ကူးသန်းသွားလာကြကာ ကြွားဝါကြတာကို တွေ့ရပါတယ်။ အဲဒီလို ဒိတ်ဒိတ်ကြဲကားတွေကို ထည်လဲစီးခြင်းက သူတို့ဘယ်လောက်အောင်မြင်လဲ၊ ဘယ်လောက်ကြွယ်ဝချမ်းသာလဲ၊ ငွေရှာ ဘယ်လောက်ကောင်းလဲဆိုတာကို လူတွေသိအောင် ဖော်ဆောင်လို့တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့ နာမည်ကြီးတံဆိပ်ကားတွေကိုမှ စီးတဲ့ ဘီလျံနာတွေရှိသလို ကားကို ကြွားဝါဖို့အတွက်မဟုတ်ဘဲ သွားလာရေးလွယ်ကူချောမွေ့စေဖို့အတွက် အဓိကထားပြီး စီးတဲ့ ဘီလျံနာတွေလည်း ရှိပါသေးတယ်။ ကြွားဝါဇာချဲ့ဖို့မဟုတ်ဘဲ သွားလာရေး လွယ်ကူမြန်ဆန်ဖို့ကို အဓိကထားပြီး စီးတဲ့ နာမည်ကြီး ဘီလျံနာတွေနဲ့ မခွဲအတူရှိတဲ့ သူတို့ရဲ့ကားတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) Jeff Bezos

အသားတင်ကြွယ်ဝချမ်းသာမှု $၁၃၇.၆ ဘီလျံနာရှိပြီး E-commerce လုပ်ငန်းစုကြီး Amazon ရဲ့CEO လည်းဖြစ်သူ Jeff Bezos ဟာ အလွန်ရိုးရှင်းပြီး ဟောင်းနွမ်းနေတယ်လို့ ဆိုလိုရတဲ့ ကားလေးကို နှစ်နှစ်ခြိုက်ခြိုက် အမြဲစီးနှင်သူ ဖြစ်ပါတယ်။ သူစီးနှင်လေ့ရှိတဲ့ ကားလေးကတော့ ဒီနေ့ခေတ်ဈေးနှုန်းနဲ့ဆို $၄,၀၀၀ လောက်ပဲရှိတဲ့ ၁၉၉၆ ခုနစ်ထုတ် Honda Accord ကားပဲဖြစ်ပါတယ်။

Honda Accord

Honda Accord

(၂) Steve Ballmer

အသားတင်ကြွယ်ဝချမ်းသာမှု ၄၁.၇ ဘီလျံရှိပြီး Microsoft ရဲ့ CEO ဟောင်းဖြစ်သူ Ballmer ဟာ သူဖခင်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်တဲ့ Ford Vehicles ရဲ့ အမာခံ သစ္စာရှိ Fan ဖြစ်ပါတယ်။ နေ့စဉ် အိမ်နဲ့ ရုံး အသွားအပြန်လုပ်ဖို့အတွက် သူစီးနှင်လေ့ရှိတဲ့ ကားကတော့ $၂၅,၀၀၀ ပတ်လည်တန်ကြေးရှိ Ford Fusion Hybrid ကားပဲ ဖြစ်ပါတယ်။

Ford Fusion Hybrid

Ford Fusion Hybrid

(၃) Jack Ma

တရုတ် E-commerce Company ဖြစ်တဲ့ Alibaba Group ကိုတည်ထောင်သူ ကိုယ်ထူးကိုယ်ချွန် ဘီလျံနာ Jack Ma ဟာ $ ၃၄.၇ ဘီလျံ ကြွယ်ဝချမ်းသာပေမယ့် သူစီးလေ့ရှိတဲ့ ကားကတော $၂၅,၀၀၀ တန်ကြေးရှိ SAIC Motor မှထုတ်တဲ့ Mid-size SUV Roewe RX5 တန်ဖိုးသင့် ကားအမျိုးအစား ဖြစ်ပါတယ်။ အဆိုပါကားဟာ အင်တာနက်ကားလို့ အမည်တွင်ပြီး SAIC Motor နဲ့ Alibaba Group တို့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ ကားမျိုး ဖြစ်ပါတယ်။ Alibaba Group က ထိုကားရဲ့ Operating System နဲ့ Infotainment System ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို အဓိက တာဝန်ယူထားပါတယ်။

Roewe RX5

Roewe RX5

(၄) Mark Zuckerberg

ကမ္ဘာ့သတ္တမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပြီး Facebook ရဲ့ တည်ထောင်သူနဲ့ CEO လည်းဖြစ်သူ Mark Zuckerberg ဟာ $ ၅၆.၄ ဘီလျံ ကြွယ်ဝချမ်းသာပေမယ့် ခြိုးခြံချွေတာခြင်း လမ်းစဉ်ကို ကျင့်သုံးသူဖြစ်ကာ အဝတ်အစားများ၊ကားများနဲ့ ခရီးသွားလာခြင်းတွေအပေါ်မှာ ငွေဖြုန်းခြင်း သိပ်မပြုလုပ်သူ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဝါသနာအရ စုဆောင်းတဲ့ ကားတွေဟာဆိုရင်လည်း $၃၀,၀၀၀ တန်ဖိုးအောက်သာရှိတဲ့ အနက်ရောင် Acura TSX ၊ Volkswagon GTI နဲ့ Honda Fit ကားတို့ပဲ ဖြစ်ပါတယ်။

Acura TSX

Acura TSX

(၅) Warren Buffet

Berkshire Hathaway ရဲ့ CEO လည်းဖြစ်ပြီး အောင်မြင်ကျော်ကြားတဲ့ ရင်းနှီးမြှုပ်နှံမှု ကဝေလည်းဖြစ်တဲ့ Warren Buffet ဟာ အသားတင်ကြွယ်ဝချမ်းသာမှု $ ၈၄.၇ ဘီလျံ ရှိပါတယ်။ တတိယ အကြွယ်ဝအချမ်းသာဆုံး ဘီလျံနာကြီးစီးတဲ့ကားကတော့ ဈေးနှုန်း $ ၅၅,၀၀၀ နီးပါးရှိတဲ့ ၂၀၁၄ ခုနစ်ထုတ် Cadillac XTS Model ကားဖြစ်ပါတယ်။ General Motor CEO ဖြစ်သူ Mary Barra က Warren Buffet ကို Cadillac DTS ကို မြှင့်တင်ဖို့ ရင်နှီးမြှုပ်နှံရန် စည်းရုံးသိမ်းသွင်းပြီးတဲ့နောက် ၂၀၀၆ ခုနစ်မှာ အဆိုပါကားကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အရင်ကစီးနေတဲ့ ကားကိုတော့ Girls Incorporation ကို $ ၁၂၂,၅၀၀ ထောာက်ပံ့ဖို့အတွက် လေလံတင်ရောင်းချခဲ့ပါတယ်။ Warren Buffet က လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းက သူရဲ့ပိုင်ဆိုင်မှုအများစုကို အလှူအတန်းပြုလုပ်မယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။ ကတိပြုခဲ့တဲ့အတိုင်း ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေကို လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းခဲ့တဲ့ စုစုပေါင်း အလှူငွေကတော့ $ ၂၇.၅ ဘီလီယံ နီးပါးရှိပါပြီ။

Cadillac XTS 2012

Cadillac XTS 2012

(၆) Jim Walton

Walmart Founder ရဲ့ အငယ်ဆုံးသားဖြစ်သူ Jim Walton ဟာ စုစုပေါင်း အသားတင်ကြွယ်ဝချမ်းသာမှု $ ၄၇.၃ ဘီလျံ ရှိပါတယ်။ ဖခင်ဆီကနေ အမွေဆက်ခံရရှိမယ်ဆိုရင် သူရဲ့ကြွယ်ဝချမ်းသာမှုက Bill Gates နဲ့ Warren Buffet တို့ထက် သာလွန်သွားမှာ သေချာပါတယ်။ ကြွယ်ဝချမ်းသာမှုတွေ ပိုင်ဆိုင်ထားသော်လည်း သူက ကြွယ်ဝချမ်းသာစွာနေထိုင်ဖို့ မရွေးချယ်ဘဲ အေးအေးချမ်းချမ်းနဲ့ ရိုးရိုးကုပ်ကုပ်လေး နေထိုင်ဖို့ ရွေးချယ်ခဲ့သူပါ။ ရိုးရိုးကုပ်ကုပ်နေတတ်တဲ့သူဟာ အလယ်အလတ်အရွယ်အစားရှိ Pick-up Truck အမျိုးအစား Dodge Dakota ကားကို စီးသူဖြစ်ပြီး တန်ကြေးကတော့ $၈,၈၄၅ ရှိပါတယ်။

Dodge Dakota

Dodge Dakota

(၇) Michael Bloomberg

Bloomberg ရဲ့ CEO ဖြစ်သူ Michael Bloomberg ဟာ အသားတင်ကြွယ်ဝချမ်းသာမှု $၄၆.၂ ဘီလျံ ရှိပါတယ်။ ကုမ္ပဏီရဲ့ အစုရှယ်ယာ ၈၈ ရာခိုင်နှုန်းကို ထိန်းသိမ်းထားပြီး လူမှုရေးကိစ္စအဝဝတွေမှာ $ ၅ ဘီလျံလောက်သုံးစွဲပြီး ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ပရဟိတအလှူရှင် Michael Bloomberg ဟာ နေ့စဉ် ရုံးအတက်အဆင်းပြုလုပ်ဖို့အတွက် စီးနှင်လေ့ရှိတဲ့ ကားကတော့ Chevloret Suburban ကားဖြစ်ပြီး တန်ကြေးကတော့ $ ၄၀,၀၀၀ ရှိပါတယ်။

Chevrolet Suburban

Chevrolet Suburban

အခုဖော်ပြပေးလိုက်တဲ့ ဘီလျံနာတွေဟာ ကြွယ်ဝချမ်းသာမှုနဲ့ မလိုက်အောင် မာနထောင်လွှားခြင်းမရှိဘဲ အေးအေးချမ်းချမ်း ရိုးရိုးကုပ်ကုပ်နေထိုင်ဖို့နဲ့ ပရဟိတအလုပ်တွေကိုသာ သက်ဆုံးတိုင် လုပ်ဖို့ စိတ်ကူးရှိကြသူတွေ ဖြစ်ပါတယ်။ ဇိမ်ကျကျနေထိုင်ဖို့ထက် အသုံးနဲ့ အဖြုန်းကို ခွဲတတ်ပြီး အများအကျိုးကို ကူညီဆောင်ရွက်နိုင်အောင် နေထိုင်တတ်တဲ့ ဘီလျံနာတို့ရဲ့ သုံးစွဲမှုပုံစံကို အတုယူပြီး နေထိုင်ကြည့်ရင် လောကကြီးဟာ ပိုမိုလှပလာမှာ သေချာပါတယ်။

H.H(Akhayar)

www.akhayar.com