[Zawgyi]



Server Hardware


Apple Server (U.S.)


Amazon AWS Server


FBI Department


Trump & China President


2B (Akhayar)
www.akhayar.com

[Zawgyi]

တရုတ်ပစ္စည်းကြောင့် Amzon နဲ့ Apple Server အတိုက်ခံရတယ်လို့ အစိုးရသတိပေး

ဒီကနေ့ Bloomberg သတင်းဌာနမှာ ထွက်ပေါ်လာတဲ့ သတင်းအရ Amazon နဲ့ Apple Server တချို့ Hacker လက်စာမိသွားတယ်လို့ သိရပါတယ်။ ဒီလို အတိုက်ခံရတာကို အမေရိကန် အာဏာပိုင်တွေက ဆန်စေ့တစ်စေ့စာရှိတဲ့ Micro-chip တွေ Server ထဲမြှုပ်ထားတယ်၊ ဒါကို အပြင်ကနေ ထိန်းချုပ်နိုင်လို့ အတွယ်ခံလိုက်ရတာဆိုပြီး ထောက်ပြထားပါတယ်။

Server Hardware

အခုလို သုံးသပ်ချက်ကို Amazon နဲ့ Apple တို့ ငြင်းပယ်ထားပြီး အခြေနေတစ်ခု လက်ခံဖို့ ခက်ခဲတယ်ဆိုတာကို အရင်က ဖြစ်စဉ် အတွေ့အကြုံအရ ဆန့်ကျင်နေပုံရပါတယ်။ ဘာလို့လဲဆိုရင် Celebgate iCloud အဖောက်ခံရတုန်းက Celebrities ဓာတ်ပုံတွေ၊ အထူးသဖြင့် Nude Photo တွေပါသွားပြီး Server Breach ဖြစ်သွားတဲ့ တရားခံက Security Flaw လုံခြုံရေး အားနည်းချက်တွေဖြစ်တယ်လို့ Apple ထောက်ပြထားပါတယ်။

Apple Server (U.S.)

ဒီလိုပဲ ၂၀၁၄ တုန်းက Amazon Server ပေါက်တုန်းကဆိုရင် Heartbleed Bug လို့ခေါ်တဲ့ Security Flaw ကြောင့်လို့ သုတေသီတွေ ရှာတွေ့ခဲ့တယ်၊ ဒီ Bug ကနေ Amazon Web Services (AWS) နဲ့ ချိတ်ထားတဲ့ Credit Card အချက်အလက်တွေ ပေါက်ကြားသွားခဲ့တယ်၊ ဒါပေမယ့် Hardware ကြောင့်ဖြစ်တာမဟုတ်ဘူးလို့ Amazon ကလည်း ပြန်ထောက်ပြထားပါတယ်။

Amazon AWS Server

ဒီလို Server တွေမှာ Data ပေါက်ကြားတာမျိုး ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် Server ထဲ ဝင် Hack ၊ ဝင်ဖောက်တာမျိုးမရှိနိုင်ဘူးလားဆိုပြီး ဖြစ်စဉ်တွေအရ Bloomberg မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါကို Amazon က “AWS အနေနဲ့ Supply Chain မှာ လည်ပတ်နေတဲ့ Micro-chip တွေ Server တိုက်ဖို့ အသုံးပြုနိုင်တယ်၊ ဒီလိုလုပ်နိုင်ဖို့ တမင်သက်သက် တရုတ်တွေ မဟုတ်တာလုပ်တာမျိုး မရှိနိုင်၊ ရှိလာခဲ့ရင်လည်း FBI စစ်ဆေးမှုအောက် ဖြတ်သွားနေရတာမလို့ လုံးဝ မယုံကြည်ဘူးလို့” ပြောဆိုထားပါတယ်။

FBI Department

Apple အနေနဲ့လည်း “လုံခြုံရေး ပြဿနာကြုံလာရတိုင်း Bloomberg သတိပေး ပြောကြားတယ်ဆိုမယ့် ဖြစ်စဉ်အများစု ပိုက်စိတ်တိုက် စစ်ဆေးတဲ့အခါ Hardware ကြောင့်ဆိုတာ မကြားဖူးဘူး၊ Security Flaw ကြောင့်သာ အတိုက်ခံရဖူးတယ်ဆိုပေမယ့် အခုလို Micro-chip ကြောင့်ဖြစ်ပွားရတယ်ဆိုတာတော့ လုံးဝလက်မခံဘူးလို့” တုံ့ပြန်နေပါတယ်။

Trump & China President

ဒီလို Statement တွေနဲ့ ပြောဆိုနေတယ်ဆိုမယ့် အမျိုးသားလွှတ်တော်ကတော့ လုံးဝလက်ခံပုံမရပါဘူး၊ ဒီကိစ္စကို လိမ်ညာနေတယ်လို့ သဘောထားပြီး အဖွဲ့ဝင်တွေနဲ့ ဒီမိုခရက်တစ်ပါတီဝင်တွေက တရုတ်ကြောင့်ဆိုတာကို အကြီးကျယ်သံသယဖြစ်နေပါတယ်။ ဒါကြောင့်လည်း ခုံရုံးအဖွဲ့ ဖွဲ့စည်းပြီး Supply-chain မှာလည်ပတ်နေမယ့် တရုတ်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးသွားမယ့် အလားလာရှိတယ်၊ ဒီလို ဖောင်းပွလာတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို လေ့လာကြည့်မယ်ဆိုရင် အရင်လတုန်းက Huawei နဲ့ ZTE တရုတ်ကုမ္ပဏီနှစ်ခု Ban ထားတယ်၊ အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်လိုက်တာတွေက တရုတ်ကို အငြိုးထား တိုက်ခိုက်နေပုံရတယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။

2B (Akhayar)
www.akhayar.com