[Zawgyi]

မီလန္ဒါဘီပြဲစဥ္မွာ အသာရခဲ႔တဲ႔ အင္တာမီလန္

စီးရီးေအ ပြဲစဥ္(၉)ရဲ႕ မီလန္ဒါဘီပြဲစဥ္မွာ အင္တာမီလန္အသင္းက ေအစီမီလန္အသင္းကို ( ၁ – ၀ )နဲ႔ အႏိုင္ရခဲ႔ပါတယ္။ ဒီႏိုင္ပြဲဟာ အင္တာမီလန္အသင္းအတြက္ ျပိဳင္ပြဲစံု ေနာက္ဆံုး(၇)ပြဲဆက္ ႏိုင္ပြဲလည္း ျဖစ္ခဲ႔ပါတယ္။

Inter-Milan-1-0-AC-Milan

Inter-Milan-1-0-AC-Milan

အင္တာမီလန္ ၁ – ၀ ေအစီမီလန္

Icardi-Celebrate

Icardi-Celebrate

လက္ရိွမွာ ႏွစ္သင္းလံုးဟာ ပံုစံေကာင္းေတြမွာရိွေနၾကတာေၾကာင္႔ ဒီပြဲဟာစိတ္၀င္စားစရာျဖစ္ခဲ႔ပါတယ္။ ႏွစ္သင္းလံုးဟာလည္း လူစံုပြဲထြက္ခဲ႔ၾကျပီး အင္တာမီလန္အသင္းက ေအစီမီလန္အသင္းကို အသာစီး ကစားႏိုင္ခဲ႔ပါတယ္။ အင္တာမီလန္အသင္းဟာ ဂိုးရဖို႔ကံေခခဲ႔သလို ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာ Donnarumma ဟာလည္း လက္စြမ္းျပကာကြယ္မႈေတြျပဳလုပ္ခဲ႔ပါတယ္။ ေအစီမီလန္အသင္းဟာ သေရရလဒ္ကိုသာ ဦးတည္ကစားသလိုျဖစ္ခဲ႔ျပီး အင္တာမီလန္ဘက္ကို ျခိမ္းေျခာက္မႈအားနည္းခဲ႔ပါတယ္။ ပြဲဟာ ပြဲေအးတစ္ပြဲလိုျဖစ္ခဲ႔ျပီး အင္တာမီလန္အသင္းဟာ အဖိုးတန္အႏိုင္ဂိုးကိုေတာ႔ ပြဲခ်ိန္(၉၂)မိနစ္မွာ ရရိွခဲ႔တာျဖစ္ပါတယ္။ အင္တာမီလန္အသင္းအတြက္ အႏိုင္ဂိုးကိုေတာ႔ တိုက္စစ္မွဴး အီကာဒီ Icardi က Vecino ရဲ႕ျဖတ္တင္ေဘာကို ေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ဒီဂိုးဟာ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာ ရဲ႕ အမွားေၾကာင္႔ ေပးလိုက္ရတာျဖစ္သလို သူ႕အေနနဲ႔ ဆႏၵေစာျပီး ေရွ႕ကိုနည္းနည္းပိုေရာက္သြားတာေၾကာင္႔ အီကာဒီကို အခြင္႔အေရးေပးသလိုျဖစ္ခဲ႔ရပါတယ္။

Photo: SempreMilan , Sports Illustrated , Inter Milan Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မီလန်ဒါဘီပွဲစဉ်မှာ အသာရခဲ့တဲ့ အင်တာမီလန်

စီးရီးအေ ပွဲစဉ်(၉)ရဲ့ မီလန်ဒါဘီပွဲစဉ်မှာ အင်တာမီလန်အသင်းက အေစီမီလန်အသင်းကို ( ၁ – ၀ )နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ နောက်ဆုံး(၇)ပွဲဆက် နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

Inter-Milan-1-0-AC-Milan

Inter-Milan-1-0-AC-Milan

အင်တာမီလန် ၁ – ၀ အေစီမီလန်

Icardi-Celebrate

Icardi-Celebrate

လက်ရှိမှာ နှစ်သင်းလုံးဟာ ပုံစံကောင်းတွေမှာရှိနေကြတာကြောင့် ဒီပွဲဟာစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ နှစ်သင်းလုံးဟာလည်း လူစုံပွဲထွက်ခဲ့ကြပြီး အင်တာမီလန်အသင်းက အေစီမီလန်အသင်းကို အသာစီး ကစားနိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ ဂိုးရဖို့ကံခေခဲ့သလို အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ Donnarumma ဟာလည်း လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ သရေရလဒ်ကိုသာ ဦးတည်ကစားသလိုဖြစ်ခဲ့ပြီး အင်တာမီလန်ဘက်ကို ခြိမ်းခြောက်မှုအားနည်းခဲ့ပါတယ်။ ပွဲဟာ ပွဲအေးတစ်ပွဲလိုဖြစ်ခဲ့ပြီး အင်တာမီလန်အသင်းဟာ အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန်(၉၂)မိနစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းအတွက် အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး အီကာဒီ Icardi က Vecino ရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ ရဲ့ အမှားကြောင့် ပေးလိုက်ရတာဖြစ်သလို သူ့အနေနဲ့ ဆန္ဒစောပြီး ရှေ့ကိုနည်းနည်းပိုရောက်သွားတာကြောင့် အီကာဒီကို အခွင့်အရေးပေးသလိုဖြစ်ခဲ့ရပါတယ်။

Photo: SempreMilan , Sports Illustrated , Inter Milan Twitter
Ko Kyue(Akhayar)
www.akhayar.com