[Zawgyi]

ပံုစံေကာင္းေတြနဲ႔ အမွားအယြင္းမရိွ ေရွ႕ဆက္ေနတဲ႔ ဂ်ဴဗင္တပ္စ္

လက္ရိွမွာ အေကာင္းဆံုးပံုစံရေနတဲ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအပြဲစဥ္(၁၁)မွာလည္း ကာဂလီယာရီအသင္းကို အိမ္ကြင္းမွာ ( ၃ – ၁ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။

Juventus

Juventus

ဂ်ဴဗင္တပ္စ္ ၃ – ၁ ကာဂလီယာရီ

ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီပြဲျပီးရင္ မန္ယူအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကစားဖို႔ရိွေပမယ္႔ အဓိကကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ပြဲအစ(၁)မိနစ္မွာပဲ ဂ်ဴဗင္တပ္စ္အသင္းဟာ ဂိုးရခဲ႔ျပီး ေစာေစာစီးစီး ဦးေဆာင္ခြင္႔ရရိွခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ ဒီဘားလား Dybala က ကာဂလီယာရီ ကစားသမားေတြကို အေကာင္းဆံုးလွည္႔ထြက္ျပီး ကန္သြင္းယူခဲ႔တာပါ။ ကာဂလီယာရီ အသင္းရဲ႕ ကန္သြင္းခ်က္ေတြကိုလည္း ဂ်ဴဗင္တပ္စ္ဂိုးသမား ဆက္ဇနီ Szczęsny လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ေပမယ္႔ ပြဲခ်ိန္(၃၆)မိနစ္မွာေတာ႔ Pedro က ကာဂလီယာရီအသင္းအတြက္ ေခ်ပဂိုးသြင္းယူေပးခဲ႔ပါတယ္။

Dybala-Celebrate

Dybala-Celebrate

ေခ်ပဂိုးေပးလိုက္ရျပီး သိပ္မၾကာခင္ ပြဲခ်ိန္(၃၈)မိနစ္မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းက ဒုတိယဂိုးရရိွခဲ႔ပါျပီး ဒီဂိုးကိုေတာ႔ကာဂလီယာရီ ကြင္းလယ္လူ Bradarić က ဘယ္ျခမ္းကေန ျဖတ္တင္လိုက္တဲ႔ ေဘာလံုးကို တားဆီးရာမွာ ကိုယ္႔ဂိုးကိုယ္သြင္းယူမိခဲ႔တာပါ။ အခုေနာက္ပိုင္းမွာ ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ ကန္ခ်က္တိုင္ထိထြက္ခဲ႔တာကလည္း ဂ်ဴဗင္တပ္စ္အသင္းအတြက္ နစ္နာခဲ႔ရပါတယ္။

Cuadrado-Celebrate

Cuadrado-Celebrate

ဒုတိယပိုင္းမွာလည္း ပြဲဟာ ၾကည္႔လို႔ေကာင္းခဲ႔ျပီး အျပန္အလွန္ထိုးေဖာက္မႈရိွခဲ႔ပါတယ္။ ပြဲခ်ိန္(၈၇)မိနစ္မွာေတာ႔ တန္ျပန္တိုက္စစ္ကေန ရရိွလာခဲ႔တဲ႔ အခြင္႔အေရးကို စီေရာ္နယ္လ္ဒို နဲ႔ ကြာဒရာဒို Cuadrado တို႔ကအေကာင္းဆံုးတြဲဖက္ခဲ႔ၾကျပီး ကြာဒရာဒို က အသင္းအတြက္ အႏိုင္ေသခ်ာေစမယ္႔ တတိယဂိုးကို အပိုင္ကန္သြင္းယူခဲ႔ပါတယ္။ လက္ရိွ စီးရီးေအပြဲစဥ္(၁၁)အျပီးမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ ရမွတ္(၃၁)မွတ္နဲ႔ အဆင္႔(၁)ေနရာမွာရပ္တည္ေနပါတယ္။

စီးရီးေအ ပြဲစဥ္(၁၁) ရလဒ္မ်ား

Napoli 5 – 1 Empoli
Internazionale 5 – 0 Genoa
Fiorentina 1 – 1 Roma
Juventus 3 – 1 Cagliari

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပုံစံကောင်းတွေနဲ့ အမှားအယွင်းမရှိ ရှေ့ဆက်နေတဲ့ ဂျူဗင်တပ်စ်

လက်ရှိမှာ အကောင်းဆုံးပုံစံရနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ်(၁၁)မှာလည်း ကာဂလီယာရီအသင်းကို အိမ်ကွင်းမှာ ( ၃ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Juventus

Juventus

ဂျူဗင်တပ်စ် ၃ – ၁ ကာဂလီယာရီ

ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲပြီးရင် မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိပေမယ့် အဓိကကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစ(၁)မိနစ်မှာပဲ ဂျူဗင်တပ်စ်အသင်းဟာ ဂိုးရခဲ့ပြီး စောစောစီးစီး ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒီဘားလား Dybala က ကာဂလီယာရီ ကစားသမားတွေကို အကောင်းဆုံးလှည့်ထွက်ပြီး ကန်သွင်းယူခဲ့တာပါ။ ကာဂလီယာရီ အသင်းရဲ့ ကန်သွင်းချက်တွေကိုလည်း ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇနီ Szczęsny လက်စွမ်းပြကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန်(၃၆)မိနစ်မှာတော့ Pedro က ကာဂလီယာရီအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

Dybala-Celebrate

Dybala-Celebrate

ချေပဂိုးပေးလိုက်ရပြီး သိပ်မကြာခင် ပွဲချိန်(၃၈)မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်းက ဒုတိယဂိုးရရှိခဲ့ပါပြီး ဒီဂိုးကိုတော့ကာဂလီယာရီ ကွင်းလယ်လူ Bradarić က ဘယ်ခြမ်းကနေ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို တားဆီးရာမှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာပါ။ အခုနောက်ပိုင်းမှာ ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့တာကလည်း ဂျူဗင်တပ်စ်အသင်းအတွက် နစ်နာခဲ့ရပါတယ်။

Cuadrado-Celebrate

Cuadrado-Celebrate

ဒုတိယပိုင်းမှာလည်း ပွဲဟာ ကြည့်လို့ကောင်းခဲ့ပြီး အပြန်အလှန်ထိုးဖောက်မှုရှိခဲ့ပါတယ်။ ပွဲချိန်(၈၇)မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရရှိလာခဲ့တဲ့ အခွင့်အရေးကို စီရော်နယ်လ်ဒို နဲ့ ကွာဒရာဒို Cuadrado တို့ကအကောင်းဆုံးတွဲဖက်ခဲ့ကြပြီး ကွာဒရာဒို က အသင်းအတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို အပိုင်ကန်သွင်းယူခဲ့ပါတယ်။ လက်ရှိ စီးရီးအေပွဲစဉ်(၁၁)အပြီးမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ရမှတ်(၃၁)မှတ်နဲ့ အဆင့်(၁)နေရာမှာရပ်တည်နေပါတယ်။

စီးရီးအေ ပွဲစဉ်(၁၁) ရလဒ်များ

Napoli 5 – 1 Empoli
Internazionale 5 – 0 Genoa
Fiorentina 1 – 1 Roma
Juventus 3 – 1 Cagliari

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com