[Zawgyi]

အသင္းၾကီးေတြပဲ ရလဒ္ေကာင္းရဖို႔မ်ားေနတဲ႔ စီးရီးေအ ပြဲစဥ္ (၁၁)

ဒီေန႔ည (စေန)မွာ ကစားဖို႔ရိွေနတဲ႔ စီးရီးေအပြဲစဥ္ (၁၁)မွာေတာ႔ အသင္းၾကီးအမ်ားစု ရလဒ္ေကာင္းရဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

အင္တာမီလန္ – ဂ်ီႏိုအာ ( စေနည ၈း၃၀ နာရီ )

Icardi-Celebrate

Icardi-Celebrate

လက္ရိွမွာ ဒီႏွစ္သင္းရဲ႕ ေျခစြမ္းဟာ ေတာ္ေတာ္ကို ကြာျခားလြန္းပါတယ္။ အင္တာမီလန္အသင္းဟာ ဒီပြဲျပီးရင္ ဘာစီလိုနာအသင္းနဲ႔ ကစားဖို႔ရိွေပမယ္႔ စီးရီးေအ(၇)ပြဲဆက္ ႏိုင္ပြဲျဖစ္လာဖို႔ ၾကိဳးစားလာမွာပါ။ အိမ္ကြင္းလည္းျဖစ္ေနတဲ႔ အျပင္ ေျခစြမ္းပိုင္းပါ အေကာင္းဆံုးမွာရိွေနတဲ႔ အင္တာမီလန္အတြက္ ဒီပြဲဟာ အႏိုင္ေသခ်ာပါတယ္။ အင္တာမီလန္ အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

ဖီအိုရင္တီးနား – ႐ိုးမား ( စေနည ၁၁း၃၀ နာရီ )

Dzeko

Dzeko

ႏွစ္သင္းလံုးရဲ႕ လက္ရိွေျခစြမ္းဟာ သိပ္ျပီးကြာျခားခ်က္မရိွပါဘူး။ ဖီအိုရင္တီးနားအသင္းရဲ႕ ကြင္းျဖစ္ေနတာေၾကာင္႔ ႐ိုးမား အေနနဲ႔ ရလဒ္ေကာင္းရဖို႔က ခက္ခဲႏိုင္ပါတယ္ ။ ႏွစ္သင္းေပါင္းသြင္းဂိုးနည္းျပီး သေရက်မယ္႔ပြဲစဥ္ပါ။

ဂ်ဴဗင္တပ္စ္ – ကာဂလီယာရီ ( တနဂၤေႏြ မနက္ ၂း၀၀ နာရီ )

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

နာပိုလီဟာ ႏိုင္ပြဲရရိွခဲ႔တာေၾကာင္႔ ဂ်ဴဗင္တပ္စ္ ဟာလည္း ဒီပြဲမွာ အႏိုင္ရဖို႔လိုအပ္ေနပါတယ္။ ဒါေပမယ္႔ ဂ်ဴဗင္တပ္စ္ဟာ ဒီပြဲျပီးရင္ မန္ယူအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကစားရဖို႔ ရိွေနတာေၾကာင္႔ လူခ်န္ျပီး ကစားလာဖို႔ရိွေနပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ အခုေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ဂိုးေတြကိုလည္း ဒီပြဲမွာ ဆက္ျပီးျမင္ေတြ႕ရႏိုင္ပါတယ္။ ဂ်ဴဗင္တပ္စ္ အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

Photo: Free Tips & Predictions , The Spokesman-Review
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးတွေပဲ ရလဒ်ကောင်းရဖို့များနေတဲ့ စီးရီးအေ ပွဲစဉ် (၁၁)

ဒီနေ့ည (စနေ)မှာ ကစားဖို့ရှိနေတဲ့ စီးရီးအေပွဲစဉ် (၁၁)မှာတော့ အသင်းကြီးအများစု ရလဒ်ကောင်းရဖို့ ရာခိုင်နှုန်းများနေပါတယ်။

အင်တာမီလန် – ဂျီနိုအာ ( စနေည ၈း၃၀ နာရီ )

Icardi-Celebrate

Icardi-Celebrate

လက်ရှိမှာ ဒီနှစ်သင်းရဲ့ ခြေစွမ်းဟာ တော်တော်ကို ကွာခြားလွန်းပါတယ်။ အင်တာမီလန်အသင်းဟာ ဒီပွဲပြီးရင် ဘာစီလိုနာအသင်းနဲ့ ကစားဖို့ရှိပေမယ့် စီးရီးအေ(၇)ပွဲဆက် နိုင်ပွဲဖြစ်လာဖို့ ကြိုးစားလာမှာပါ။ အိမ်ကွင်းလည်းဖြစ်နေတဲ့ အပြင် ခြေစွမ်းပိုင်းပါ အကောင်းဆုံးမှာရှိနေတဲ့ အင်တာမီလန်အတွက် ဒီပွဲဟာ အနိုင်သေချာပါတယ်။ အင်တာမီလန် အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

ဖီအိုရင်တီးနား – ရိုးမား ( စနေည ၁၁း၃၀ နာရီ )

Dzeko

Dzeko

နှစ်သင်းလုံးရဲ့ လက်ရှိခြေစွမ်းဟာ သိပ်ပြီးကွာခြားချက်မရှိပါဘူး။ ဖီအိုရင်တီးနားအသင်းရဲ့ ကွင်းဖြစ်နေတာကြောင့် ရိုးမား အနေနဲ့ ရလဒ်ကောင်းရဖို့က ခက်ခဲနိုင်ပါတယ် ။ နှစ်သင်းပေါင်းသွင်းဂိုးနည်းပြီး သရေကျမယ့်ပွဲစဉ်ပါ။

ဂျူဗင်တပ်စ် – ကာဂလီယာရီ ( တနင်္ဂနွေ မနက် ၂း၀၀ နာရီ )

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

နာပိုလီဟာ နိုင်ပွဲရရှိခဲ့တာကြောင့် ဂျူဗင်တပ်စ် ဟာလည်း ဒီပွဲမှာ အနိုင်ရဖို့လိုအပ်နေပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ဟာ ဒီပွဲပြီးရင် မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရဖို့ ရှိနေတာကြောင့် လူချန်ပြီး ကစားလာဖို့ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ဂိုးတွေကိုလည်း ဒီပွဲမှာ ဆက်ပြီးမြင်တွေ့ရနိုင်ပါတယ်။ ဂျူဗင်တပ်စ် အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

Photo: Free Tips & Predictions , The Spokesman-Review
Ko Kyue(Akhayar)
www.akhayar.com