[Zawgyi]

စီးရီးေအမွာ ႏိုင္ပြဲျပန္ရွာေဖြမယ္႔ ဂ်ဴဗင္တပ္စ္

ဒီေန႔(စေနည)မွာ ကစားမယ္႔ စီးရီးေအပြဲစဥ္(၁၀)မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ အမ္ပိုလီအသင္းကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ကစားရမွာပါ။ စီးရီးေအပြဲစဥ္(၉)မွာ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔တဲ႔ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဒီပြဲမွာေတာ႔ ႏိုင္ပြဲျပန္ရွာေဖြရေတာ႔မွာပဲျဖစ္ပါတယ္။

Cristiano-Ronaldo-And-Dybala

Cristiano-Ronaldo-And-Dybala

အမ္ပိုလီ – ဂ်ဴဗင္တပ္စ္ (စေနည ၁၀း၃၀ နာရီ )

အမ္ပိုလီမွာ အိမ္ကြင္းဆိုတဲ႔ အရာပဲရိွျပီး ဂ်ဴဗင္တပ္စ္ကို ယွဥ္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္တဲ႔အရာပါ။ စီးရီးေအ(၈)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားျပီး ခံစစ္ပိုင္းကလည္း အားနည္းေနတဲ႔ အမ္ပိုလီအသင္းအေနနဲ႔ ဒီပြဲမွာ ဂိုးျပတ္မရံႈးေအာင္သာ အဓိကထား ကစားလာမယ္႔ ပံုစံမွာရိွေနပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကေတာ႔ ေနာက္ဆံုးကစားထားတဲ႔ စီးရီးေအပြဲစဥ္မွာ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔တာေၾကာင္႔ အမွတ္ေပးဇယားဒုတိယေနရာက နာပိုလီနဲ႔ ရမွတ္(၄)ပဲ ကြာပါေတာ႔တယ္။ ဒီအေနအထားေၾကာင္႔ ဂ်ဴဗင္တပ္စ္အေနနဲ႔ ႏိုင္ပြဲမျဖစ္မေနျပန္ရွာဖို႔လိုပါတယ္။ အမ္ပိုလီဟာ ဂ်ဴဗင္တပ္စ္ရဲ႕ ျပိဳင္ဘက္မဟုတ္ေပမယ္႔ ဒီပြဲမွာပိတ္ကစားလာႏိုင္တဲ႔ အျပင္ ဂ်ဴဗင္တပ္စ္ဟာလည္း ပြဲဆက္ေတြမ်ားေနတာေၾကာင္႔ ပြဲပန္းမႈ ဒဏ္ကိုခံရႏိုင္ျပီး ဂိုးျပတ္ႏိုင္ဖို႔ကေတာ႔ ခဲယဥ္းပါလိမ္႔မယ္။ ဂ်ဴဗင္တပ္စ္ အႏိုင္ေသခ်ာတဲ႔ ပြဲျဖစ္ျပီး (၁ – ၂ ) ၊ ( ၀ – ၂ ) ရလဒ္မ်ိဳးေတြထြက္ေပၚႏိုင္ပါတယ္။

Dybala-And-Cuadrado

Dybala-And-Cuadrado

အမ္ပိုလီ – ဂ်ဴဗင္တပ္စ္ ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး(၅)ၾကိမ္

Juventus 2 – 0 Empoli
Empoli 0 – 3 Juventus
Juventus 1 – 0 Empoli
Empoli 1 – 3 Juventus
Juventus 2 – 0 Empoli

Photo: Evening Standard , Juventus Twitter , HotSports!
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စီးရီးအေမှာ နိုင်ပွဲပြန်ရှာဖွေမယ့် ဂျူဗင်တပ်စ်

ဒီနေ့(စနေည)မှာ ကစားမယ့် စီးရီးအေပွဲစဉ်(၁၀)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အမ်ပိုလီအသင်းကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပါ။ စီးရီးအေပွဲစဉ်(၉)မှာ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဒီပွဲမှာတော့ နိုင်ပွဲပြန်ရှာဖွေရတော့မှာပဲဖြစ်ပါတယ်။

Cristiano-Ronaldo-And-Dybala

Cristiano-Ronaldo-And-Dybala

အမ်ပိုလီ – ဂျူဗင်တပ်စ် (စနေည ၁၀း၃၀ နာရီ )

အမ်ပိုလီမှာ အိမ်ကွင်းဆိုတဲ့ အရာပဲရှိပြီး ဂျူဗင်တပ်စ်ကို ယှဉ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပါ။ စီးရီးအေ(၈)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ခံစစ်ပိုင်းကလည်း အားနည်းနေတဲ့ အမ်ပိုလီအသင်းအနေနဲ့ ဒီပွဲမှာ ဂိုးပြတ်မရှုံးအောင်သာ အဓိကထား ကစားလာမယ့် ပုံစံမှာရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ နောက်ဆုံးကစားထားတဲ့ စီးရီးအေပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာက နာပိုလီနဲ့ ရမှတ်(၄)ပဲ ကွာပါတော့တယ်။ ဒီအနေအထားကြောင့် ဂျူဗင်တပ်စ်အနေနဲ့ နိုင်ပွဲမဖြစ်မနေပြန်ရှာဖို့လိုပါတယ်။ အမ်ပိုလီဟာ ဂျူဗင်တပ်စ်ရဲ့ ပြိုင်ဘက်မဟုတ်ပေမယ့် ဒီပွဲမှာပိတ်ကစားလာနိုင်တဲ့ အပြင် ဂျူဗင်တပ်စ်ဟာလည်း ပွဲဆက်တွေများနေတာကြောင့် ပွဲပန်းမှု ဒဏ်ကိုခံရနိုင်ပြီး ဂိုးပြတ်နိုင်ဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်။ ဂျူဗင်တပ်စ် အနိုင်သေချာတဲ့ ပွဲဖြစ်ပြီး (၁ – ၂ ) ၊ ( ၀ – ၂ ) ရလဒ်မျိုးတွေထွက်ပေါ်နိုင်ပါတယ်။

Dybala-And-Cuadrado

Dybala-And-Cuadrado

အမ်ပိုလီ – ဂျူဗင်တပ်စ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Juventus 2 – 0 Empoli
Empoli 0 – 3 Juventus
Juventus 1 – 0 Empoli
Empoli 1 – 3 Juventus
Juventus 2 – 0 Empoli

Photo: Evening Standard , Juventus Twitter , HotSports!
Ko Kyue(Akhayar)
www.akhayar.com