[Zawgyi]



Insigne

Insigne



Dzeko

Dzeko


Napoli 2 – 4 Roma
Roma 0 – 1 Napoli
Roma 1 – 2 Napoli
Napoli 1 – 3 Roma
Roma 1 – 0 Napoli

Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ နာပိုလီအသင်းရလဒ်ကောင်းရယူနိုင်မလား

ဒီတစ်ပတ်ရဲ့ စီးရီးအေပွဲစဉ်(၁၀)မှာတော့ ပွဲကောင်းတစ်ပွဲအဖြစ် နာပိုလီ – ရိုးမားပွဲပါဝင်နေပါတယ်။ နာပိုလီအသင်းဟာ အိမ်ကွင်းမှာ ရိုးမားကို အနိုင်မရတာ (၃)နှစ်ဆက်ရှိနေပြီဖြစ်တာကြောင့် ဒီပွဲမှာ နာပိုလီအသင်းရလဒ်ကောင်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Insigne

Insigne

နာပိုလီ – ရိုးမား ( တနင်္လာမနက် ၂း၀၀ နာရီ )

နာပိုလီအသင်းဟာ လက်ရိှမှာ ပုံစံကောင်းမှာရှိနေပေမယ့် ရိုးမားအသင်းကတော့ စီးရီးအေပွဲစဉ်(၉)မှာ မထင်မှတ်ဘဲ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နှစ်သင်းလုံးဟာ ဂိုးသွင်းအားကောင်းကြတဲ့ အသင်းတွေဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရနိုင်ပါတယ်။ နာပိုလီအသင်းဟာ ရိုးမားကို အိမ်ကွင်းမှာ အနိုင်မရတာ (၃)နှစ်ဆက်ရှိပြီးဖြစ်ပြီး အဲဒီ(၃)နှစ်အတွင်းမှာ (၁)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိခဲ့ပါတယ်။ ဒီအခြေအနေဆိုးကနေ နာပိုလီအသင်းဟာ ဒီပွဲမှာ ရုန်းထွက်ပြဖို့လိုအပ်ပါတယ်။ လက်ရှိ ဒီနှစ်သင်းမှာ နာပိုလီဟာ ပိုကောင်းတဲ့ အသင်းဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်နေတာကြောင့် အနိုင်ရလဒ်အတွက်တော့ နာပိုလီကိုရွေးရမှာဖြစ်ပေမယ့် မထင်မှတ်ဘဲလည်း သရေကျသွားနိုင်ပါတယ်။

Dzeko

Dzeko

နာပိုလီ – ရိုးမား ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Napoli 2 – 4 Roma
Roma 0 – 1 Napoli
Roma 1 – 2 Napoli
Napoli 1 – 3 Roma
Roma 1 – 0 Napoli

Photo: Stadium Astro , The Garden Island
Ko Kyue(Akhayar)
www.akhayar.com