[Zawgyi]

ဂ်ဴဗင္တပ္စ္ရဲ႕ ႏိုင္ပြဲဆက္ေနမႈကို ရပ္တန္႔ႏိုင္ခဲ႔တဲ႔ ဂ်ီႏိုအာ

စီးရီးေအမွာ ရာႏႈန္းျပည္႔ႏိုင္ပြဲဆက္ေနတဲ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအပြဲစဥ္(၉)မွာေတာ႔ ႏိုင္ပြဲဆက္ေနမႈ ရပ္တန္႔ခဲ႔ပါတယ္။ စီးရီးေအပြဲစဥ္(၉)မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ ဂ်ီႏိုအာနဲ႔ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ႔ပါတယ္။

ဂ်ဴဗင္တပ္စ္ ၁ – ၁ ဂ်ီႏိုအာ

Juventus-1-1-Genoa

Juventus-1-1-Genoa

ဂ်ဴဗင္တပ္စ္အသင္းကို စီေရာ္နယ္လ္ဒို Cristiano Ronaldo ၊ မန္ဇူကစ္ Mandžukić တို႔ကဦးေဆာင္လာခဲ႔ျပီး ဂ်ီႏိုအာအသင္းမွာလည္း ေျခစြမ္းျပေနတဲ႔ တိုက္စစ္မႈး ပီယာတက္ Piątek ပါ၀င္လာခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဂ်ီႏိုအာအသင္းကို ပြဲအစထဲက ဖိအားေပးကစားႏိုင္ခဲ႔ျပီး စီေရာ္နယ္လ္ဒိုရဲ႕ ထိုးေဖာက္ကန္သြင္းခ်က္ေတြဟာလည္း ကံေခေနတာေၾကာင္႔ ေစာေစာစီးစီးဂိုးမရခဲ႔တာပါ။ ဒါေပမဲ႔ ပြဲခ်ိန္(၁၈)မိနစ္မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္း ဦးေဆာင္ဂိုးရခဲ႔ျပီး စီေရာ္နယ္လ္ဒိုက သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ပထမပိုင္းမွာေတာ႔ စီေရာ္နယ္လ္ဒိုရဲ႕ အပိုင္ကန္ခ်က္ကို ဂ်ီႏိုအာဂိုးသမား ရာဒူ Radu လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

ဒုတိယပိုင္းမွာေတာ႔ ဂ်ီႏိုအာအသင္းက ပထမပိုင္းကထက္ တိုက္စစ္ဆင္မႈေတြပိုလုပ္လာႏိုင္ခဲ႔ပါတယ္။ ဂ်ီႏိုအာတိုက္စစ္မႈး ပီယာတက္ရဲ႕ ကန္ခ်က္ကိုလည္း ဂ်ဴဗင္တပ္စ္ဂိုးသမား ဆက္ဇနီ Szczęsny ကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၆၇)မိနစ္မွာေတာ႔ ဂ်ီႏိုအာအသင္း ေခ်ပဂိုးရခဲ႔ျပီး Kouamé ရဲ႕ျဖတ္တင္ေဘာကို Bessa ကေခါင္းတိုက္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ေခ်ပဂိုးေပးလိုက္ရတာေၾကာင္႔ ဂ်ဴဗင္တပ္စ္အသင္းဟာ အႏိုင္ဂိုးရရိွဖို႔ တိုက္စစ္ကိုပိုျမွင္႔တင္ကစားခဲ႔ေပမယ္႔ ထိုးေဖာက္ကန္သြင္းခ်က္ေတြက လြဲေခ်ာ္ေနခဲ႔တာေၾကာင္႔ သေရရလဒ္နဲ႔ပဲ ေက်နပ္ခဲ႔ရပါတယ္။

စီးရီးေအပြဲစဥ္(၉) ရလဒ္မ်ား

Roma 0 – 2 SPAL
Juventus 1 – 1 Genoa
Udinese 0 – 3 Napoli

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်ရဲ့ နိုင်ပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ ဂျီနိုအာ

စီးရီးအေမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ်(၉)မှာတော့ နိုင်ပွဲဆက်နေမှု ရပ်တန့်ခဲ့ပါတယ်။ စီးရီးအေပွဲစဉ်(၉)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ဂျီနိုအာနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။

ဂျူဗင်တပ်စ် ၁ – ၁ ဂျီနိုအာ

Juventus-1-1-Genoa

Juventus-1-1-Genoa

ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မန်ဇူကစ် Mandžukić တို့ကဦးဆောင်လာခဲ့ပြီး ဂျီနိုအာအသင်းမှာလည်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ပီယာတက် Piątek ပါဝင်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဂျီနိုအာအသင်းကို ပွဲအစထဲက ဖိအားပေးကစားနိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ ထိုးဖောက်ကန်သွင်းချက်တွေဟာလည်း ကံခေနေတာကြောင့် စောစောစီးစီးဂိုးမရခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန်(၁၈)မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး စီရော်နယ်လ်ဒိုက သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ စီရော်နယ်လ်ဒိုရဲ့ အပိုင်ကန်ချက်ကို ဂျီနိုအာဂိုးသမား ရာဒူ Radu လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

ဒုတိယပိုင်းမှာတော့ ဂျီနိုအာအသင်းက ပထမပိုင်းကထက် တိုက်စစ်ဆင်မှုတွေပိုလုပ်လာနိုင်ခဲ့ပါတယ်။ ဂျီနိုအာတိုက်စစ်မှုး ပီယာတက်ရဲ့ ကန်ချက်ကိုလည်း ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇနီ Szczęsny ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၆၇)မိနစ်မှာတော့ ဂျီနိုအာအသင်း ချေပဂိုးရခဲ့ပြီး Kouamé ရဲ့ဖြတ်တင်ဘောကို Bessa ကခေါင်းတိုက်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ချေပဂိုးပေးလိုက်ရတာကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အနိုင်ဂိုးရရှိဖို့ တိုက်စစ်ကိုပိုမြှင့်တင်ကစားခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းချက်တွေက လွဲချော်နေခဲ့တာကြောင့် သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

စီးရီးအေပွဲစဉ်(၉) ရလဒ်များ

Roma 0 – 2 SPAL
Juventus 1 – 1 Genoa
Udinese 0 – 3 Napoli

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com