[Zawgyi]



အမ်ပိုလီ ( ၁ – ၁ ) အေစီမီလန်

Empoli-1-1-AC-Milan

Empoli-1-1-AC-Milan



Udinese 1 – 2 Lazio
Atalanta 0 – 0 Torino
Cagliari 0 – 0 Sampdoria
Genoa 2 – 0 Chievo
Juventus 2 – 0 Bologna
Napoli 3 – 0 Parma
Roma 4 – 0 Frosinone
SPAL 0 – 2 Sassuolo
Empoli 1 – 1 Milan

Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စီးရီးအေ(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အေစီမီလန်

စီးရီးအေပွဲစဉ်(၆)မှာ အသင်းကြီးအများစု နိုင်ပွဲရခဲ့ပေမယ့် အေစီမီလန်အသင်းကတော့ အမ်ပိုလီကွင်းမှာ သရေတစ်မှတ်သာရယူနိုင်ခဲ့ပါတယ်။

အမ်ပိုလီ ( ၁ – ၁ ) အေစီမီလန်

Empoli-1-1-AC-Milan

Empoli-1-1-AC-Milan

ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး အေစီမီလန်အသင်းကတော့ ပွဲအစကတည်းက ဖိဖိစီးစီးနဲ့ ကစားနိုင်ခဲ့သလို အမ်ပိုလီအသင်းဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ပွဲချိန်(၁၀)မိနစ်မှာပဲ ဦးဆောင်ဂိုးစရခဲ့ပြီး ဘီဂလီယာ Biglia ရဲ့ကောင်းမွန်တဲ့ အဝေးကန်ချက်က အမ်ပိုလီကစားသမား Capezzi ထိပြီးဂိုးဝင်ခဲ့တာပါ။ နှစ်သင်းလုံးဟာ အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပြီး ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုကြောင့်သာ ဂိုးတွေ သိပ်မတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်(၇၁)မိနစ်မှာတော့ အမ်ပိုလီအသင်း ပယ်နယ်တီရခဲ့ပြီး Caputo က ကန်သွင်းယူကာ ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ဒီပယ်နယ်တီကတော့ အေစီမီလန်ခံစစ်ကစားသမားတွေရဲ့ ပေါ့ဆမှုကနေ အမ်ပိုလီအသင်းက ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာတော့ အေစီမီလန်အသင်းဟာ အနိုင်ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် အမ်ပိုလီဂိုးသမား Terracciano လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

စီးရီးအေပွဲစဉ်(၆) ရလဒ်များ

Udinese 1 – 2 Lazio
Atalanta 0 – 0 Torino
Cagliari 0 – 0 Sampdoria
Genoa 2 – 0 Chievo
Juventus 2 – 0 Bologna
Napoli 3 – 0 Parma
Roma 4 – 0 Frosinone
SPAL 0 – 2 Sassuolo
Empoli 1 – 1 Milan

Photo: Metro News , Empoli Twitter
Ko Kyue(Akhayar)
www.akhayar.com