[Zawgyi]

စီးရီးေအမွာ အေကာင္းဆံုးပံုစံနဲ႔ ေရွ႕ဆက္ေနတဲ႔ ဂ်ဴဗင္တပ္စ္

စီးရီးေအပြဲစဥ္(၁၂)ရဲ႕ အေကာင္းဆံုးပြဲစဥ္ျဖစ္တဲ႔ ေအစီမီလန္ – ဂ်ဴဗင္တပ္စ္ပြဲစဥ္မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ အေ၀းကြင္းမွာ ( ၀ – ၂ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ အသင္းၾကီးႏွစ္သင္း ထိပ္တိုက္ေတြ႕ဆံုတဲ႔ပြဲျဖစ္တာေၾကာင္႔လည္း ရင္ခုန္စရာအေျခအေနေတြရိွခဲ႔ပါတယ္။

AC-Milan-0-2-Juventus

AC-Milan-0-2-Juventus

ေအစီမီလန္ ၀ – ၂ ဂ်ဴဗင္တပ္စ္

ႏွစ္သင္းလံုးကေတာ႔ အေကာင္းဆံုးလူစာရင္းေတြနဲ႔ ပြဲထြက္လာခဲ႔ၾကျပီး ေအစီမီလန္တိုက္စစ္မွဴး ဟီဂြါအင္ Higuaín အတြက္ေတာ႔ အသင္းေဟာင္းကို ျပန္ရင္ဆိုင္ရတဲ႔ပြဲျဖစ္ခဲ႔ပါတယ္။ ေအစီမီလန္အသင္းရဲ႕ အထေလးမႈကို ဂ်ဴဗင္တပ္စ္အသင္းဟာ အခြင္႔ေကာင္းယူႏိုင္ခဲ႔ျပီး ပြဲခ်ိန္(၈)မိနစ္မွာပဲ အဲလက္စ္ဆန္ဒ႐ို Alex Sandro ရဲ႕ ျဖတ္တင္ေဘာကေန မန္ဇူကစ္ Mandžukić ကေခါင္းတိုက္ကာ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ႔ပါတယ္။

Mandžukić-And-Pjanić

Mandžukić-And-Pjanić

ပြဲခ်ိန္(၄၁)မိနစ္မွာေတာ႔ ပယ္နယ္တီ ဧရိယာအတြင္းမွာ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ဘီနာတီယာ Benatia ရဲ႕ လက္နဲ႔ေဘာလံုးထိခဲ႔တာေၾကာင္႔ ေအစီမီလန္အသင္း ပယ္နယ္တီရရိွခဲ႔ပါတယ္။ ဒီပယ္နယ္တီကို ဟီဂြါအင္ ကန္သြင္းခဲ႔ေပမယ္႔ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ႔ျခင္း မရိွခဲ႔တာေၾကာင္႔ အသင္းေဟာင္းဘက္ ကို ဂိုးသြင္းႏို္င္မယ္႔ အခြင္႔အေရးနဲ႔ေ၀းခဲ႔ရပါတယ္။

Higuaín

Higuaín

ပြဲခ်ိန္(၈၁)မိနစ္မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္း ဒုတိယဂိုးရရိွခဲ႔ျပီး ကန္ဆယ္လို Cancelo ရဲ႕ ကန္ခ်က္ကေန ဒြန္နာရမ္မာ Donnarumma ပုတ္ထုတ္လိုက္တဲ႔ ေဘာလံုးကို ဂိုးေရွ႕မွာအသင္႔ရိွေနတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo က အျပင္းကန္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၈၃)မိနစ္မွာ ဟီဂြါအင္ ဟာ ဘီနာတီယာ ကို ကစားပံုၾကမ္းခဲ႔လို႔ ကြင္းလယ္ဒိုင္က အ၀ါကတ္ျပခဲ႔ပါတယ္။ အ၀ါကတ္ျပခံရတာကို မေက်နပ္ျဖစ္ခဲ႔တဲ႔ ဟီဂြါအင္ ဟာ ကြင္းလယ္ဒိုင္ကို ေအာ္ဟစ္ခဲ႔တာေၾကာင္႔ ကြင္းလယ္ဒိုင္က ဟီဂြါအင္ကို အနီကတ္ထပ္ျပခဲ႔ျပီး ထုတ္ပယ္ခဲ႔ပါတယ္။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

ဒီရံႈးပြဲေၾကာင္႔ ေအစီမီလန္အသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းကို ျပိဳင္ပြဲစံုေနာက္ဆံုး(၆)ပြဲဆက္ရံႈးတဲ႔ပြဲျဖစ္ခဲ႔ရသလို တိုက္စစ္မွဴး ဟီဂြါအင္ ဟာလည္း အသင္းေဟာင္းနဲ႔ျပန္ကစားရတဲ႔ ပြဲမွာ စိတ္ပ်က္စရာေတြနဲ႔ ၾကံဳေတြ႕ခဲ႔ရပါတယ္။

Photo: Juventus Twitter , TVN24 Sport , AC Milan Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စီးရီးအေမှာ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်နေတဲ့ ဂျူဗင်တပ်စ်

စီးရီးအေပွဲစဉ်(၁၂)ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ အေစီမီလန် – ဂျူဗင်တပ်စ်ပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အဝေးကွင်းမှာ ( ၀ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်တာကြောင့်လည်း ရင်ခုန်စရာအခြေအနေတွေရှိခဲ့ပါတယ်။

AC-Milan-0-2-Juventus

AC-Milan-0-2-Juventus

အေစီမီလန် ၀ – ၂ ဂျူဗင်တပ်စ်

နှစ်သင်းလုံးကတော့ အကောင်းဆုံးလူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး အေစီမီလန်တိုက်စစ်မှူး ဟီဂွါအင် Higuaín အတွက်တော့ အသင်းဟောင်းကို ပြန်ရင်ဆိုင်ရတဲ့ပွဲဖြစ်ခဲ့ပါတယ်။ အေစီမီလန်အသင်းရဲ့ အထလေးမှုကို ဂျူဗင်တပ်စ်အသင်းဟာ အခွင့်ကောင်းယူနိုင်ခဲ့ပြီး ပွဲချိန်(၈)မိနစ်မှာပဲ အဲလက်စ်ဆန်ဒရို Alex Sandro ရဲ့ ဖြတ်တင်ဘောကနေ မန်ဇူကစ် Mandžukić ကခေါင်းတိုက်ကာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

Mandžukić-And-Pjanić

Mandžukić-And-Pjanić

ပွဲချိန်(၄၁)မိနစ်မှာတော့ ပယ်နယ်တီ ဧရိယာအတွင်းမှာ ဂျူဗင်တပ်စ်နောက်ခံလူ ဘီနာတီယာ Benatia ရဲ့ လက်နဲ့ဘောလုံးထိခဲ့တာကြောင့် အေစီမီလန်အသင်း ပယ်နယ်တီရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကို ဟီဂွါအင် ကန်သွင်းခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် အသင်းဟောင်းဘက် ကို ဂိုးသွင်းနိုင်မယ့် အခွင့်အရေးနဲ့ဝေးခဲ့ရပါတယ်။

Higuaín

Higuaín

ပွဲချိန်(၈၁)မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ကန်ဆယ်လို Cancelo ရဲ့ ကန်ချက်ကနေ ဒွန်နာရမ်မာ Donnarumma ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို ဂိုးရှေ့မှာအသင့်ရှိနေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo က အပြင်းကန်သွင်းယူခဲ့တာပါ။ ပွဲချိန်(၈၃)မိနစ်မှာ ဟီဂွါအင် ဟာ ဘီနာတီယာ ကို ကစားပုံကြမ်းခဲ့လို့ ကွင်းလယ်ဒိုင်က အဝါကတ်ပြခဲ့ပါတယ်။ အဝါကတ်ပြခံရတာကို မကျေနပ်ဖြစ်ခဲ့တဲ့ ဟီဂွါအင် ဟာ ကွင်းလယ်ဒိုင်ကို အော်ဟစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဟီဂွါအင်ကို အနီကတ်ထပ်ပြခဲ့ပြီး ထုတ်ပယ်ခဲ့ပါတယ်။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

ဒီရှုံးပွဲကြောင့် အေစီမီလန်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကို ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲဆက်ရှုံးတဲ့ပွဲဖြစ်ခဲ့ရသလို တိုက်စစ်မှူး ဟီဂွါအင် ဟာလည်း အသင်းဟောင်းနဲ့ပြန်ကစားရတဲ့ ပွဲမှာ စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Photo: Juventus Twitter , TVN24 Sport , AC Milan Twitter
Ko Kyue(Akhayar)
www.akhayar.com