[Zawgyi]

အိမ္ကြင္းမွာ ႐ိုးမားကို (၄)ႏွစ္ဆက္တိုက္ အႏိုင္မရခဲ႔တဲ႔ နာပိုလီ

စီးရီးေအ ပြဲစဥ္(၁၀)ရဲ႕ ပြဲေကာင္းတစ္ပြဲျဖစ္တဲ႔ နာပိုလီ – ႐ိုးမားပြဲစဥ္ဟာ တစ္ဖက္ကို (၁)ဂိုးစီနဲ႔ သေရရလဒ္ထြက္ေပၚခဲ႔ပါတယ္။ နာပိုလီဟာ သူတို႔ရဲ႕ အစဥ္အလာဆိုးကေန ႐ုန္းထြက္ႏိုင္ခဲ႔ျခင္းမရိွဘူးလို႔ ေျပာရမွာျဖစ္ျပီး အိမ္ကြင္းမွာ ႐ိုးမားကို (၄)ႏွစ္ဆက္ အႏိုင္မရရိွခဲ႔တာပဲျဖစ္ပါတယ္။

Napoli-1-1-Roma

Napoli-1-1-Roma

နာပိုလီ ၁ – ၁ ႐ိုးမား

Mertens-Celebrate

Mertens-Celebrate

နာပိုလီအသင္းဟာ ဒီပြဲမွာ ပြဲအစမွာပဲ ႐ိုးမားဘက္ကို ဖိအားေပးကစားခဲ႔ပါတယ္။ ႐ိုးမားအသင္းဟာ ဦးေဆာင္ဂိုးမရခင္အထိ နာပိုလီဘက္ကို ဖိအားေပးႏိုင္ျခင္းမရိွခဲ႔ပါဘူး။ ပြဲခ်ိန္(၁၄)မိနစ္မွာေတာ႔ နာပိုလီအသင္းရဲ႕ ခံစစ္ပိုင္းလူကပ္ကစားပံုအားနည္းခ်က္ကေန ႐ိုးမားအသင္းအခြင္႔အေရးရရိွခဲ႔ျပီး အယ္ရွာရာ၀ီ El Shaarawy ကကန္သြင္းယူခဲ႔တာပါ။ နာပိုလီအသင္းဟာ ေခ်ပဂိုးရရိွဖို႔ ႐ိုးမားအသင္းကို ဖိအားေပးကစားႏိုင္ခဲ႔ေပမယ္႔ ႐ိုးမားဂိုးသမား Olsen လက္စြမ္းျပကာကြယ္မႈေတြျပဳလုပ္ႏိုင္ခဲ႔သလို ႐ိုးမားအသင္းရဲ႕ တစ္ခ်က္တစ္ခ်က္ ထိုးေဖာက္မႈေတြဟာလည္း နာပိုလီအသင္းကို ဒုကၡေရာက္ေစခဲ႔ပါတယ္။ ဒုတိယပိုင္းမွာလည္း နာပိုလီအသင္းဟာ ေခ်ပဂိုးရရိွဖို႔ ၾကိဳးစားခဲ႔ေပမယ္႔ ထိေရာက္တဲ႔ ထိုးေဖာက္မႈေတြကို ျပဳလုပ္ႏိုင္ခဲ႔ျခင္းမရိွခဲ႔ပါဘူး။ ပြဲခ်ိန္မိနစ္(၉၀)မွာေတာ႔ နာပိုလီအသင္းေခ်ပဂိုးရရိွခဲ႔ျပီး ဘယ္ျခမ္းကျဖတ္တင္ေပးလိုက္တဲ႔ ေဘာလံုးကို ကယ္လီဟြန္ Callejón ကန္တာထိခ်က္လြဲခဲ႔တာက တစ္ဆင္႔ရရိွလာတဲ႔ ေဘာလံုးကို လူကပ္မခံထားရတဲ႔ လူစား၀င္တိုက္စစ္ကစားသမား မာတင္စ္ Mertens ကပိတ္သြင္းယူခဲ႔တာျဖစ္ပါတယ္။

Photo: ESPN.com , SportoweFakty – Wp , Napoli Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ ရိုးမားကို (၄)နှစ်ဆက်တိုက် အနိုင်မရခဲ့တဲ့ နာပိုလီ

စီးရီးအေ ပွဲစဉ်(၁၀)ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ နာပိုလီ – ရိုးမားပွဲစဉ်ဟာ တစ်ဖက်ကို (၁)ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ နာပိုလီဟာ သူတို့ရဲ့ အစဉ်အလာဆိုးကနေ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိဘူးလို့ ပြောရမှာဖြစ်ပြီး အိမ်ကွင်းမှာ ရိုးမားကို (၄)နှစ်ဆက် အနိုင်မရရှိခဲ့တာပဲဖြစ်ပါတယ်။

Napoli-1-1-Roma

Napoli-1-1-Roma

နာပိုလီ ၁ – ၁ ရိုးမား

Mertens-Celebrate

Mertens-Celebrate

နာပိုလီအသင်းဟာ ဒီပွဲမှာ ပွဲအစမှာပဲ ရိုးမားဘက်ကို ဖိအားပေးကစားခဲ့ပါတယ်။ ရိုးမားအသင်းဟာ ဦးဆောင်ဂိုးမရခင်အထိ နာပိုလီဘက်ကို ဖိအားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ပွဲချိန်(၁၄)မိနစ်မှာတော့ နာပိုလီအသင်းရဲ့ ခံစစ်ပိုင်းလူကပ်ကစားပုံအားနည်းချက်ကနေ ရိုးမားအသင်းအခွင့်အရေးရရှိခဲ့ပြီး အယ်ရှာရာဝီ El Shaarawy ကကန်သွင်းယူခဲ့တာပါ။ နာပိုလီအသင်းဟာ ချေပဂိုးရရှိဖို့ ရိုးမားအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ရိုးမားဂိုးသမား Olsen လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့သလို ရိုးမားအသင်းရဲ့ တစ်ချက်တစ်ချက် ထိုးဖောက်မှုတွေဟာလည်း နာပိုလီအသင်းကို ဒုက္ခရောက်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နာပိုလီအသင်းဟာ ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပွဲချိန်မိနစ်(၉၀)မှာတော့ နာပိုလီအသင်းချေပဂိုးရရှိခဲ့ပြီး ဘယ်ခြမ်းကဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ကယ်လီဟွန် Callejón ကန်တာထိချက်လွဲခဲ့တာက တစ်ဆင့်ရရှိလာတဲ့ ဘောလုံးကို လူကပ်မခံထားရတဲ့ လူစားဝင်တိုက်စစ်ကစားသမား မာတင်စ် Mertens ကပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo: ESPN.com , SportoweFakty – Wp , Napoli Twitter
Ko Kyue(Akhayar)
www.akhayar.com