[Zawgyi]

စီေရာ္နယ္လ္ဒိုရဲ႕ ဂိုးေတြနဲ႔ ႏိုင္ပြဲရရိွခဲ႔တဲ႔ ဂ်ဴဗင္တပ္စ္

စီးရီးေအ ပြဲစဥ္(၉)မွာ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔တဲ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအပြဲစဥ္(၁၀)မွာေတာ႔ လိုအပ္ေနတဲ႔ ႏိုင္ပြဲကိုရရိွခဲ႔ပါတယ္။ ဒီပြဲမွာ အမ္ပိုလီအသင္းရဲ႕ ေကာင္းမြန္တဲ႔ တံု႔ျပန္အားေၾကာင္႔ ဂ်ဴဗင္တပ္စ္အသင္းဟာ အႏိုင္ရဖို႔ အနည္းငယ္ခက္ခဲခဲ႔ပါတယ္။

Juventus

Juventus

အမ္ပိုလီ ၁ – ၂ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီပြဲမွာ အဓိကကစားသမားေတြနဲ႔ အရန္ကစားသမားေတြကို ေရာစပ္ျပီးပြဲထြက္လာခဲ႔ပါတယ္။ ဒီဘားလား Dybala ၊ စီေရာ္နယ္လ္ဒို Cristiano Ronaldo တို႔ဦးေဆာင္လာခဲ႔တဲ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ ပထမပိုင္းမွာ အမ္ပိုလီအသင္းကို အသာစီးကစားႏိုင္ေပမယ္႔ ထိေရာက္တဲ႔ ထိုးေဖာက္မႈေတြကိုေတာ႔ မလုပ္ႏိုင္ခဲ႔ပါဘူး။ ဂ်ဴဗင္တပ္စ္အသင္းဟာ အဲလက္စ္ ဆန္ဒ႐ို Alex Sandro ရဲ႕ ဘယ္ျခမ္းကေနသာ အဓိကတိုက္စစ္ဆင္ခဲ႔ျပီး ညာျခမ္းကေတာ႔ တိုက္စစ္ဆင္မႈ မရိွသေလာက္ကိုျဖစ္ခဲ႔ပါတယ္။ အမ္ပိုလီအသင္းရဲ႕ စုစုစည္းစည္းနဲ႔ ၾကိဳးစားကစားတဲ႔ ပံုစံဟာအလုပ္ျဖစ္ခဲ႔ျပီး ပြဲခ်ိန္(၂၈)မိနစ္မွာေတာ႔ အမ္ပိုလီအသင္းက ဦးေဆာင္ဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ တန္ုျပန္တိုက္စစ္ကေန ရရိွလာတဲ႔ အခြင္႔အေရးကို ကာပူတို Caputo ကဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူခဲ႔တာပါ။

Cristiano-Ronaldo-Score

Cristiano-Ronaldo-Score

ဒုတိယပိုင္းမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ ေခ်ပဂိုးရရိွဖို႔အတြက္ တိုက္စစ္ကိုပိုျမွင္႔တင္ကစားလာခဲ႔ျပီး ထိေရာက္တဲ႔ဖိအားေပးမႈေတြျပဳလုပ္လာႏိုင္ခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္တိုက္စစ္ကစားသမား ဒီဘားလားကို အမ္ပိုလီအသင္းက ကစားပံုၾကမ္းတမ္းခဲ႔တာေၾကာင္႔ ပြဲခ်ိန္(၅၄)မိနစ္မွာ ဂ်ဴဗင္တပ္စ္အသင္း ပယ္နယ္တီရရိွခဲ႔သလို ဒီပယ္နယ္တီကို စီေရာ္နယ္လ္ဒိုက အမွားအယြင္းမရိွကန္သြင္းခဲ႔ျပီး အသင္းအတြက္ေခ်ပဂိုးသြင္းယူေပးခဲ႔ပါတယ္။ ပြဲခ်ိန္မိနစ္(၇၀)မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းက ဒုတိယဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကို စီေရာ္နယ္လ္ဒိုက ျပင္းထန္အားပါျပီး တိက်တဲ႔ အေ၀းကန္ခ်က္ကေန သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။ ေနာက္ပိုင္းမိနစ္ေတြမွာေတာ႔ ပြဲဟာအနည္းငယ္ေအးစက္ခဲ႔ျပီး ဂ်ဴဗင္တပ္စ္အသင္းဟာ ႏိုင္ပြဲ ျပန္လည္ရွာေဖြႏိုင္ခဲ႔ပါတယ္။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စီရော်နယ်လ်ဒိုရဲ့ ဂိုးတွေနဲ့ နိုင်ပွဲရရှိခဲ့တဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ပွဲစဉ်(၉)မှာ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ်(၁၀)မှာတော့ လိုအပ်နေတဲ့ နိုင်ပွဲကိုရရှိခဲ့ပါတယ်။ ဒီပွဲမှာ အမ်ပိုလီအသင်းရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်အားကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အနိုင်ရဖို့ အနည်းငယ်ခက်ခဲခဲ့ပါတယ်။

Juventus

Juventus

အမ်ပိုလီ ၁ – ၂ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲမှာ အဓိကကစားသမားတွေနဲ့ အရန်ကစားသမားတွေကို ရောစပ်ပြီးပွဲထွက်လာခဲ့ပါတယ်။ ဒီဘားလား Dybala ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ဦးဆောင်လာခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပထမပိုင်းမှာ အမ်ပိုလီအသင်းကို အသာစီးကစားနိုင်ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဂျူဗင်တပ်စ်အသင်းဟာ အဲလက်စ် ဆန်ဒရို Alex Sandro ရဲ့ ဘယ်ခြမ်းကနေသာ အဓိကတိုက်စစ်ဆင်ခဲ့ပြီး ညာခြမ်းကတော့ တိုက်စစ်ဆင်မှု မရှိသလောက်ကိုဖြစ်ခဲ့ပါတယ်။ အမ်ပိုလီအသင်းရဲ့ စုစုစည်းစည်းနဲ့ ကြိုးစားကစားတဲ့ ပုံစံဟာအလုပ်ဖြစ်ခဲ့ပြီး ပွဲချိန်(၂၈)မိနစ်မှာတော့ အမ်ပိုလီအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ တန်ုပြန်တိုက်စစ်ကနေ ရရှိလာတဲ့ အခွင့်အရေးကို ကာပူတို Caputo ကဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာပါ။

Cristiano-Ronaldo-Score

Cristiano-Ronaldo-Score

ဒုတိယပိုင်းမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ချေပဂိုးရရှိဖို့အတွက် တိုက်စစ်ကိုပိုမြှင့်တင်ကစားလာခဲ့ပြီး ထိရောက်တဲ့ဖိအားပေးမှုတွေပြုလုပ်လာနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလားကို အမ်ပိုလီအသင်းက ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ပွဲချိန်(၅၄)မိနစ်မှာ ဂျူဗင်တပ်စ်အသင်း ပယ်နယ်တီရရှိခဲ့သလို ဒီပယ်နယ်တီကို စီရော်နယ်လ်ဒိုက အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး အသင်းအတွက်ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်မိနစ်(၇၀)မှာတော့ ဂျူဗင်တပ်စ်အသင်းက ဒုတိယဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကို စီရော်နယ်လ်ဒိုက ပြင်းထန်အားပါပြီး တိကျတဲ့ အဝေးကန်ချက်ကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာတော့ ပွဲဟာအနည်းငယ်အေးစက်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဟာ နိုင်ပွဲ ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com