[Zawgyi]



Juventus

Juventus



Cristiano-Ronaldo

Cristiano-Ronaldo


SPAL 0 – 0 Juventus
Juventus 4 – 1 SPAL

Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စီးရီးအေမှာ နိုင်ပွဲဆက်ဦးမယ့် ဂျူဗင်တပ်စ်

ဒီတစ်ပတ်ရဲ့ စီးရီးအေပွဲစဉ်(၁၃)မှာလည်း ဂျူဗင်တပ်စ်အသင်းဟာ နိုင်ပွဲဆက်ဦးမယ့် အခြေအနေမှာရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ SPAL နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Juventus

Juventus

ဂျူဗင်တပ်စ် – SPAL ( စနေည ၁၁း၃၀ နာရီ )

ဒီပွဲပြီးရင် ဂျူဗင်တပ်စ် ချန်ပီယံလိဂ်ကစားဖို့ရှိပေမယ့် ဒါဟာ ဂျူဗင်တပ်စ်အတွက်တော့ အခက်အခဲတစ်ခုမဟုတ်ပါဘူး။ လက်ရှိအကောင်းဆုံးပုံစံမှာ ဂျူဗင်တပ်စ်အသင်းဟာ ရှိနေတာကြောင့် ဒီအခြေအနေကို အေးအေးဆေးဆေး ကျော်ဖြတ်သွားမယ် အနေအထားမှာရှိနေပါတယ်။ SPAL အသင်းကတော့ ဒီနှစ်မှာ ခြေစွမ်းပိုင်းကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရပြီး အသင်းရဲ့ ခံစစ်ပိုင်းကလည်း အားနည်းချက်တွေများလွန်းပါတယ်။ SPAL အသင်း ရဲ့ ခံစစ်ပိုင်း အားနည်းမှုဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒို  Cristiano Ronaldo ရဲ့အကြိုက်ပါပဲ။ ဂျူဗင်တပ်စ် အနိုင်သေချာတဲ့ ပွဲစဉ်ဖြစ်ပြီး အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

Cristiano-Ronaldo

Cristiano-Ronaldo

ဂျူဗင်တပ်စ် – SPAL ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၂)ကြိမ်

SPAL 0 – 0 Juventus
Juventus 4 – 1 SPAL

Photo: Goal.com , la-croix.com , SWX
Ko Kyue(Akhayar)
www.akhayar.com