[Zawgyi]

အသင္းၾကီးေတြ ရလဒ္ေကာင္းဖို႔ရိွေနတဲ႔ စီးရီးေအ ပြဲစဥ္(၉)

ဒီတစ္ပတ္ရဲ႕ စီးရီးေအ ပြဲစဥ္(၉)မွာေတာ႔ အသင္းၾကီးေတြ ရလဒ္ေကာင္းရရိွဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။ ဒါေပမဲ႔ ဒီပြဲေတြျပီးရင္ အသင္းၾကီးေတြဟာ ခ်န္ပီယံလိဂ္ပြဲေတြ ကစားဖို႔ရိွေနတာေၾကာင္႔ ဂိုးျပတ္ႏိုင္ပြဲေတြကို ျမင္ေတြ႕ရဖို႔ကေတာ႔ ခက္ခဲႏိုင္ပါတယ္။

႐ိုးမား – SPAL ( စေနည ၇း၃၀ နာရီ )

Roma

Roma

အေကာင္းဆံုးပံုစံရေနျပီး ျပိဳင္ပြဲစံုေနာက္ဆံုး(၄)ပြဲဆက္ အႏိုင္ရထားတဲ႔ ႐ိုးမားကို စီးရီးေအေနာက္ဆံုး(၄)ပြဲဆက္ရံႈးနိမ္႔ထားတဲ႔ SPAL အေနနဲ႔ အံတုဖို႔ဆိုတာ ဘယ္လိုမွမလြယ္တဲ႔ အရာပါ။ ႐ိုးမားရဲ႕ လက္ရိွတိုက္စစ္ပိုင္းက ေကာင္းမြန္ေနျပီး SPAL ကလည္း ဂိုးသြင္းေျခရိွတဲ႔ အသင္းျဖစ္တာေၾကာင္႔ သြင္းဂိုးေတြျမင္ေတြ႕ရဖို႔ရိွပါတယ္။ ႐ိုးမား ( ၂ – ၁ ) SPAL ရလဒ္မ်ိဳး ျဖစ္လာႏိုင္ပါတယ္။

ဂ်ဴဗင္တပ္စ္ – ဂ်ီႏိုအာ ( စေနည ၁၀း၃၀ နာရီ )

Cristiano-Ronaldo

Cristiano-Ronaldo

စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ ပီယာတက္ Piątek ဘယ္သူဂိုးသြင္းမလားဆိုတာ ေစာင္႔ၾကည္႔ရမယ္႔ ပြဲပါပဲ။ ဂ်ီႏိုအာရဲ႕ ေျခစြမ္းကအတိုင္းအတာတစ္ခုထိ ေကာင္းမြန္ေပမယ္႔ ဂ်ဴဗင္တပ္စ္ကို ယွဥ္ဖို႔ကေတာ႔ မလြယ္ပါဘူး။ စီးရီးေအမွာ ႏိုင္ပြဲဆက္စံခ်ိန္ရယူေနတဲ႔ ဂ်ဴဗင္တပ္စ္ ဒီစံခ်ိန္ကိုထပ္ထိန္းမယ္႔ ပြဲပဲျဖစ္လာမွာပါ။ ဂ်ဴဗင္တပ္စ္ အႏိုင္ေသခ်ာပါတယ္။

အူဒီးနီးစ္ – နာပိုလီ ( တနဂၤေႏြမနက္ ၁း၀၀ နာရီ )

Napoli

Napoli

စီးရီးေအ ေနာက္ဆံုး(၃)ပြဲဆက္ ရံႈးနိမ္႔ထားတဲ႔ အူဒီးနီးစ္အေနနဲ႔ ဒီပြဲမွာေတာ႔ ရလဒ္ေကာင္းျပန္ရဖို႔ ၾကိဳးစားလာမွာက ေသခ်ာေနပါတယ္။ အူဒီးနီးစ္ အိမ္ကြင္းလည္းျဖစ္ေနတာေၾကာင္႔ ရလဒ္ေကာင္းတစ္ခုကေတာ႔ ေမွ်ာ္လင္႔ခြင္႔ရိွေနပါတယ္။ နာပိုလီ အေနနဲ႔ ခ်န္ပီယံလိဂ္ဘက္ကို ပိုအာ႐ံုထားမိရင္ေတာ႔ အူဒီးနီးစ္ကို အခြင္႔အေရးေပးလိုက္သလို ျဖစ္သြားမွာပါ။ အႏိုင္ရလဒ္အတြက္ နာပိုလီကိုေရြးရမွာျဖစ္ေပမယ္႔ မထင္မွတ္ဘဲ သေရက်သြားႏိုင္ပါတယ္။

Photo: IOL , Stay Up to date
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးတွေ ရလဒ်ကောင်းဖို့ရှိနေတဲ့ စီးရီးအေ ပွဲစဉ်(၉)

ဒီတစ်ပတ်ရဲ့ စီးရီးအေ ပွဲစဉ်(၉)မှာတော့ အသင်းကြီးတွေ ရလဒ်ကောင်းရရှိဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဒါပေမဲ့ ဒီပွဲတွေပြီးရင် အသင်းကြီးတွေဟာ ချန်ပီယံလိဂ်ပွဲတွေ ကစားဖို့ရှိနေတာကြောင့် ဂိုးပြတ်နိုင်ပွဲတွေကို မြင်တွေ့ရဖို့ကတော့ ခက်ခဲနိုင်ပါတယ်။

ရိုးမား – SPAL ( စနေည ရး၃၀ နာရီ )

Roma

Roma

အကောင်းဆုံးပုံစံရနေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် အနိုင်ရထားတဲ့ ရိုးမားကို စီးရီးအေနောက်ဆုံး(၄)ပွဲဆက်ရှုံးနိမ့်ထားတဲ့ SPAL အနေနဲ့ အံတုဖို့ဆိုတာ ဘယ်လိုမှမလွယ်တဲ့ အရာပါ။ ရိုးမားရဲ့ လက်ရှိတိုက်စစ်ပိုင်းက ကောင်းမွန်နေပြီး SPAL ကလည်း ဂိုးသွင်းခြေရှိတဲ့ အသင်းဖြစ်တာကြောင့် သွင်းဂိုးတွေမြင်တွေ့ရဖို့ရှိပါတယ်။ ရိုးမား ( ၂ – ၁ ) SPAL ရလဒ်မျိုး ဖြစ်လာနိုင်ပါတယ်။

ဂျူဗင်တပ်စ် – ဂျီနိုအာ ( စနေည ၁၀း၃၀ နာရီ )

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ပီယာတက် Piątek ဘယ်သူဂိုးသွင်းမလားဆိုတာ စောင့်ကြည့်ရမယ့် ပွဲပါပဲ။ ဂျီနိုအာရဲ့ ခြေစွမ်းကအတိုင်းအတာတစ်ခုထိ ကောင်းမွန်ပေမယ့် ဂျူဗင်တပ်စ်ကို ယှဉ်ဖို့ကတော့ မလွယ်ပါဘူး။ စီးရီးအေမှာ နိုင်ပွဲဆက်စံချိန်ရယူနေတဲ့ ဂျူဗင်တပ်စ် ဒီစံချိန်ကိုထပ်ထိန်းမယ့် ပွဲပဲဖြစ်လာမှာပါ။ ဂျူဗင်တပ်စ် အနိုင်သေချာပါတယ်။

အူဒီးနီးစ် – နာပိုလီ ( တနင်္ဂနွေမနက် ၁း၀၀ နာရီ )

Napoli

Napoli

စီးရီးအေ နောက်ဆုံး(၃)ပွဲဆက် ရှုံးနိမ့်ထားတဲ့ အူဒီးနီးစ်အနေနဲ့ ဒီပွဲမှာတော့ ရလဒ်ကောင်းပြန်ရဖို့ ကြိုးစားလာမှာက သေချာနေပါတယ်။ အူဒီးနီးစ် အိမ်ကွင်းလည်းဖြစ်နေတာကြောင့် ရလဒ်ကောင်းတစ်ခုကတော့ မျှော်လင့်ခွင့်ရှိနေပါတယ်။ နာပိုလီ အနေနဲ့ ချန်ပီယံလိဂ်ဘက်ကို ပိုအာရုံထားမိရင်တော့ အူဒီးနီးစ်ကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမှာပါ။ အနိုင်ရလဒ်အတွက် နာပိုလီကိုရွေးရမှာဖြစ်ပေမယ့် မထင်မှတ်ဘဲ သရေကျသွားနိုင်ပါတယ်။

Photo: IOL , Stay Up to date
Ko Kyue(Akhayar)
www.akhayar.com