[Zawgyi]

ဂ်ဴဗင္တပ္စ္နဲ႔ ႐ိုးမားတို႔ ရလဒ္ေကာင္းဖို႔ရိွေနတဲ႔ စီးရီးေအပြဲစဥ္(၈)

စီးရီးေအပြဲစဥ္(၈) မွာေတာ႔ လက္ရိွမွာပံုစံေကာင္း ရေနတဲ႔ ဂ်ဴဗင္တပ္စ္နဲ႔ ေျချပန္မွန္လာတဲ႔ ႐ိုးမားတို႔ဟာ ရလဒ္ေကာင္းရရိွဖို႔ ရာခိုင္ႏႈန္းမ်ားေနၾကပါတယ္။

အူဒီးနီးစ္ ႏွင္႔ ဂ်ဴဗင္တပ္စ္ ( စေနည ၁၀း၃၀ နာရီ )

Juventus

Juventus

လက္ရိွမွာ ေျခစြမ္းက်ဆင္းေနတဲ႔ အူဒီးနီးစ္ အေနနဲ႔ ဂ်ဴဗင္တပ္စ္ ကိုယွဥ္ဖို႔ဆိုတာ ဘယ္လိုမွမလြယ္တဲ႔အရာပါ။ ဂ်ဴဗင္တပ္စ္ဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၉)ပြဲဆက္ႏိုင္ပြဲရထားသလို စီးရီးေအမွာလည္း ရာႏႈန္းျပည္႔ႏိုင္ပြဲရယူထားပါတယ္။ စီးရီးေအရဲ႕ တစ္ေကာင္တည္းေျပးတဲ႔ ျမင္းျဖစ္ေနတဲ႔ ဂ်ဴဗင္တပ္စ္အေနနဲ႔ ႏိုင္ပြဲဆက္စံခ်ိန္ကိုဆက္ထိန္းမွာျဖစ္သလို အနီးဆံုးျပိဳင္ဘက္နာပိုလီကိုလည္း ရမွတ္ျပတ္ႏိုင္သေလာက္ ျဖတ္ဖို႔ၾကိဳးစားလာမွာပါ။ ဂ်ဴဗင္တပ္စ္(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

အမ္ပိုလီ ႏွင္႔ ႐ိုးမား ( တနဂၤေႏြ မနက္ ၁း၀၀ နာရီ )

Roma

Roma

႐ိုးမားအသင္း ျပန္လာႏိုင္ခဲ႔တဲ႔ အေျခအေနက အားရစရာေကာင္းေနျပီး ျပိဳင္ပြဲစံုေနာက္ဆံုး(၃)ပြဲဆက္ အႏိုင္ရထားသလို တစ္ပြဲကို အနိမ္႔ဆံုး(၃)ဂိုးသြင္းယူထားပါတယ္။ အမ္ပိုလီရဲ႕ လက္ရိွအေနအထားက ဆိုးရြားေနေပမယ္႔ အိမ္ကြင္းေျခစြမ္းမာေက်ာတာကိုေတာ႔ ထည္႔တြက္ရပါလိမ္႔မယ္။ ႐ိုးမားႏိုင္မယ္႔ ပြဲစဥ္ျဖစ္ေပမယ္႔ ဂိုးျပတ္ဖို႔မရိွဘဲ ကပ္ႏိုင္႐ံုေလာက္ပဲ ျဖစ္ႏိုင္ပါတယ္။

Photo: US Sports Guru , it.eurosport.com , Roma Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်နဲ့ ရိုးမားတို့ ရလဒ်ကောင်းဖို့ရှိနေတဲ့ စီးရီးအေပွဲစဉ်(၈)

စီးရီးအေပွဲစဉ်(၈) မှာတော့ လက်ရှိမှာပုံစံကောင်း ရနေတဲ့ ဂျူဗင်တပ်စ်နဲ့ ခြေပြန်မှန်လာတဲ့ ရိုးမားတို့ဟာ ရလဒ်ကောင်းရရှိဖို့ ရာခိုင်နှုန်းများနေကြပါတယ်။

အူဒီးနီးစ် နှင့် ဂျူဗင်တပ်စ် ( စနေည ၁၀း၃၀ နာရီ )

Juventus

Juventus

လက်ရှိမှာ ခြေစွမ်းကျဆင်းနေတဲ့ အူဒီးနီးစ် အနေနဲ့ ဂျူဗင်တပ်စ် ကိုယှဉ်ဖို့ဆိုတာ ဘယ်လိုမှမလွယ်တဲ့အရာပါ။ ဂျူဗင်တပ်စ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက်နိုင်ပွဲရထားသလို စီးရီးအေမှာလည်း ရာနှုန်းပြည့်နိုင်ပွဲရယူထားပါတယ်။ စီးရီးအေရဲ့ တစ်ကောင်တည်းပြေးတဲ့ မြင်းဖြစ်နေတဲ့ ဂျူဗင်တပ်စ်အနေနဲ့ နိုင်ပွဲဆက်စံချိန်ကိုဆက်ထိန်းမှာဖြစ်သလို အနီးဆုံးပြိုင်ဘက်နာပိုလီကိုလည်း ရမှတ်ပြတ်နိုင်သလောက် ဖြတ်ဖို့ကြိုးစားလာမှာပါ။ ဂျူဗင်တပ်စ်(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

အမ်ပိုလီ နှင့် ရိုးမား ( တနင်္ဂနွေ မနက် ၁း၀၀ နာရီ )

Roma

Roma

ရိုးမားအသင်း ပြန်လာနိုင်ခဲ့တဲ့ အခြေအနေက အားရစရာကောင်းနေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက် အနိုင်ရထားသလို တစ်ပွဲကို အနိမ့်ဆုံး(၃)ဂိုးသွင်းယူထားပါတယ်။ အမ်ပိုလီရဲ့ လက်ရှိအနေအထားက ဆိုးရွားနေပေမယ့် အိမ်ကွင်းခြေစွမ်းမာကျောတာကိုတော့ ထည့်တွက်ရပါလိမ့်မယ်။ ရိုးမားနိုင်မယ့် ပွဲစဉ်ဖြစ်ပေမယ့် ဂိုးပြတ်ဖို့မရှိဘဲ ကပ်နိုင်ရုံလောက်ပဲ ဖြစ်နိုင်ပါတယ်။

Photo: US Sports Guru , it.eurosport.com , Roma Twitter
Ko Kyue(Akhayar)
www.akhayar.com