[Zawgyi]

အသင္းၾကီးေတြ ရလဒ္ေကာင္းဖို႔ရိွေနတဲ႔စီးရီးေအ ပြဲစဥ္(၆)

ဒီတစ္ပတ္ရဲ႕ ၾကားရက္ထဲမွာေတာ႔ စီးရီးေအပြဲစဥ္(၆)ပြဲစဥ္ေတြကို ဆက္လက္ ယွဥ္ျပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။ စီးရီးေအ ပြဲစဥ္(၆)မွာေတာ႔ အသင္းၾကီးေတြ ရလဒ္ေကာင္းရဖို႔ မ်ားေနၾကပါတယ္။

ဂ်ဴဗင္တပ္စ္ ႏွင္႔ ဘိုေလာ႔ဂ္နာ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Cristiano-Ronaldo

Cristiano-Ronaldo

စီးရီးေအမွာ ရာႏႈန္းျပည္႔ ႏိုင္ပြဲရယူေနတဲ႔ ဂ်ဴဗင္တပ္စ္အသင္း ႏိုင္ပြဲဆက္ဦးမယ္႔ ပြဲပါပဲ။ ဘိုေလာ႔နာအသင္းရဲ႕ လက္ရိွေျခစြမ္းနဲ႔ဆိုရင္ေတာ႕ ဂ်ဴဗင္တပ္စ္ကြင္းမွာ ႐ုန္းကန္ရဖို႔ကေတာ႔ ေသခ်ာေနပါတယ္။ ဂ်ဴဗင္တပ္စ္ အႏိုင္ေသခ်ာတဲ႔ ပြဲျဖစ္ျပီး စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ ဂိုးေတြကိုထပ္ျမင္ရဖို႔ရိွသလို အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏ္ုိုင္မွာပါ။

နာပိုလီ ႏွင္႔ ပါးမား ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Napoli

Napoli

ဂ်ဴဗင္တပ္စ္ကို ဖိအားလိုက္ေပးႏိုင္ဖို႔ အတြက္ ဒီပြဲမွာ နာပိုလီအႏိုင္ရဖို႔ လိုအပ္ပါတယ္။ ပါးမားအသင္းဟာ အခုမွ တန္းျပန္တက္လာတဲ႔ အသင္းျဖစ္ေပမယ္႔ ေျခစြမ္းပိုင္းမာေက် ေကာင္းမြန္တာေၾကာင္႔ နာပိုလီကို အခက္ေတြ႕ေအာင္လုပ္ႏိုင္စြမ္းရိွပါတယ္။ ႏွစ္သင္းလံုးဟာ တိုက္စစ္ပိုင္းေကာင္းတဲ႔ အသင္းေတြလည္းျဖစ္တာေၾကာင္႔ ႏွစ္သင္းေပါင္းသြင္းဂိုးမ်ားဖို႔ ရိွေနပါတယ္။ နာပိုလီကပ္ႏိုင္႐ုံေလာက္ပဲ ျဖစ္ႏိုင္ပါတယ္။

႐ုိးမား ႏွင္႔ ဖ႐ုိဆီႏုိနီ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Roma

Roma

ရလဒ္ေတြ ဆိုးေနျပီး ဖိအားေတြမ်ားေနတဲ႔ ႐ုိးမားအသင္းအေနနဲ႔ မျဖစ္မေနအႏိုင္ကစားရမယ္႔ပြဲပါပဲ။ ဒီပြဲမ်ိဳးကိုမွ မႏိုင္ရင္နည္းျပ ဒီဖရန္ဆက္စကို Di Francesco ရဲ႕ အနာဂတ္ဟာ ပိုေ၀၀ါးသြားဖို႔ ရိွေနတာေၾကာင္႔ ရလဒ္ေကာင္းရယူဖို႔ လိုအပ္ေနပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာေတာ႔ အႏိုင္ရလဒ္အတြက္ ႐ုိးမားအသင္းကိုပဲ ေရြးခ်ယ္ရမွာျဖစ္ျပီး ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲကို ျမင္ေတြ႕ရဖို႔ရိွေနပါတယ္။

စီးရီးေအပြဲစဥ္(၆) ပြဲစဥ္မ်ား

Udinese Vs Lazio
Atalanta Vs Torino
Cagliari Vs Sampdoria
Genoa Vs Chievo
Juventus Vs Bologna
Napoli Vs Parma
Roma Vs Frosinone
SPAL Vs Sassuolo

Photo: Nairalistic.Com , WorldProNews , Boston Herald
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးတွေ ရလဒ်ကောင်းဖို့ရှိနေတဲ့စီးရီးအေ ပွဲစဉ်(၆)

ဒီတစ်ပတ်ရဲ့ ကြားရက်ထဲမှာတော့ စီးရီးအေပွဲစဉ်(၆)ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ စီးရီးအေ ပွဲစဉ်(၆)မှာတော့ အသင်းကြီးတွေ ရလဒ်ကောင်းရဖို့ များနေကြပါတယ်။

ဂျူဗင်တပ်စ် နှင့် ဘိုလော့ဂ်နာ ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Cristiano-Ronaldo

Cristiano-Ronaldo

စီးရီးအေမှာ ရာနှုန်းပြည့် နိုင်ပွဲရယူနေတဲ့ ဂျူဗင်တပ်စ်အသင်း နိုင်ပွဲဆက်ဦးမယ့် ပွဲပါပဲ။ ဘိုလော့နာအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ဆိုရင်တော့ ဂျူဗင်တပ်စ်ကွင်းမှာ ရုန်းကန်ရဖို့ကတော့ သေချာနေပါတယ်။ ဂျူဗင်တပ်စ် အနိုင်သေချာတဲ့ ပွဲဖြစ်ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ဂိုးတွေကိုထပ်မြင်ရဖို့ရှိသလို အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်မှာပါ။

နာပိုလီ နှင့် ပါးမား ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Napoli

Napoli

ဂျူဗင်တပ်စ်ကို ဖိအားလိုက်ပေးနိုင်ဖို့ အတွက် ဒီပွဲမှာ နာပိုလီအနိုင်ရဖို့ လိုအပ်ပါတယ်။ ပါးမားအသင်းဟာ အခုမှ တန်းပြန်တက်လာတဲ့ အသင်းဖြစ်ပေမယ့် ခြေစွမ်းပိုင်းမာကျေ ကောင်းမွန်တာကြောင့် နာပိုလီကို အခက်တွေ့အောင်လုပ်နိုင်စွမ်းရှိပါတယ်။ နှစ်သင်းလုံးဟာ တိုက်စစ်ပိုင်းကောင်းတဲ့ အသင်းတွေလည်းဖြစ်တာကြောင့် နှစ်သင်းပေါင်းသွင်းဂိုးများဖို့ ရှိနေပါတယ်။ နာပိုလီကပ်နိုင်ရုံလောက်ပဲ ဖြစ်နိုင်ပါတယ်။

ရိုးမား နှင့် ဖရိုဆီနိုနီ ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Roma

Roma

ရလဒ်တွေ ဆိုးနေပြီး ဖိအားတွေများနေတဲ့ ရိုးမားအသင်းအနေနဲ့ မဖြစ်မနေအနိုင်ကစားရမယ့်ပွဲပါပဲ။ ဒီပွဲမျိုးကိုမှ မနိုင်ရင်နည်းပြ ဒီဖရန်ဆက်စကို Di Francesco ရဲ့ အနာဂတ်ဟာ ပိုေ၀ဝါးသွားဖို့ ရှိနေတာကြောင့် ရလဒ်ကောင်းရယူဖို့ လိုအပ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ အနိုင်ရလဒ်အတွက် ရိုးမားအသင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို မြင်တွေ့ရဖို့ရှိနေပါတယ်။

စီးရီးအေပွဲစဉ်(၆) ပွဲစဉ်များ

Udinese Vs Lazio
Atalanta Vs Torino
Cagliari Vs Sampdoria
Genoa Vs Chievo
Juventus Vs Bologna
Napoli Vs Parma
Roma Vs Frosinone
SPAL Vs Sassuolo

Photo: Nairalistic.Com , WorldProNews , Boston Herald
Ko Kyue(Akhayar)
www.akhayar.com