ဒီတစ်ပတ်ရဲ့ စီးရီးအေပွဲစဉ်(၃၃)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ ဖီအိုရင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ် – ဖီအိုရင်တီးနား ( စနေည ၁၀း၃၀ နာရီ )

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မထင်မှတ်ဘဲ ထွက်ခဲ့ရတာကြောင့် ဂျူဗင်တပ်စ်အသင်း ပြန်လည်ပေါက်ကွဲပြမယ့် ပွဲစဉ်လို့ ပြောရမှာပါ။ ဒီပွဲအနိုင်ရရှိခဲ့ရင် ဂျူဗင်တပ်စ်အသင်းဟာ (၈)ရာသီဆက်တိုက် စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်တာကြောင့် ပုံမှန်ထက်ပိုအားထည့် ကစားလာမှာလည်း သေချာနေပါတယ်။ လက်ရှိ ဂျူဗင်တပ်စ်အသင်းရဲ့ ခြေစွမ်းကို ကြည့်ရင်တော့ အကျပိုင်းကို ရောက်နေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲမှာ (၁)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ ဒီလိုအနေအထားတွေကြောင့် လက်ရှိအချိန်ဟာ ဂျူဗင်တပ်စ်အသင်း နိုင်ပွဲပြန်ရှာဖို့ အချိန်ကောင်းလို့ ပြောရပါလိမ့်မယ်။ ဖီအိုရင်တီးနားအသင်းရဲ့ ခြေစွမ်းကလည်း အကျပိုင်းကို ရောက်နေပြီး စီးရီးအေနောက်ဆုံး(၈)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ ဒီလိုခြေစွမ်းနဲ့ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ အံတုနိုင်ဖို့ဆိုတာမဖြစ်နိုင်သလို ဂျူဗင်တပ်စ် တိုက်စစ်မှူးစီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဒီပွဲနိုင်ရင် သူ့ရဲ့ ပထမဆုံးစီးရီးအေဆုဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်သလို ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေပြိုင်ပွဲ(၃)ခုစလုံးမှာ ဗိုလ်စွဲခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်မှာလည်းဖြစ်ပါတယ်။ အနိုင်ရလဒ်အတွက်တော့ ဂျူဗင်တပ်စ်အသင်းကိုပဲ မဖြစ်မနေ ရွေးချယ်ရမှာဖြစ်ပြီး ဂျူဗင်တပ်စ် ( ၂ – ၀ ) ဖီအိုရင်တီးနားရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

ဂျူဗင်တပ်စ် – ဖီအိုရင်တီးနား ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Fiorentina 0 – 3 Juventus
Fiorentina 0 – 2 Juventus
Juventus 1 – 0 Fiorentina
Fiorentina 2 – 1 Juventus
Juventus 2 – 1 Fiorentina

Photo: news.rthk.hk , SoccerBible
Ko Kyue(Akhayar)
www.akhayar.com