ဒီတစ်ပတ်ရဲ့စီးရီးအေပွဲစဉ်(၃၁)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။

ဂျူဗင်တပ်စ် – အေစီမီလန် ( စနေည ၁၀း၃၀ နာရီ )

လက်ရှိ ဒီနှစ်သင်းမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ပုံမှန်အနေအထားမှာရှိနေပြီး အေစီမီလန်အသင်းကတော့ အကျပိုင်းကိုရောက်နေပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo မပါနိုင်ပေမယ့် ရလဒ်တွေကောင်းနေတာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ကျေနပ်စရာဖြစ်ပြီး ဒီအနေအထားကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အေစီမီလန်အသင်းကတော့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး စီးရီးအေနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားသလို (၁)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ ဒီလိုအနေအထားတွေကြောင့် အေစီမီလန်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ဟာ ဖိအားတွေများလာခဲ့ပြီး ဒီပွဲမှာ ရမှတ်ရယူနိုင်ဖို့ မဖြစ်မနေလိုအပ်နေသလို မဟုတ်ရင်တော့ ဖိအားကအခုထက်ပိုများလာဖို့ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ စီးရီးအေမှာ ဘာဖိအားမှာရှိမနေတော့သလို ဒီပွဲပြီးရင် အေဂျက်စ်နဲ့ ချန်ပီယံလိဂ်ကစားရဖို့ရှိနေတာကြောင့် ဒီပွဲမှာ လူစာရင်းအပြောင်းအလဲတွေဖြစ်လာနိုင်သလို တော်ရုံလောက်ပဲ အားစိုက်လာနိုင်ပါတယ်။ လက်ရှိအနေအထားတွေအရ ဒီပွဲစဉ်မှာ နှစ်သင်းလုံးအတွက် သရေရလဒ်ဟာမျှတပါတယ်။

ဂျူဗင်တပ်စ် – အေစီမီလန် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Juventus 1 – 0 Milan
Milan 0 – 2 Juventus
Juventus 4 – 0 Milan
Juventus 3 – 1 Milan
Milan 0 – 2 Juventus

Photo: Reuters UK , Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com