ဒီတစ်ပတ်ရဲ့ စီးရီးအေပွဲစဉ်(၂၈)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အဝေးကွင်းမှာ ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။

ဂျီနိုအာ – ဂျူဗင်တပ်စ် ( တနင်္ဂနွေညနေ ၆း၀၀ နာရီ )

ဂျူဗင်တပ်စ်နဲ့ ဂျီနိုအာတို့ကြား ကွာခြားချက်ကတော့ ကြီးမားပါတယ်။ ဂျူဗင်တပ်စ်ကတော့ စီးရီးအေမှာ ပုံမှန်နိုင်ပွဲနဲ့ ရှေ့ဆက်နေပေမယ့် ဂျီနိုအာကတော့ တည်ငြိမ်မှုပိုင်း အားနည်းချက်တွေရှိနေပါတယ်။ ဂျီနိုအာအသင်းရဲ့ တိုက်စစ်ပိုင်းကလည်း လိုအပ်ချက်တွေများလွန်းပြီး စီးရီးအေနောက်ဆုံး(၃)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးထားပါတယ်။ ဒီအနေအထားနဲ့တော့ ဂျူဗင်တပ်စ်ကို အံတုဖို့ကမဖြစ်နိုင်ဘဲ ဂျီနိုအာဘက်မှကာ အိမ်ကွင်းဆိုတဲ့ အရာသာရှိနေတာပါ။ ဂျူဗင်တပ်စ်အသင်းကတော့ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားထားရတာကြောင့် ပွဲပန်းမှုဒဏ်ကို ဒီပွဲမှာခံရဖို့ရှိနေပြီး ဒီအခြေအနေကြောင့် ဒီရာသီအဝေးကွင်းခြေစွမ်းအားနည်းတဲ့ အနေအထားကို ဒီပွဲမှာဆက်ပြီး မြင်ရဖို့ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ကို အနားပေးသွားမှာဖြစ်တာကြောင့် စီရော်နယ်လ်ဒိုမပါတဲ့ ဂျူဗင်တပ်စ်အသင်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသသွားဦးမလားဆိုတာကတော့ ဒီပွဲရဲ့စိတ်ဝင်စားစရာအကောင်းဆုံး အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒီပွဲဟာ ဂျူဗင်တပ်စ်အတွက် အနိုင်သေချာပေမယ့် ဂိုးပြတ်ဖို့တော့ မဖြစ်နိုင်ပါဘူး။

ဂျီနိုအာ – ဂျူဗင်တပ်စ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Juventus 1 – 1 Genoa
Juventus 1 – 0 Genoa
Juventus 2 – 0 Genoa
Genoa 2 – 4 Juventus
Juventus 4 – 0 Genoa

Photo: HotSports! , Sport360
Ko Kyue(Akhayar)
www.akhayar.com