[Zawgyi]

ဆန္စီ႐ိုမွာ ဂ်ဴဗင္တပ္စ္အသင္း ရလဒ္ေကာင္းရယူႏိုင္မလား

ဒီတစ္ပတ္ရဲ႕ စီးရီးေအပြဲစဥ္(၁၂)မွာေတာ႔ ပြဲၾကီးပြဲေကာင္းအျဖစ္ ေအစီမီလန္ – ဂ်ဴဗင္တပ္စ္ပြဲစဥ္ပါ၀င္ေနပါတယ္။ လက္ရိွမွာ ႏွစ္သင္းလံုးရဲ႕ ေျခစြမ္းဟာ အေကာင္းဆံုးပံုစံမွာ ရိွေနတာေၾကာင္႔ ဒီပြဲမွာ ဘယ္အသင္းက အသာရသြားမလဲ ဆိုတာ စိတ္၀င္စားစရာပါ။

AC-Milan-Vs-Juventus

AC-Milan-Vs-Juventus

ေအစီမီလန္ – ဂ်ဴဗင္တပ္စ္ ( တနလၤာမနက္ ၂း၀၀ နာရီ )

ေအစီမီလန္ရဲ႕ လက္ရိွေျခစြမ္းေၾကာင္႔ ဂ်ဴဗင္တပ္စ္အေနနဲ႔ အလြယ္တကူအသာရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ေအစီမီလန္ဟာ ဂ်ဴဗင္တပ္စ္ထက္ တစ္ဆင္႔နိမ္႔တဲ႔အသင္းျဖစ္ေပမယ္႔ ဂ်ဴဗင္တပ္စ္ကို အိမ္ကြင္းမွာေတာ႔ ေကာင္းေကာင္းၾကီး ဒုကၡေပးႏိုင္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ကစားသမားေတြဟာ သက္ၾကီးကစားေတြမ်ားတာေၾကာင္႔ ပြဲခ်ိန္မိနစ္(၇၀)ေက်ာ္လာရင္ ၾကံခိုင္မႈပိုင္းက်ဆင္းလာပါတယ္။ ဒီအေနအထားကို လူငယ္ကစားသမားေတြမ်ားတဲ႔ ေအစီမီလန္အသင္း အခြင္႔အေရးယူႏိုင္မလားဆိုတာ ေစာင္႔ၾကည္႔သြားရမွာပါ။ ႏွစ္သင္းလံုးဟာ ဥေရာပပြဲေတြကစားထားေပမယ္႔ ဖိအားပိုမ်ားတဲ႔ ျပိဳင္ပြဲကို ဂ်ဴဗင္တပ္စ္အသင္းက ကစားထားရတာေၾကာင္႔ ေအစီမီလန္ထက္ ပြဲပန္းမႈဒဏ္ကိုပိုခံရႏိုင္ပါတယ္။ ဂ်ဴဗင္တပ္စ္ အေ၀းကြင္းမွာ အႏိုင္ရဖို႔ခက္ခဲႏုိင္ျပီး သေရက်ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

ေအစီမီလန္ – ဂ်ဴဗင္တပ္စ္ ထိပ္တိုက္ေတြ႕ဆံုမႈ ေနာက္ဆံုး(၅)ၾကိမ္

Juventus 4 – 0 Milan
Juventus 3 – 1 Milan
Milan 0 – 2 Juventus
Juventus 2 – 1 Milan
Juventus 2 – 1 Milan

ေအစီမီလန္ – ဂ်ဴဗင္တပ္စ္ပြဲစဥ္ ရဲ႕ ထူးျခားခ်က္မ်ား

Higuaín

Higuaín

– ေအစီမီလန္ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ဟာ သမိုင္းတစ္ေလွ်ာက္ ပြဲေပါင္း(၂၈၄)ပြဲကစားထားၾကျပီး ဂ်ဴဗင္တပ္စ္အသင္းက (၁၀၄)ပြဲႏိုင္ ၊ ေအစီမီလန္အသင္းက (၉၄)ပြဲႏိုင္ ၊(၈၆)သေရက်ထားပါတယ္။
– ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး(၅)ၾကိမ္မွာ ဂ်ဴဗင္တပ္စ္အသင္းဟာ (၅)ၾကိမ္လံုးကို အႏိုင္ရရိွထားပါတယ္။
– ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီႏွစ္ေဘာလံုးရာသီမွာ လက္ရိွအခ်ိန္ထိ စီးရီးေအရံႈးပြဲမရိွကစားထားပါတယ္။
– ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အဓိကတိုက္စစ္မွဴး စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ လက္ရိွအခ်ိန္ထိ စီးရီးေအသြင္းဂိုး(၇)ဂိုးသြင္းယူထားသလို ေအစီမီလန္အသင္းရဲ႕ အဓိကတိုက္စစ္မွဴး ဟီဂြါအင္ Higuaín ကေတာ႔ လက္ရိွအခ်ိန္ထိ စီးရီးေအသြင္းဂိုး(၅)ဂိုးသြင္းယူထားပါတယ္။
– ဒီႏွစ္သင္းရဲ႕ ေနာက္ပိုင္းႏွစ္ေတြ႕ဆံုမႈေတြဟာ ႏွစ္သင္းေပါင္းသြင္းဂိုးမ်ားေလ႔ရိွပါတယ္။
– ႏွစ္သင္းလံုးမွာ ဒဏ္ရာျပႆနာ ကင္းစင္ေနၾကပါတယ္။

Photo: FindallNews , The Independent , Juventus , Sky Sports
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဆန်စီရိုမှာ ဂျူဗင်တပ်စ်အသင်း ရလဒ်ကောင်းရယူနိုင်မလား

ဒီတစ်ပတ်ရဲ့ စီးရီးအေပွဲစဉ်(၁၂)မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အေစီမီလန် – ဂျူဗင်တပ်စ်ပွဲစဉ်ပါဝင်နေပါတယ်။ လက်ရှိမှာ နှစ်သင်းလုံးရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိနေတာကြောင့် ဒီပွဲမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

AC-Milan-Vs-Juventus

AC-Milan-Vs-Juventus

အေစီမီလန် – ဂျူဗင်တပ်စ် ( တနင်္လာမနက် ၂း၀၀ နာရီ )

အေစီမီလန်ရဲ့ လက်ရှိခြေစွမ်းကြောင့် ဂျူဗင်တပ်စ်အနေနဲ့ အလွယ်တကူအသာရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အေစီမီလန်ဟာ ဂျူဗင်တပ်စ်ထက် တစ်ဆင့်နိမ့်တဲ့အသင်းဖြစ်ပေမယ့် ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာတော့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားတွေဟာ သက်ကြီးကစားတွေများတာကြောင့် ပွဲချိန်မိနစ်(၇၀)ကျော်လာရင် ကြံခိုင်မှုပိုင်းကျဆင်းလာပါတယ်။ ဒီအနေအထားကို လူငယ်ကစားသမားတွေများတဲ့ အေစီမီလန်အသင်း အခွင့်အရေးယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ နှစ်သင်းလုံးဟာ ဥရောပပွဲတွေကစားထားပေမယ့် ဖိအားပိုများတဲ့ ပြိုင်ပွဲကို ဂျူဗင်တပ်စ်အသင်းက ကစားထားရတာကြောင့် အေစီမီလန်ထက် ပွဲပန်းမှုဒဏ်ကိုပိုခံရနိုင်ပါတယ်။ ဂျူဗင်တပ်စ် အဝေးကွင်းမှာ အနိုင်ရဖို့ခက်ခဲနိုင်ပြီး သရေကျဖို့ ရာခိုင်နှုန်းပိုများပါတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

အေစီမီလန် – ဂျူဗင်တပ်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Juventus 4 – 0 Milan
Juventus 3 – 1 Milan
Milan 0 – 2 Juventus
Juventus 2 – 1 Milan
Juventus 2 – 1 Milan

အေစီမီလန် – ဂျူဗင်တပ်စ်ပွဲစဉ် ရဲ့ ထူးခြားချက်များ

Higuaín

Higuaín

– အေစီမီလန် နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ သမိုင်းတစ်လျှောက် ပွဲပေါင်း(၂၈၄)ပွဲကစားထားကြပြီး ဂျူဗင်တပ်စ်အသင်းက (၁၀၄)ပွဲနိုင် ၊ အေစီမီလန်အသင်းက (၉၄)ပွဲနိုင် ၊(၈၆)သရေကျထားပါတယ်။
– ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်မှာ ဂျူဗင်တပ်စ်အသင်းဟာ (၅)ကြိမ်လုံးကို အနိုင်ရရှိထားပါတယ်။
– ဂျူဗင်တပ်စ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ လက်ရှိအချိန်ထိ စီးရီးအေရှုံးပွဲမရှိကစားထားပါတယ်။
– ဂျူဗင်တပ်စ်အသင်းရဲ့ အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ လက်ရှိအချိန်ထိ စီးရီးအေသွင်းဂိုး(၇)ဂိုးသွင်းယူထားသလို အေစီမီလန်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟီဂွါအင် Higuaín ကတော့ လက်ရှိအချိန်ထိ စီးရီးအေသွင်းဂိုး(၅)ဂိုးသွင်းယူထားပါတယ်။
– ဒီနှစ်သင်းရဲ့ နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေဟာ နှစ်သင်းပေါင်းသွင်းဂိုးများလေ့ရှိပါတယ်။
– နှစ်သင်းလုံးမှာ ဒဏ်ရာပြဿနာ ကင်းစင်နေကြပါတယ်။

Photo: FindallNews , The Independent , Juventus , Sky Sports
Ko Kyue(Akhayar)
www.akhayar.com