ဒီနေ့ညမှာတော့ ၂၀၁၉ – ၂၀၂၀ စီးရီးအေရာသီအဖွင့်ပွဲစဉ်အဖြစ် ပါးမားနဲ့ဂျူဗင်တပ်စ် တို့က ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

ပါးမား – ဂျူဗင်တပ်စ် (စနေည ၁၀း၃၀ နာရီ)

ပါးမားက ခြေစွမ်းပိုင်းမာကျောတဲ့ အသင်းဖြစ်ပေမယ့် လက်ရှိမှာ ကောင်းမွန်တဲ့ အားဖြည့်မှုတွေကြောင့် ကစားသမားအင်အားတောင့်တင်းလွန်းနေတဲ့ ဂျူဗင်တပ်စ် ကို မနှစ်ကလို အတိုင်းအတာတစ်ခုထိ ဒုက္ခပေးနိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါ့အပြင် (၂)သင်းကြား ကစားသမား ကွာခြားချက်ကလည်း ကြီးမားလွန်းတာကြောင့် ပါးမား အနေနဲ့ ဒီပွဲမှာ ရလဒ်ကောင်းတစ်ခုထက် တတ်နိုင်သမျှကြိုးစားကစားသွားဖို့ကသာ အရေးကြီးတယ်လို့ ထင်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရင်ဆိုင်ခဲ့ရတဲ့ အဝေးကွင်းမှာ မာကျောတဲ့အသင်းတွေနဲ့ ကစားရင် ရုန်းကန်ရတယ်ဆိုတဲ့ အနေအထားကို ဒီပွဲမှာ ချေဖျက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ နမိုးနီးယားရောဂါဝေဒနာကြောင့် ဒီပွဲကို ဂျူဗင်တပ်စ်နည်းပြဆာရီ Sarri ကြီးကြပ်ခွင့်လွဲချော်မှာဖြစ်ပေမယ့် ဒီအချက်က ဂျူဗင်တပ်စ်အသင်းအတွက် အခက်အခဲဖြစ်မယ်လို့ မထင်ပါဘူး။ စီရော်နယ်လ်ဒို  Cristiano Ronaldo ရဲ့ ဦးဆောင်မှုနဲ့အတူ ကစားသမားကောင်းတွေများစွာရှိနေတဲ့ ဂျူဗင်တပ်စ်အသင်း စီးရီးအေရာသီအဖွင့်ပွဲကို နိုင်ပွဲနဲ့စတင်မှာ သေချာနေပြီး ပါးမား ( ၀ – ၂ ) ဂျူဗင်တပ်စ် ရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

ပါးမား – ဂျူဗင်တပ်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅)ကြိမ်

Juventus 3 – 3 Parma
Parma 1 – 2 Juventus
Parma 1 – 0 Juventus
Parma 0 – 1 Juventus
Juventus 7 – 0 Parma

Photo: Juventus Twitter , ESPN.com
www.akhayar.com