[Zawgyi]

အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ ရလဒ္ေကာင္းဖို႔ရိွေနတဲ႔ စီးရီးေအပြဲစဥ္(၃)

ဒီႏွစ္စီးရီးေအပြဲစဥ္ေတြဟာ ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ႔ျပီး ရင္ခုန္စရာလည္းေကာင္းခဲ႔ပါတယ္။ ဒီတစ္ပတ္ရဲ႕စီးရီးေအပြဲစဥ္(၃)မွာေတာ႔ အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြဟာ ရလဒ္ေကာင္းရယူႏိုင္ၾကဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

ဘိုေလာ႔နာ ႏွင္႔ အင္တာမီလန္ (စေနည ၁၀း၃၀ နာရီ)

Inter-Milan

Inter-Milan

ႏွစ္သင္းလံုးရဲ႕အေျခအေနကအားရစရာဘာမွမရိွဘဲ ခုခ်ိန္ထိႏိုင္ပြဲရွာေဖြႏိုင္ျခင္းမရိွေသးသလို ရမွတ္ကလည္း(၁)မွတ္စီပဲရရိွထားၾကတာပါ။ ဘိုေလာ႔နာထက္ အင္တာမီလန္ကပိုအားမ်ားတဲ႔အသင္းျဖစ္ျပီး ဒီပြဲကိုသာ အႏိုင္မရခဲ႔တဲ႔ နည္းျပစပယ္လက္တီ Spalletti ဟာ ဖိအားေတြေအာက္ကို ေတာ္ေတာ္ေလးေရာက္သြားပါလိမ္႔မယ္။ ဒီႏွစ္သင္းရဲ႕ ေနာက္ပိုင္းႏွစ္ေတြ႕ဆံုမႈေတြမွာ ျပတ္သားတဲ႔ရလဒ္မထြက္ေပၚေတာ႔သလို ဘိုေလာ႔နာကြင္းမွာဆို အင္တာမီလန္အသင္းဟာ အနည္းငယ္ရုနး္ကန္ရတဲ႔အေနအထားေတြလည္းရိွေနပါတယ္။အႏိုင္ရလဒ္ကို အင္တာမီလန္အသင္းမျဖစ္မေနရယူသြားရမွာျဖစ္ေပမယ္႔ ခက္ခဲမႈေတြကိုေတာ႔ ၾကံဳေတြ႕ရဖို႔ရိွေနပါတယ္။ အင္တာမီလန္ကပ္ႏိုင္ဖို႔ေလာက္ပဲ ျဖစ္လာႏိုင္ျပီး မထင္မွတ္ပဲလည္း သေရက်သြားႏိုင္ပါတယ္။

ပါးမား ႏွင္႔ ဂ်ဴဗင္တပ္စ္ (တနဂၤေႏြမနက္ ၁း၀၀ နာရီ)

Cristiano-Ronaldo

Cristiano-Ronaldo

ဂ်ဴဗင္တပ္စ္အသင္းအႏိုင္ေသခ်ာတဲ႔ပြဲျဖစ္ျပီး အသင္းရဲ႕(၃)ပြဲဆက္အႏိုင္ကိုျမင္ေတြ႕ရဖို႔ရိွပါတယ္။ ဒီပြဲမွာ စိတ္၀င္စားဖို႔ေကာင္းတာက စီေရာ္နယ္လ္ဒို Cristiano Ronaldo ဂိုးသြင္းယူႏိုင္မလားဆိုတာပါပဲ။ အီတလီေျမမွာဂိုးရဖို႔အတြက္ ရုန္းကန္ေနရတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo အေနနဲ႔ ဒီပြဲမွာေတာ႔ဂိုးရသင္႔ျပီလို႔ ယူဆရမွာပါ။ ပါးမားအသင္းဘက္မွာေတာ႔ အိမ္ကြင္းဆိုတဲ႔ အရာသာရိွေနျပီး ဂိုးသိပ္မေပးရေအာင္သာ အဓိကထားၾကိဳးစားရပါလိမ္႔မယ္။ ဂ်ဴဗင္တပ္စ္ဂိုးျပတ္ႏိုင္ပြဲရယူဖို႔ရိွေနျပီး (၃)ဂိုးျပတ္ေလာက္ျဖစ္လာႏိုင္ပါတယ္။

Photo: NewIndianExpress , Yahoo Sport , Sportsbibelen
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ ရလဒ်ကောင်းဖို့ရှိနေတဲ့ စီးရီးအေပွဲစဉ်(၃)

ဒီနှစ်စီးရီးအေပွဲစဉ်တွေဟာ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပြီး ရင်ခုန်စရာလည်းကောင်းခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့စီးရီးအေပွဲစဉ်(၃)မှာတော့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေဟာ ရလဒ်ကောင်းရယူနိုင်ကြဖို့ ရာခိုင်နှုန်းများနေပါတယ်။

ဘိုလော့နာ နှင့် အင်တာမီလန် (စနေည ၁၀း၃၀ နာရီ)

Inter-Milan

Inter-Milan

နှစ်သင်းလုံးရဲ့အခြေအနေကအားရစရာဘာမှမရှိဘဲ ခုချိန်ထိနိုင်ပွဲရှာဖွေနိုင်ခြင်းမရှိသေးသလို ရမှတ်ကလည်း(၁)မှတ်စီပဲရရှိထားကြတာပါ။ ဘိုလော့နာထက် အင်တာမီလန်ကပိုအားများတဲ့အသင်းဖြစ်ပြီး ဒီပွဲကိုသာ အနိုင်မရခဲ့တဲ့ နည်းပြစပယ်လက်တီ Spalletti ဟာ ဖိအားတွေအောက်ကို တော်တော်လေးရောက်သွားပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေမှာ ပြတ်သားတဲ့ရလဒ်မထွက်ပေါ်တော့သလို ဘိုလော့နာကွင်းမှာဆို အင်တာမီလန်အသင်းဟာ အနည်းငယ်ရုန်းကန်ရတဲ့အနေအထားတွေလည်းရှိနေပါတယ်။အနိုင်ရလဒ်ကို အင်တာမီလန်အသင်းမဖြစ်မနေရယူသွားရမှာဖြစ်ပေမယ့် ခက်ခဲမှုတွေကိုတော့ ကြုံတွေ့ရဖို့ရှိနေပါတယ်။ အင်တာမီလန်ကပ်နိုင်ဖို့လောက်ပဲ ဖြစ်လာနိုင်ပြီး မထင်မှတ်ပဲလည်း သရေကျသွားနိုင်ပါတယ်။

ပါးမား နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေမနက် ၁း၀၀ နာရီ)

Cristiano-Ronaldo

Cristiano-Ronaldo

ဂျူဗင်တပ်စ်အသင်းအနိုင်သေချာတဲ့ပွဲဖြစ်ပြီး အသင်းရဲ့(၃)ပွဲဆက်အနိုင်ကိုမြင်တွေ့ရဖို့ရှိပါတယ်။ ဒီပွဲမှာ စိတ်ဝင်စားဖို့ကောင်းတာက စီရော်နယ်လ်ဒို Cristiano Ronaldo ဂိုးသွင်းယူနိုင်မလားဆိုတာပါပဲ။ အီတလီမြေမှာဂိုးရဖို့အတွက် ရုန်းကန်နေရတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo အနေနဲ့ ဒီပွဲမှာတော့ဂိုးရသင့်ပြီလို့ ယူဆရမှာပါ။ ပါးမားအသင်းဘက်မှာတော့ အိမ်ကွင်းဆိုတဲ့ အရာသာရှိနေပြီး ဂိုးသိပ်မပေးရအောင်သာ အဓိကထားကြိုးစားရပါလိမ့်မယ်။ ဂျူဗင်တပ်စ်ဂိုးပြတ်နိုင်ပွဲရယူဖို့ရှိနေပြီး (၃)ဂိုးပြတ်လောက်ဖြစ်လာနိုင်ပါတယ်။

Photo: NewIndianExpress , Yahoo Sport , Sportsbibelen
Ko Kyue(Akhayar)
www.akhayar.com