[Zawgyi]

ဂ်ဴဗင္တပ္စ္အဖြင္႔လွဖို႔ရိွတဲ႔ စီးရီးေအပြဲစဥ္(၁)

၂၀၁၈ – ၂၀၁၉ စီးရီးေအေဘာလံုးျပိဳင္ပြဲဟာ ဒီေန႔(စေန)ညမွာစတင္မွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကို စီေရာ္နယ္လ္ဒို Cristiano Ronaldo ေရာက္ရိွလာတာေၾကာင္႔ စီးရီးေအျပိဳင္ပြဲကို ပရိတ္သတ္စိတ္၀င္စားမႈျမင္႔တက္ေနပါတယ္။ အဖြင္႔ပြဲစဥ္မွာ ဂ်ဴဗင္တပ္စ္ဟာ ခ်ီေယဗိုနဲ႔ကစားရမွာျဖစ္တာေၾကာင္႔ ရလဒ္ေကာင္းဖို႔ရိွေနပါတယ္။

ခ်ီေယဗို ႏွင္႔ ဂ်ဴဗင္တပ္စ္ (စေနည ၁၀း၃၀ နာရီ)

ဒီေန႔ပြဲအတြက္ ခ်ီေယဗိုမွာအိမ္ကြင္းဆိုတာပဲရိွတာပါ။ ဂ်ဴဗင္တပ္စ္နဲ႔ေတြ႕တိုင္းရလဒ္ဆိုးတတ္လို႔ ဒီေန႔မွာလည္းဘာမွ ေမွ်ာ္လင္႔ထားလို႔မရပါဘူး။ ဂ်ဴဗင္တပ္စ္အသင္းမွာေတာ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ကိုအဓိကေစာင္႔ၾကည္႕သြားရမွာျဖစ္ျပီး သူ႔အေနနဲ႔ေျခစြမ္းျပႏိုင္မလားဆိုတာစိတ္၀င္စားစရာပါ။ ဂ်ဴဗင္တပ္စ္အသင္းဟာ ေရွ႕ ၊ လယ္ ၊ ေနာက္ ၊ ဂိုး ေနရာစံုျပည္႕စံုေကာင္းမြန္ေနျပီး ႏွစ္သင္းၾကားကြာျခားခ်က္လည္းၾကီးမားတာေၾကာင္႔ ဒီပြဲမွာ ဂ်ဴဗင္တပ္စ္အႏိုင္ေသခ်ာပါတယ္။ ဂ်ဴဗင္တပ္စ္အနိမ္႔ဆံုး(၂)ဂိုးျပတ္ပါလိမ္႔မယ္။

Cristiano-Ronaldo

Cristiano-Ronaldo

လာဇီယို ႏွင္႔ နာပိုလီ (တနဂၤေႏြ မနက္ ၁း၀၀ နာရီ)

နာပိုလီနဲ႔ေတြ႕တိုင္း ရုန္းကန္ရတဲ႔အစဥ္အလာဆိုးကေန လာဇီယိုအေနနဲ႔ ဒီေန႔ပြဲမွာေတာ႔ေဖာက္ထြက္ျပဖို႔ လိုပါတယ္။ စီးရီးေအပြဲစဥ္(၁)ျဖစ္ေနျပီး အိမ္ကြင္းပြဲစဥ္လည္းျဖစ္ေနတာေၾကာင္႔ ရမွတ္ရယူႏိုင္ဖို႔ၾကိဳးစားရမွာပါ။ နာပိုလီကေတာ႔ နည္းျပအန္ဆယ္ေလာ႔တီ Ancelotti ေၾကာင္႔ စိတ္၀င္စားစရာျဖစ္ေနျပီး ေကာင္းမြန္တဲ႔အစုအဖြဲ႕တစ္ခုလည္းရိွေနပါတယ္။ အၾကိတ္အနယ္ပြဲစဥ္တစ္ပြဲကိုျမင္ေတြ႕ရဖို႔ရိွေနျပီး နွစ္သင္းေပါင္းသြင္းဂိုးမ်ားႏိုင္ပါတယ္။ သေရရလဒ္ကေတာ႔ ႏွစ္သင္းလံုးအတြက္မွ်တမွာပါ။

Lazio-Vs-Napoil

Lazio-Vs-Napoil

Photo: The Siren’s Song , Boston Herald , Prensa Libre
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်အဖွင့်လှဖို့ရှိတဲ့ စီးရီးအေပွဲစဉ်(၁)

၂၀၁၈ – ၂၀၁၉ စီးရီးအေဘောလုံးပြိုင်ပွဲဟာ ဒီနေ့(စနေ)ညမှာစတင်မှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒို Cristiano Ronaldo ရောက်ရှိလာတာကြောင့် စီးရီးအေပြိုင်ပွဲကို ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ အဖွင့်ပွဲစဉ်မှာ ဂျူဗင်တပ်စ်ဟာ ချီယေဗိုနဲ့ကစားရမှာဖြစ်တာကြောင့် ရလဒ်ကောင်းဖို့ရှိနေပါတယ်။

ချီယေဗို နှင့် ဂျူဗင်တပ်စ် (စနေည ၁၀း၃၀ နာရီ)

ဒီနေ့ပွဲအတွက် ချီယေဗိုမှာအိမ်ကွင်းဆိုတာပဲရှိတာပါ။ ဂျူဗင်တပ်စ်နဲ့တွေ့တိုင်းရလဒ်ဆိုးတတ်လို့ ဒီနေ့မှာလည်းဘာမှ မျှော်လင့်ထားလို့မရပါဘူး။ ဂျူဗင်တပ်စ်အသင်းမှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ကိုအဓိကစောင့်ကြည့်သွားရမှာဖြစ်ပြီး သူ့အနေနဲ့ခြေစွမ်းပြနိုင်မလားဆိုတာစိတ်ဝင်စားစရာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ရှေ့ ၊ လယ် ၊ နောက် ၊ ဂိုး နေရာစုံပြည့်စုံကောင်းမွန်နေပြီး နှစ်သင်းကြားကွာခြားချက်လည်းကြီးမားတာကြောင့် ဒီပွဲမှာ ဂျူဗင်တပ်စ်အနိုင်သေချာပါတယ်။ ဂျူဗင်တပ်စ်အနိမ့်ဆုံး(၂)ဂိုးပြတ်ပါလိမ့်မယ်။

Cristiano-Ronaldo

Cristiano-Ronaldo

လာဇီယို နှင့် နာပိုလီ (တနင်္ဂနွေ မနက် ၁း၀၀ နာရီ)

နာပိုလီနဲ့တွေ့တိုင်း ရုန်းကန်ရတဲ့အစဉ်အလာဆိုးကနေ လာဇီယိုအနေနဲ့ ဒီနေ့ပွဲမှာတော့ဖောက်ထွက်ပြဖို့ လိုပါတယ်။ စီးရီးအေပွဲစဉ်(၁)ဖြစ်နေပြီး အိမ်ကွင်းပွဲစဉ်လည်းဖြစ်နေတာကြောင့် ရမှတ်ရယူနိုင်ဖို့ကြိုးစားရမှာပါ။ နာပိုလီကတော့ နည်းပြအန်ဆယ်လော့တီ Ancelotti ကြောင့် စိတ်ဝင်စားစရာဖြစ်နေပြီး ကောင်းမွန်တဲ့အစုအဖွဲ့တစ်ခုလည်းရှိနေပါတယ်။ အကြိတ်အနယ်ပွဲစဉ်တစ်ပွဲကိုမြင်တွေ့ရဖို့ရှိနေပြီး နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပါတယ်။ သရေရလဒ်ကတော့ နှစ်သင်းလုံးအတွက်မျှတမှာပါ။

Lazio-Vs-Napoil

Lazio-Vs-Napoil

Photo: The Siren’s Song , Boston Herald , Prensa Libre
Ko Kyue(Akhayar)
www.akhayar.com