[Zawgyi]

Cristiano Ronaldo ေၾကာင့္ ပရိသတ္စိတ္၀င္စားမႈ ျမင့္တက္ေနတဲ့ ၂၀၁၈-၁၉ စီးရီးေအ

၂၀၁၈-၁၉ ရာသီ စီးရီးေအ Serie A ၿပိဳင္ပဲြက လာမယ့္ၾသဂုတ္(၁၈)ရက္က်ရင္ စတင္ေတာ့မွာျဖစ္ပါတယ္။ အရင္ႏွစ္ေတြတုန္းက စီးရီးေအၿပိဳင္ပဲြဆုိရင္ ပရိသတ္စိတ္၀င္စားမႈက ဒီေလာက္အထိမရွိေပမယ့္ ဒီႏွစ္ေတာ့ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တာနဲ႔အတူ စီးရီးေအၿပိဳင္ပဲြအေပၚ ပရိသတ္ေတြ အာ႐ုံျပန္က်ေနတာပါ။ ၂၀၁၈-၁၉ ရာသီအတြက္ စီးရီးေအပဲြစဥ္ဇယားေတြကုိ ဇူလုိင္လ(၂၆)ရက္မွာ စီးရီးေအေဘာလုံးအဖဲြ႕ခ်ဳပ္က ထုတ္ျပန္ခဲ့ၿပီး စီေရာ္နယ္လ္ဒုိရဲ႕ ဂ်ဴဗင္တပ္စ္ Juventus အသင္းက ခ်ီေယဗုိနဲ႔အေ၀းကြင္းပဲြကစားရမွာျဖစ္လုိ႔ အဖြင့္လွဖုိ႔မ်ားေနသလုိ စီေရာ္နယ္လ္ဒုိလည္း စီးရီးေအ ပထမဆုံးဂုိးသြင္းယူႏုိင္မယ့္ အေနအထားပါပဲ။

Cristiano-Ronaldo-at-Juventus-Training-Ground

Cristiano-Ronaldo-at-Juventus-Training-Ground

ဒီရာသီ စီးရီးေအၿပိဳင္ပဲြမွာ တန္းတက္အသင္းေတြကေတာ့ တစ္ခ်ိန္က နာမည္ႀကီးျဖစ္ခဲ့တဲ့ ပါးမား၊ အမ္ပုိလီ၊ ဖ႐ုိဆီႏုိနီအသင္းေတြျဖစ္ၿပီး ပါးမားအသင္းကေတာ့ “အစကတည္းက ယဥ္သကုိ”ဆုိသလုိပဲ ၿပီးခဲ့တဲ့ရာသီက လုပ္ပဲြျပႆနာေတြေၾကာင့္ (-၅)မွတ္ေလွ်ာ႔ျပစ္ဒဏ္ခ်မွတ္ခံခ့ဲရတာေၾကာင့္ ရာသီသစ္ကုိ (၅)မွတ္ေလွ်ာ႔နဲ႔ စတင္ကစားရေတာ့မွာပါ။ ဒီႏွစ္ကစၿပီး စီးရီးေအမွာ ေဆာင္းရာသီ အနားေပးရက္ မရွိေတာ့ဘဲ အရင္တုန္းက ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ က်င့္သုံးခဲ့သလုိ Boxing Day ပဲြအျဖစ္ ဒီဇင္ဘာ(၂၆)ရက္က်ရင္ ပဲြေတြ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ စီးရီးေအခ်န္ပီယံဆုကုိ (၇)ႀကိမ္ဆက္ ဆြတ္ခူးခဲ့တဲ့ လက္ရွိခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းက ပဲြစဥ္(၂)မွာပဲ လာဇီယုိနဲ႔ ပဲြက်ပ္ကစားရမွာျဖစ္ၿပီး ၾသဂုတ္(၃၀)က်ရင္ နာပုိလီန႔ဲ ရင္ဆုိင္ရမွာျဖစ္ပါတယ္။

2017-18-Serie-A-Champion-Juventus

2017-18-Serie-A-Champion-Juventus

၂၀၁၈-၁၉ ရာသီ စီးရီးေအၿပိဳင္ပဲြက ၾသဂုတ္(၁၈)ရက္မွာ စတင္ၿပီး ေမလ(၂၆)ရက္က်ရင္ ရာသီပိတ္သိမး္သြားမွာပါ။ ဒီရာသီမွာလည္း လက္ရွိခ်န္ပီယံဂ်ဴဗင္တပ္စ္အသငး္က (၈)ႀကိမ္ေျမာက္ အျဖစ္ စီးရီးေအခ်န္ပီယံဆုကုိ ဆြတ္ခူးဖုိ႔ ထိပ္ဆုံးက ေရပန္းစားေနတာပဲျဖစ္ပါတယ္။

List-Of-Serie-A-Champions

List-Of-Serie-A-Champions

စီးရီးေအ ရာသီအစပဲြစဥ္မ်ား

Week 1

Atalanta-Frosinone
Bologna-Spal
Chievo-Juventus
Empoli-Cagliari
Lazio-Napoli
Milan-Genoa
Parma-Udinese
Sampdoria-Fiorentina
Sassuolo-Inter
Torino-Roma

Week 2

Cagliari-Sassuolo
Fiorentina-Chievo
Frosinone-Bologna
Genoa-Empoli
Inter-Torino
Juventus-Lazio
Napoli-Milan
Roma-Atalanta
SPAL-Parma
Udinese-Sampdoria

Week 3

Atalanta-Cagliari
Bologna-Inter
Chievo-Empoli
Fiorentina-Udinese
Lazio-Frosinone
Milan-Roma
Parma-Juventus
Sampdoria-Napoli
Sassuolo-Genoa
Torino-SPAL

၂၀၁၈-၁၉ ရာသီ စီးရီးေအပဲြစဥ္ အျပည့္အစုံ Link 

REF:Football Italia
Photo:Juventus.com,Fussball.com,,Sports Illustrated,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo ကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ၂၀၁၈-၁၉ စီးရီးအေ

၂၀၁၈-၁၉ ရာသီ စီးရီးအေပြိုင်ပွဲ Serie A က လာမယ့်သြဂုတ်(၁၈)ရက်ကျရင် စတင်တော့မှာဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက စီးရီးအေပြိုင်ပွဲဆိုရင် ပရိသတ်စိတ်ဝင်စားမှုက ဒီလောက်အထိမရှိပေမယ့် ဒီနှစ်တော့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာနဲ့အတူ စီးရီးအေပြိုင်ပွဲအပေါ် ပရိသတ်တွေ အာရုံပြန်ကျနေတာပါ။ ၂၀၁၈-၁၉ ရာသီအတွက် စီးရီးအေပွဲစဉ်ဇယားတွေကို ဇူလိုင်လ(၂၆)ရက်မှာ စီးရီးအေဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ် Juventus အသင်းက ချီယေဗိုနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်လို့ အဖွင့်လှဖို့များနေသလို စီရော်နယ်လ်ဒိုလည်း စီးရီးအေ ပထမဆုံးဂိုးသွင်းယူနိုင်မယ့် အနေအထားပါပဲ။

Cristiano-Ronaldo-at-Juventus-Training-Ground

Cristiano-Ronaldo-at-Juventus-Training-Ground

ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ တန်းတက်အသင်းတွေကတော့ တစ်ချိန်က နာမည်ကြီးဖြစ်ခဲ့တဲ့ ပါးမား၊ အမ်ပိုလီ၊ ဖရိုဆီနိုနီအသင်းတွေဖြစ်ပြီး ပါးမားအသင်းကတော့ “အစကတည်းက ယဉ်သကို”ဆိုသလိုပဲ ပြီးခဲ့တဲ့ရာသီက လုပ်ပွဲပြဿနာတွေကြောင့် (-၅)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကြောင့် ရာသီသစ်ကို (၅)မှတ်လျှော့နဲ့ စတင်ကစားရတော့မှာပါ။ ဒီနှစ်ကစပြီး စီးရီးအေမှာ ဆောင်းရာသီ အနားပေးရက် မရှိတော့ဘဲ အရင်တုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင့်သုံးခဲ့သလို Boxing Day ပွဲအဖြစ် ဒီဇင်ဘာ(၂၆)ရက်ကျရင် ပွဲတွေ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ စီးရီးအေချန်ပီယံဆုကို (၇)ကြိမ်ဆက် ဆွတ်ခူးခဲ့တဲ့ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းက ပွဲစဉ်(၂)မှာပဲ လာဇီယိုနဲ့ ပွဲကျပ်ကစားရမှာဖြစ်ပြီး သြဂုတ်(၃၀)ကျရင် နာပိုလီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

2017-18-Serie-A-Champion-Juventus

2017-18-Serie-A-Champion-Juventus

၂၀၁၈-၁၉ ရာသီ စီးရီးအေပြိုင်ပွဲက သြဂုတ်(၁၈)ရက်မှာ စတင်ပြီး မေလ(၂၆)ရက်ကျရင် ရာသီပိတ်သိမ်းသွားမှာပါ။ ဒီရာသီမှာလည်း လက်ရှိချန်ပီယံဂျူဗင်တပ်စ်အသင်းက (၈)ကြိမ်မြောက် အဖြစ် စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးဖို့ ထိပ်ဆုံးက ရေပန်းစားနေတာပဲဖြစ်ပါတယ်။

List-Of-Serie-A-Champions

List-Of-Serie-A-Champions

စီးရီးအေ ရာသီအစပွဲစဉ်များ

Week 1

Atalanta-Frosinone
Bologna-Spal
Chievo-Juventus
Empoli-Cagliari
Lazio-Napoli
Milan-Genoa
Parma-Udinese
Sampdoria-Fiorentina
Sassuolo-Inter
Torino-Roma

Week 2

Cagliari-Sassuolo
Fiorentina-Chievo
Frosinone-Bologna
Genoa-Empoli
Inter-Torino
Juventus-Lazio
Napoli-Milan
Roma-Atalanta
SPAL-Parma
Udinese-Sampdoria

Week 3

Atalanta-Cagliari
Bologna-Inter
Chievo-Empoli
Fiorentina-Udinese
Lazio-Frosinone
Milan-Roma
Parma-Juventus
Sampdoria-Napoli
Sassuolo-Genoa
Torino-SPAL

၂၀၁၈-၁၉ ရာသီ စီးရီးအေပွဲစဉ် အပြည့်အစုံ Link 

REF:Football Italia
Photo:Juventus.com,Fussball.com,,Sports Illustrated,Getty Images
Naing Linn(Akhayar)
www.akhayar.com