[Zawgyi]

ဂ်ဴဗင္တပ္စ္ ရာႏႈန္းျပည္႔ႏိုင္ပြဲရခဲ႔ျပီး အိမ္ကြင္းမွာ မထင္မွတ္ဘဲ႐ုန္းကန္ခဲ႔ရတဲ႔ ဘာစီလိုနာ

ဒီတစ္ပတ္ရဲ႕ စီးရီးေအနဲ႔ လာလီဂါပြဲစဥ္(၅)ေတြမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ ဖ႐ုိဆီႏုိနီ အသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ႔ျပီး ဘာစီလိုနာအသင္းကေတာ႔ ဟီ႐ုိနာအသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအမွာ ရာႏႈန္းျပည္႔ႏိုင္ပြဲဆက္ခဲ႔ျပီး ဘာစီလိုနာအသင္းကေတာ႔ အိမ္ကြင္းမွာ မထင္မွတ္ဘဲ ဟီ႐ုိနာအသင္းနဲ႔ သေရက်ခဲ႔ပါတယ္။

 ဖ႐ုိဆီႏုိနီ ( ၀ – ၂ ) ဂ်ဴဗင္တပ္စ္

Bernardeschi-And-Cristiano-Ronaldo-Celebrate

Bernardeschi-And-Cristiano-Ronaldo-Celebrate

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ စီးရီးေအ (၅)ပြဲဆက္အႏိုင္ျဖစ္ခဲ႔ျပီး အမွတ္ေပးဇယားထိပ္ဆံုးမွာလည္း ဆက္လက္ရပ္တည္ႏိုင္ခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဖ႐ုိဆီႏုိနီ အသင္းကို ပြဲအစထဲက ဖိအားေပးကစားႏိုင္ခဲ႔ျပီး  ဖ႐ုိဆီႏုိနီ အသင္းဂိုးသမားနဲ႔ ေနာက္ခံလူေတြရဲ႕ ကာကြယ္မႈေတြေၾကာင္႔သာ ေစာေစာစီးစီးဂိုးမရခဲ႔တာပါ။ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo လည္း အရင္ပြဲေတြကထက္ အသင္းနဲ႔ပိုမိုအံ၀င္လာခဲ႔တာကို ေတြ႕ရျပီး အသင္းရဲ႕တိုက္စစ္ပိုင္းကို ဦးေဆာင္ကစားခဲ႔ပါတယ္။  ဖ႐ုိဆီႏုိနီ အသင္းရဲ႕ ခံကန္အားေၾကာင္႔ ဂ်ဴဗင္တပ္စ္ ဂိုးရဖို႔ခက္ခဲေနခဲ႔ျပီး ဂ်ဴဗင္တပ္စ္အသင္းအတြက္ ဦးေဆာင္ဂိုးကိုေတာ႔ ပြဲခ်ိန္(၈၁)မိနစ္မွာ ရရိွလာတဲ႔ အခြင္႔အေရးကို စီေရာ္နယ္လ္ဒုိက ကန္သြင္းယူခဲ႔တာပါ။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ဒုတိယဂိုးကိုေတာ႔ ပြဲခ်ိန္(၉၄)မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ရရိွခဲ႔တဲ႔ အခြင္႔အေရးကို ဘာနာဒက္ခ်ီ Bernardeschi က သြင္းယူခဲ႔ပါတယ္။

ဘာစီလိုနာ ( ၂ – ၂ ) ဟီ႐ုိနာ

Messi

Messi

ဘာစီလိုနာအသင္း အေနနဲ႔ မထင္မွတ္ဘဲ ႐ုန္းကန္ခဲ႔ရတဲ႔ရတဲ႔ ပြဲျဖစ္ခဲ႔ပါတယ္။ ပြဲဟာအစထဲက ျမိဳင္ျမိဳင္ဆိုင္ဆိုင္ရိွခဲ႔ျပီး ဘာစီလိုနာအသင္းက ထိုးေဖာက္တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ႏိုင္ခဲ႔ပါတယ္။ ဘာစီလိုနာအသင္းအတြက္ ဦးေဆာင္ဂိုးကိုေတာ႔ ပြဲခ်ိန္(၁၉)မိနစ္မွာ မက္ဆီ Messi ကသြင္းယူခဲ႔တာပါ။ ဘာစီလိုနာအသင္းဟာ ဟီ႐ုိနာအသင္းကို ဖိအားေပးကစားႏိုင္ခဲ႔ေပမယ္႔ ဟီ႐ုိနာအသင္းရဲ႕ တစ္ခ်က္တစ္ခ်က္ ထိုးေဖာက္မႈေတြဟာလည္း ဘာစီလိုနာအသင္းကိုအခက္ေတြ႕ေစခဲ႔ပါတယ္။ ပြဲခ်ိန္(၃၅)မိနစ္မွာေတာ႔ ျပိဳင္ဘက္ကို ၾကမ္းတမ္းစြာကစားခဲ႔တဲ႔ ဘာစီလိုနာ ေနာက္ခံလူ လန္ဂလက္ Lenglet အနီကတ္ျပထုတ္ပယ္ခံခဲ႔ရပါတယ္။ ဒီအရာဟာ ပြဲရဲ႕အလွည္႔အေျပာင္း တစ္ခုလိုျဖစ္ခဲ႔ျပီး ပြဲခ်ိန္(၄၅)မိနစ္မွာေတာ႔ စတူအာနီ Stuani က ဟီ႐ုိနာအသင္းအတြက္ ေခ်ပဂိုးသြင္းယူခဲ႔ပါတယ္။ ပြဲခ်ိန္(၅၁)မိနစ္မွာေတာ႔ ဟီ႐ုိနာအသင္းက ဒုတိယဂိုးရရိွခဲ႔ျပီး စတူအာနီက လွလွပပ အျပင္းကန္သြင္းခဲ႔တာပါ။ ဘာစီလိုနာအသင္း အေနနဲ႔ေခ်ပဂိုးရရိွဖိ္ု႔ အေကာင္းဆံုးၾကိဳးစားခဲ႔ျပီး ပြဲခ်ိန္(၆၃)မိနစ္မွာေတာ႔ ပီေကး Piqué ကေခါင္းတိုက္ျပီး ေခ်ပဂိုးသြင္းယူခဲ႔ပါတယ္။ ေနာက္ပိုင္းမိနစ္ေတြမွာေတာ႔ ဘာစီလိုနာအသင္းအေနနဲ႔ အႏိုင္ဂိုးရရိွဖို႔ ၾကိဳးစားခဲ႔ေပမယ္႔ အရာထင္ခဲ႔ျခင္းမရိွေတာ႔ဘဲ သေရနဲ႔သာျပီးဆံုးခဲ႔ပါတယ္။

Photo: Juventus Twitter , Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ် ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး အိမ်ကွင်းမှာ မထင်မှတ်ဘဲရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာ

ဒီတစ်ပတ်ရဲ့ စီးရီးအေနဲ့ လာလီဂါပွဲစဉ်(၅)တွေမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ဖရိုဆီနိုနီ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ဟီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပြီး ဘာစီလိုနာအသင်းကတော့ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဟီရိုနာအသင်းနဲ့ သရေကျခဲ့ပါတယ်။

 ဖရိုဆီနိုနီ ( ၀ – ၂ ) ဂျူဗင်တပ်စ်

Bernardeschi-And-Cristiano-Ronaldo-Celebrate

Bernardeschi-And-Cristiano-Ronaldo-Celebrate

ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေ (၅)ပွဲဆက်အနိုင်ဖြစ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာလည်း ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဖရိုဆီနိုနီ အသင်းကို ပွဲအစထဲက ဖိအားပေးကစားနိုင်ခဲ့ပြီး  ဖရိုဆီနိုနီ အသင်းဂိုးသမားနဲ့ နောက်ခံလူတွေရဲ့ ကာကွယ်မှုတွေကြောင့်သာ စောစောစီးစီးဂိုးမရခဲ့တာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo လည်း အရင်ပွဲတွေကထက် အသင်းနဲ့ပိုမိုအံဝင်လာခဲ့တာကို တွေ့ရပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်ကစားခဲ့ပါတယ်။  ဖရိုဆီနိုနီ အသင်းရဲ့ ခံကန်အားကြောင့် ဂျူဗင်တပ်စ် ဂိုးရဖို့ခက်ခဲနေခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန်(၈၁)မိနစ်မှာ ရရှိလာတဲ့ အခွင့်အရေးကို စီရော်နယ်လ်ဒိုက ကန်သွင်းယူခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်(၉၄)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို ဘာနာဒက်ချီ Bernardeschi က သွင်းယူခဲ့ပါတယ်။

ဘာစီလိုနာ ( ၂ – ၂ ) ဟီရိုနာ

Messi

Messi

ဘာစီလိုနာအသင်း အနေနဲ့ မထင်မှတ်ဘဲ ရုန်းကန်ခဲ့ရတဲ့ရတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ပွဲဟာအစထဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး ဘာစီလိုနာအသင်းက ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန်(၁၉)မိနစ်မှာ မက်ဆီ Messi ကသွင်းယူခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ ဟီရိုနာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဟီရိုနာအသင်းရဲ့ တစ်ချက်တစ်ချက် ထိုးဖောက်မှုတွေဟာလည်း ဘာစီလိုနာအသင်းကိုအခက်တွေ့စေခဲ့ပါတယ်။ ပွဲချိန်(၃၅)မိနစ်မှာတော့ ပြိုင်ဘက်ကို ကြမ်းတမ်းစွာကစားခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူ လန်ဂလက် Lenglet အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအရာဟာ ပွဲရဲ့အလှည့်အပြောင်း တစ်ခုလိုဖြစ်ခဲ့ပြီး ပွဲချိန်(၄၅)မိနစ်မှာတော့ စတူအာနီ Stuani က ဟီရိုနာအသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန်(၅၁)မိနစ်မှာတော့ ဟီရိုနာအသင်းက ဒုတိယဂိုးရရှိခဲ့ပြီး စတူအာနီက လှလှပပ အပြင်းကန်သွင်းခဲ့တာပါ။ ဘာစီလိုနာအသင်း အနေနဲ့ချေပဂိုးရရှိဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီး ပွဲချိန်(၆၃)မိနစ်မှာတော့ ပီကေး Piqué ကခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ အနိုင်ဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် အရာထင်ခဲ့ခြင်းမရှိတော့ဘဲ သရေနဲ့သာပြီးဆုံးခဲ့ပါတယ်။

Photo: Juventus Twitter , Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com