[Zawgyi]

ဆာရီ Seri ေၾကာင့္ ေပါ့ဘာ Pogba အနာဂတ္မေရမရာပိုျဖစ္လာမွာလား

ဆာရီ Seri ေၾကာင့္ ေပါ့ဘာ Pogba အနာဂတ္မေရမရာပိုျဖစ္လာမွာလား။ မန္ခ်က္စတာယူႏုိက္တက္အသင္းက သူတို႔မၾကာခဏစိတ္၀င္စားခဲ့တဲ့ ႏုိက္စ္အသင္းကြင္းလယ္လူ ဆာရီကို အနီးကပ္ထပ္မံေစာင့္ၾကည့္ေနပါတယ္။ ၿပီးခဲ့တဲ့ ႏုိက္စ္နဲ႔ ရွက္တာဒုိးနက္တို႔ရဲ႕ယူ႐ိုပါလိဂ္ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္ေဘာလံုးကင္းေထာက္ေတြဟာ ဆာရီကို ကုိယ္တုိင္ကိုယ္က်သြားေရာက္ေလ့လာခဲ့ တာပါပဲ။ တကယ္ဆုိရင္ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္မွာ ကာရစ္ Carrick၊ ဖယ္ေလနီ Fellaini တို႔ရွိေနေပမယ့္ သူတို႔ရဲ႕ အနာဂတ္မေရရာသလို၊ အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ ေပါ့ဘာနဲ႔  နည္းျပေမာ္ရင္ဟို Mourinho ဆက္ဆံေရးအဆင္မေျပတာေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္ဟာ ဆာရီကိုျပန္လည္ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ ၿဗိတိန္မီဒီယာေတြက သံုးသပ္ခဲ့ပါတယ္။

ဆာရီကို ဘာစီလုိနာ၊ PSG စတဲ့ဥေရာပထိပ္သီးအသင္းေတြကလည္း စိတ္၀င္စားေနၿပီး သူ႕ရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကးဟာ ေပါင္(၃၃)သန္းသာရွိလို႔ တကယ္လုိခ်င္တယ္ဆိုရင္ ေခၚယူဖို႔မခက္ပါဘူး။ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအသင္းကလည္း ဆာရီကို စိတ္၀င္စားခဲ့ေပမယ့္ အခုအခ်ိန္မွာ ရွက္တာဒုိးနက္ကြင္းလယ္လူ ဖရက္ဒ္ Fred ကိုသာဦးစားေပးႀကိဳးပမ္းသြားဖို႔ စီစဥ္ေနပါတယ္။

ဆာရီကို ေစာင့္ၾကည့္ေနတဲ့သတင္းဟာ ေပါ့ဘာရဲ႕ မန္ခ်က္စတာယူႏုိက္တက္အနာဂတ္ကို ပိုၿပီးလႈပ္ခတ္ေစမလား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆာရီ Seri ကြောင့် ပေါ့ဘာ Pogba အနာဂတ်မရေမရာပိုဖြစ်လာမှာလား

ဆာရီ Seri ကြောင့် ပေါ့ဘာ Pogba အနာဂတ်မရေမရာပိုဖြစ်လာမှာလား။ မန်ချက်စတာယူနိုက်တက်အသင်းက သူတို့မကြာခဏစိတ်ဝင်စားခဲ့တဲ့ နိုက်စ်အသင်းကွင်းလယ်လူ ဆာရီကို အနီးကပ်ထပ်မံစောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့ နိုက်စ်နဲ့ ရှက်တာဒိုးနက်တို့ရဲ့ယူရိုပါလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်ဘောလုံးကင်းထောက်တွေဟာ ဆာရီကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာခဲ့ တာပါပဲ။ တကယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ကွင်းလယ်မှာ ကာရစ် Carrick၊ ဖယ်လေနီ Fellaini တို့ရှိနေပေမယ့် သူတို့ရဲ့ အနာဂတ်မရေရာသလို၊ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ပေါ့ဘာနဲ့  နည်းပြမော်ရင်ဟို Mourinho ဆက်ဆံရေးအဆင်မပြေတာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဆာရီကိုပြန်လည်ကြိုးပမ်းနေတာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။

ဆာရီကို ဘာစီလိုနာ၊ PSG စတဲ့ဥရောပထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားနေပြီး သူ့ရဲ့စာချုပ်ပါလျော်ကြေးဟာ ပေါင်(၃၃)သန်းသာရှိလို့ တကယ်လိုချင်တယ်ဆိုရင် ခေါ်ယူဖို့မခက်ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကလည်း ဆာရီကို စိတ်ဝင်စားခဲ့ပေမယ့် အခုအချိန်မှာ ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ် Fred ကိုသာဦးစားပေးကြိုးပမ်းသွားဖို့ စီစဉ်နေပါတယ်။

ဆာရီကို စောင့်ကြည့်နေတဲ့သတင်းဟာ ပေါ့ဘာရဲ့ မန်ချက်စတာယူနိုက်တက်အနာဂတ်ကို ပိုပြီးလှုပ်ခတ်စေမလား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။