စပိန်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် Sergio Ramos ဟာ အခုဆိုရင် စပိန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ရိုမေးနီးယား (၁-၂)စပိန်ပွဲစဉ်မှာ ရာမို့စ် ဟာ အသင်းအတွက် ပထမဂိုးကို ပယ်နယ်တီကနေ သွင်းယူပေးနိုင်ခဲ့တာကြောင့် ဒီစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်း စပိန်အသင်းရဲ့ ပွဲစဉ်တွေမှာ ရာမို့စ် ဟာ ဂိုးမြူးနေပြီး အသင်းအတွက် နောက်ဆုံးကစားထားတဲ့ (၉)ပွဲမှာ (၈)ဂိုးအထိ သွင်းယူထားပါတယ်။ ရိုမေးနီးယားပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ပုံစံကြောင့် အ၀ါကတ်ထိခဲ့တဲ့ ရာမို့စ် ဟာ အောင်ပွဲခံတဲ့ပုံက သူ့ရဲ့တူကို ရည်ရွယ်တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

လက်ရှိမှာတော့ ရာမို့စ် ဟာ စပိန်အသင်းအတွက် သွင်းဂိုး(၂၁)ဂိုးထိသွင်းယူထားနိုင်ခဲ့တာကြောင့် အသင်းရဲ့ထိပ်တန်းဂိုးသွင်းသူစာရင်း နံပါတ်(၁၀)နေရာကို ရောက်လာခဲ့ပါတယ်။ စပိန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေဟာ တိုက်စစ်ကစားသမားတွေများတာကြောင့် အခုလိုမျိုး နောက်ခံလူတစ်ဦးအနေနဲ့ ဒီစာရင်းမှာ ပါဝင်လာတာဟာ ရာမို့စ် အတွက် ဂုဏ်ယူစရာ အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် စပိန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ ရာမို့စ်ထက် ဂိုးသွင်းပိုများတဲ့ နောက်ခံကစားသမားတစ်ဦးရှိနေပြီး သူကတော့ ဟီယာရို Hierro ဖြစ်သလို သွင်းဂိုး(၂၉)ဂိုးနဲ့ နံပါတ်(၅)နေရာမှာရှိနေပါတယ်။ ရာမို့စ် ဟာ စပိန်အသင်းရရှိတဲ့ ပယ်နယ်တီတွေကို ကန်သွင်းနေတာကြောင့်လည်း အနာဂတ်မှာ သူ့ရဲ့စပိန်အသင်းဂိုးအရေအတွက်က အခုထက်ပိုများလာမှာ သေချာပါတယ်။ ရာမို့စ် ဟာ နောက်ခံလူတစ်ဦးဖြစ်ပေမယ့် အဆုံးသတ်ပိုင်းနဲ့ ဂိုးကံကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ကစားသမားဘ၀မှာ သွင်းဂိုး(၁၁၀)ထိ သွင်းယူထားပါတယ်။

စပိန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူစာရင်း

1 David Villa 59
2 Raúl 44
3 Fernando Torres 38
4 David Silva 35
5 Fernando Hierro 29
6 Fernando Morientes 27
7 Emilio Butragueño 26
8 Alfredo Di Stéfano 23
9 Julio Salinas 22
10 Míchel 21
10 Sergio Ramos 21

စပိန်အသင်းအတွက် နောက်ဆုံး(၉)ပွဲမှာ (၈)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ ရာမို့စ် မှတ်တမ်း

Romania—⚽
Sweden—⚽
Faroe Islands—⚽
Malta—🚫
Norway—⚽
Croatia—⚽
England—⚽
Wales—⚽
Croatia—⚽

Ref: Bleacher Report Football
Photo: ABC.es , The Sun , News1 English
Ko Kyue(Akhayar)
www.akhayar.com