[Zawgyi]

လာလီဂါ သမုိင္း၀င္ စံခ်ိန္မွတ္တမ္းတစ္ခုကုိ ရယူခဲ့တဲ့ ရာမုိ႔စ္ Ramos

ရီးယဲလ္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ရာမုိ႔စ္ Ramos ဟာ လာလီဂါၿပိဳင္ပဲြရဲ႕ သမုိင္း၀င္ စံခ်ိန္မွတ္တမ္းေကာင္း တစ္ခုကုိ ပုိင္ဆုိင္ခဲ့ပါၿပီ။ ရာမုိ႔စ္ဟာ ဟီ႐ုိနာအသငး္ကုိ (၄-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ လာလီဂါပဲြမွာ ရီးယဲလ္အသငး္အတြက္ ပထမဂုိးကုိ ပယ္နယ္တီကေန “ပါနန္ကာ ကန္ခ်က္Panenka-style”ကန္ခ်က္နဲ႔ သြင္းယူခဲ့ပါတယ္။ အခုဆုိရင္ ရာမုိ႔စ္ဟာ လာလီဂါမွာ (၁၅)ရာသီဆက္ ဂုိးသြင္းႏုိင္ခဲ့တဲ့ ပထမဆုံး ေနာက္တန္းလူအျဖစ္ မွတ္တမ္း၀င္ခဲ့ၿပီျဖစ္ပါတယ္။

Sergio-Ramos-scores-in-Girona

Sergio-Ramos-scores-in-Girona

ရာမုိ႔စ္ဟာ ၂၀၀၄ ခုႏွစ္၊ စက္တင္ဘာလက ဆုိစီဒက္နဲ႔ပဲြမွာ လာလီဂါကစားသမားဘ၀ ပထမဆုံးဂုိးကုိ Free Kick ကေန သြင္းယူခဲ့ၿပီး အဲဒီတုန္းက သူဟာ ဆီဗီလာအသင္းမွာ ကစားေနတာပါ။ အဲဒီေနာက္မွာေတာ့ ရီးယဲလ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့ၿပီး ၂၀၀၅ ဒီဇင္ဘာလအတြင္း မာလာဂါနဲ႔ ကစားခဲ့တဲ့ပဲြမွာ ရီးယဲလ္အသင္းအတြက္ ပထမဆုံးဂုိးကုိ သြင္းယူခဲ့ပါတယ္။ အဲဒီကတည္းက စလုိ႔ ရာမုိ႔ဟာ လာလီဂါရာသီတိုင္း ဂုိးသြင္းႏုိင္ခဲ့ၿပီး အခုဆုိရင္ (၁၅)ရာသီဆက္အထိ ရွိလာခဲ့ပါၿပီ။ ရာမုိ႔စ္အတြက္ ေနာက္ထပ္ပစ္မွတ္ကေတာ့ Outfield Player (ဂုိးသမားမွ လဲြၿပီး က်န္တဲ့ကစားသမားမ်ားကုိ ဆုိလုိ)ထဲမွာ လာလီဂါရာသီဆက္ ဂုိးသြင္းယူခဲ့တဲ့ ဘီလ္ဘာအုိ ကစားသမားေဟာင္း Gaínza ရဲ႕ စံခ်ိန္ကုိ အမီလုိက္ႏုိင္ဖုိ႔ပဲ ျဖစ္ပါတယ္။

Ramos-Career-statistics

Ramos-Career-statistics

Gaínza ဟာ ၁၉၄၀ ကေန ၁၉၅၉ ခုႏွစ္အထိ (၁၉)ရာသီဆက္ ဂုိးသြင္းခဲ့တာျဖစ္ၿပီး ရာမုိ႔စ္အေနနဲ႔ အဲဒီစံခ်ိန္ကုိ အမီလုိက္ႏုိင္ဖုိ႔ဆုိရင္ ေနာက္ထပ္(၄)ရာသီအတြင္း ဂုိးေတြ သြင္းယူႏုိင္ဖုိ႔ လုိေနပါၿပီ။ အသက္(၃၂)ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ရာမုိ႔စ္ Gaínza ရဲ႕ စံခ်ိန္နဲ႔ တူညီႏုိင္မလားဆုိတာကေတာ့ . . . . .

REF:AS
Photo:Reuters,These Football Times
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လာလီဂါ သမိုင်းဝင် စံချိန်မှတ်တမ်းတစ်ခုကို ရယူခဲ့တဲ့ ရာမို့စ် Ramos

ရီးယဲလ်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် Ramos ဟာ လာလီဂါပြိုင်ပွဲရဲ့ သမိုင်းဝင် စံချိန်မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ။ ရာမို့စ်ဟာ ဟီရိုနာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ ရီးယဲလ်အသင်းအတွက် ပထမဂိုးကို ပယ်နယ်တီကနေ “ပါနန်ကာ ကန်ချက်Panenka-style”ကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။ အခုဆိုရင် ရာမို့စ်ဟာ လာလီဂါမှာ (၁၅)ရာသီဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး နောက်တန်းလူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

Sergio-Ramos-scores-in-Girona

Sergio-Ramos-scores-in-Girona

ရာမို့စ်ဟာ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလက ဆိုစီဒက်နဲ့ပွဲမှာ လာလီဂါကစားသမားဘ၀ ပထမဆုံးဂိုးကို Free Kick ကနေ သွင်းယူခဲ့ပြီး အဲဒီတုန်းက သူဟာ ဆီဗီလာအသင်းမှာ ကစားနေတာပါ။ အဲဒီနောက်မှာတော့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၅ ဒီဇင်ဘာလအတွင်း မာလာဂါနဲ့ ကစားခဲ့တဲ့ပွဲမှာ ရီးယဲလ်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။ အဲဒီကတည်းက စလို့ ရာမို့ဟာ လာလီဂါရာသီတိုင်း ဂိုးသွင်းနိုင်ခဲ့ပြီး အခုဆိုရင် (၁၅)ရာသီဆက်အထိ ရှိလာခဲ့ပါပြီ။ ရာမို့စ်အတွက် နောက်ထပ်ပစ်မှတ်ကတော့ Outfield Player (ဂိုးသမားမှ လွဲပြီး ကျန်တဲ့ကစားသမားများကို ဆိုလို)ထဲမှာ လာလီဂါရာသီဆက် ဂိုးသွင်းယူခဲ့တဲ့ ဘီလ်ဘာအို ကစားသမားဟောင်း Gaínza ရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

Ramos-Career-statistics

Ramos-Career-statistics

Gaínza ဟာ ၁၉၄၀ ကနေ ၁၉၅၉ ခုနှစ်အထိ (၁၉)ရာသီဆက် ဂိုးသွင်းခဲ့တာဖြစ်ပြီး ရာမို့စ်အနေနဲ့ အဲဒီစံချိန်ကို အမီလိုက်နိုင်ဖို့ဆိုရင် နောက်ထပ်(၄)ရာသီအတွင်း ဂိုးတွေ သွင်းယူနိုင်ဖို့ လိုနေပါပြီ။ အသက်(၃၂)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရာမို့စ် Gaínza ရဲ့ စံချိန်နဲ့ တူညီနိုင်မလားဆိုတာကတော့ . . . . .

REF:AS
Photo:Reuters,These Football Times
Naing Linn(Akhayar)
www.akhayar.com