[Zawgyi]

အဂၤလန္ ကလပ္အသင္းတစ္သင္းအတြက္ သြင္းဂုိးအမ်ားဆုံးကစားသမားေတြက ဘယ္သူေတြမ်ားလဲ

ၿပီးခဲ့တဲ့ ကြန္ျမဴနတီဒုိင္းပဲြမွာ မန္စီးတီးတိုက္စစ္မွဴး အဂြဲ႐ုိး Aguero က မန္စီးတီးကစားသမားဘ၀ ဂုိး(၂၀၀)ျပည့္နဲ႔ (၂၀၁)ဂုိးေျမာက္ ဂုိးေတြကုိ သြင္းယူခဲ့တယ္။ အဂြဲ႐ုိးဟာ အရင္ကတည္းက မန္စီးတီးအသင္း သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ၿပီး အခုဆုိရင္ အဂၤလန္ေဘာလုံး မသုိင္းမွာ ကလပ္အသင္းတစ္သငး္အတြက္ ဂုိး(၂၀၀)နဲ႔အထက္ သြင္းယူခဲ့တဲ့ (၂၇)ဦးေျမာက္ ကစားသမားျဖစ္လာခဲ့ၿပီ။

Aguero-Score-200-Goal

Aguero-Score-200-Goal

သူ႔အရင္ကလည္း ကလပ္အသင္းတစ္သင္းတည္းအတြက္ စံခ်ိန္တင္သြင္းဂုိးေတြ သြင္းယူခဲ့တဲ့ နာမည္ႀကီးကစားသမား အမ်ားႀကီးရွိခဲ့ဖူးတယ္။ အဲဒီထဲကမွ ပရိသတ္ေတြ ရင္းႏွီးၿပီးသား ကစားသမားေတြကုိ ပရိသတ္ေတြသိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

ရြန္နီ Rooney (မန္ယူ-၂၅၃ ဂုိး)

Wayne-Rooney-

Wayne-Rooney-

မန္ယူအသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးလုိ႔ တင္စားရမယ့္ ရြန္နီဟာ မန္ယူအသင္းမွာ ၂၀၀၄ ကေန ၂၀၁၇ အထိ (၁၃)ႏွစ္ၾကာကစားခဲ့ၿပီး ၿပိဳင္ပဲြစုံ(၅၅၉)ပဲြကစား၊ (၂၅၃)ဂုိးသြင္းယူခဲ့တယ္။ သူက မန္ယူအသင္းရဲ႕ သြင္းဂုိးအမ်ားဆုံး ကစားသမား ဆာေဘာ္ဘီခ်ာလ္တန္ Sir Bobby Charlton ကုိ ေက်ာ္ျဖတ္ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ထိပ္တန္းဂုိးသြင္းရွင္အျဖစ္ ရပ္တည္ခဲ့တာပါ။

လမ္းပတ္ Lampard (ခ်ယ္လ္ဆီး – ၂၁၁ ဂုိး)

Lampard

Lampard

လမ္းပတ္လုိ ကြင္းလယ္လူတစ္ဦးက ခ်ယ္လ္ဆီးအသင္းရဲ႕ သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတာက အံ့အားသင့္စရာပါ။ ဒါေပမဲ့ တိုက္စစ္အားသန္ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ လမ္းပတ္က ေတာ္႐ုံလူ မစြမ္းေဆာင္ႏုိင္တဲ့ မွတ္တမ္းတစ္ခုကုိ စုိက္ထူထားၿပီး သူ႔ရဲ႕မွတ္တမ္းကုိ ခ်ိဳးဖ်က္ဖုိ႔က သိပ္ေတာ့ မလြယ္ကူလွပါဘူး။

အလန္ရွီးယား Alan Shearer (နယူးကာဆယ္ – ၂၀၆ ဂုိး)

Alan-Shearer

Alan-Shearer

တစ္ေခတ္တစ္ခါက ပရီးမီးယားလိဂ္ၿပိဳင္ပဲြရဲ႕ Goal Machine ျဖစ္ခဲ့တဲ့ အလန္ရွီးယားအတြက္ သြင္းဂုိးတစ္ဂုိးဆုိတာ မခက္ခဲ့ပါဘူး။ နယူးကာဆယ္အတြက္ စံခ်ိန္တင္ (၂၀၆)ဂုိးသြင္းခဲ့သလုိ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္မွာလည္း (၂၆၀)ဂုိးနဲ႔ Top Scorer အျဖစ္ ရပ္တည္ေနသူပါ။

အြန္နရီ Henry (အာဆင္နယ္ – ၂၂၆ ဂုိး)

Thierry-Henry

Thierry-Henry

အာဆင္နယ္ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အခုအခ်ိန္အထိ မေမ့ႏုိင္တဲ့ ကစားသမားတစ္ဦးပါ။ အဲဒီလုိ မေမ့ႏုိင္ေလာက္ေအာင္ပဲ အြန္နရီရဲ႕ စြမ္းေဆာင္ရည္၊ ေျခစြမ္း၊ Technique စတဲ့ အရည္အေသြးေတြက တသသေျပာစမွတ္ျဖစ္ေနဆဲပါပဲ။

ကလပ္အသင္းတစ္သငး္မွာ All Time Top Goal Scorer တစ္ဦးျဖစ္ဖုိ႔ဆုိတာက အရမ္းခက္ခဲတဲ့ ကိစၥတစ္ခုပါ။ ဒီလုိ ခက္ခဲတဲ့မွတ္တမ္းတစ္ခုကုိ ရရွိခဲ့ၾကသူေတြ၊ စံခ်ိန္သစ္ေတြ ထပ္တင္ခဲ့ၾကသူေတြက ပင္ကုိယ္အရည္အေသြး ျမင့္မားသူေတြဆုိတာ ဘယ္သူမွ ျငင္းႏုိင္မွာ မဟုတ္ေလာက္ပါဘူး။ စံခ်ိန္မွတ္တမ္းဆုိတာ ခ်ိဳးဖ်က္ဖုိ႔အတြက္ ျဖစ္လာတာလုိ႔ ဆုိတဲ့အတိုင္းပဲ ဒီကစားသမားေတြရဲ႕ စံခ်ိန္ကလည္း တစ္ခ်ိန္ခ်ိန္က်ရင္ က်ိဳးျပတ္သြားဦးမွာပါ။ ဒါေပမဲ့ အခုေဖာ္ျပခဲ့တဲ့ ကစားသမားေတြက ပရိသတ္ရဲ႕ ရင္ထဲမွာ ထာ၀ရရွင္သန္ေနဦးမွာျဖစ္ပါေတာ့တယ္ . . .

REF:Daily Mail
Photo:Evening Express,Toronto Star,The Irish Sun,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန် ကလပ်အသင်းတစ်သင်းအတွက် သွင်းဂိုးအများဆုံးကစားသမားတွေက ဘယ်သူတွေများလဲ

ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး Aguero က မန်စီးတီးကစားသမားဘ၀ ဂိုး(၂၀၀)ပြည့်နဲ့ (၂၀၁)ဂိုးမြောက် ဂိုးတွေကို သွင်းယူခဲ့တယ်။ အဂွဲရိုးဟာ အရင်ကတည်းက မန်စီးတီးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပြီး အခုဆိုရင် အင်္ဂလန်ဘောလုံး မသိုင်းမှာ ကလပ်အသင်းတစ်သင်းအတွက် ဂိုး(၂၀၀)နဲ့အထက် သွင်းယူခဲ့တဲ့ (၂၇)ဦးမြောက် ကစားသမားဖြစ်လာခဲ့ပြီ။

Aguero-Score-200-Goal

Aguero-Score-200-Goal

သူ့အရင်ကလည်း ကလပ်အသင်းတစ်သင်းတည်းအတွက် စံချိန်တင်သွင်းဂိုးတွေ သွင်းယူခဲ့တဲ့ နာမည်ကြီးကစားသမား အများကြီးရှိခဲ့ဖူးတယ်။ အဲဒီထဲကမှ ပရိသတ်တွေ ရင်းနှီးပြီးသား ကစားသမားတွေကို ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

ရွန်နီ Rooney (မန်ယူ-၂၅၃ ဂိုး)

Wayne-Rooney-

Wayne-Rooney-

မန်ယူအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးလို့ တင်စားရမယ့် ရွန်နီဟာ မန်ယူအသင်းမှာ ၂၀၀၄ ကနေ ၂၀၁၇ အထိ (၁၃)နှစ်ကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ(၅၅၉)ပွဲကစား၊ (၂၅၃)ဂိုးသွင်းယူခဲ့တယ်။ သူက မန်ယူအသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမား ဆာဘော်ဘီချာလ်တန် Sir Bobby Charlton ကို ကျော်ဖြတ်ပြီး အသင်းသမိုင်းတစ်လျှောက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့တာပါ။

လမ်းပတ် Lampard (ချယ်လ်ဆီး – ၂၁၁ ဂိုး)

Lampard

Lampard

လမ်းပတ်လို ကွင်းလယ်လူတစ်ဦးက ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာက အံ့အားသင့်စရာပါ။ ဒါပေမဲ့ တိုက်စစ်အားသန် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လမ်းပတ်က တော်ရုံလူ မစွမ်းဆောင်နိုင်တဲ့ မှတ်တမ်းတစ်ခုကို စိုက်ထူထားပြီး သူ့ရဲ့မှတ်တမ်းကို ချိုးဖျက်ဖို့က သိပ်တော့ မလွယ်ကူလှပါဘူး။

အလန်ရှီးယား Alan Shearer (နယူးကာဆယ် – ၂၀၆ ဂိုး)

Alan-Shearer

Alan-Shearer

တစ်ခေတ်တစ်ခါက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ Goal Machine ဖြစ်ခဲ့တဲ့ အလန်ရှီးယားအတွက် သွင်းဂိုးတစ်ဂိုးဆိုတာ မခက်ခဲ့ပါဘူး။ နယူးကာဆယ်အတွက် စံချိန်တင် (၂၀၆)ဂိုးသွင်းခဲ့သလို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာလည်း (၂၆၀)ဂိုးနဲ့ Top Scorer အဖြစ် ရပ်တည်နေသူပါ။

အွန်နရီ Henry (အာဆင်နယ် – ၂၂၆ ဂိုး)

Thierry-Henry

Thierry-Henry

အာဆင်နယ်ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုအချိန်အထိ မမေ့နိုင်တဲ့ ကစားသမားတစ်ဦးပါ။ အဲဒီလို မမေ့နိုင်လောက်အောင်ပဲ အွန်နရီရဲ့ စွမ်းဆောင်ရည်၊ ခြေစွမ်း၊ Technique စတဲ့ အရည်အသွေးတွေက တသသပြောစမှတ်ဖြစ်နေဆဲပါပဲ။

ကလပ်အသင်းတစ်သင်းမှာ All Time Top Goal Scorer တစ်ဦးဖြစ်ဖို့ဆိုတာက အရမ်းခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒီလို ခက်ခဲတဲ့မှတ်တမ်းတစ်ခုကို ရရှိခဲ့ကြသူတွေ၊ စံချိန်သစ်တွေ ထပ်တင်ခဲ့ကြသူတွေက ပင်ကိုယ်အရည်အသွေး မြင့်မားသူတွေဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်လောက်ပါဘူး။ စံချိန်မှတ်တမ်းဆိုတာ ချိုးဖျက်ဖို့အတွက် ဖြစ်လာတာလို့ ဆိုတဲ့အတိုင်းပဲ ဒီကစားသမားတွေရဲ့ စံချိန်ကလည်း တစ်ချိန်ချိန်ကျရင် ကျိုးပြတ်သွားဦးမှာပါ။ ဒါပေမဲ့ အခုဖော်ပြခဲ့တဲ့ ကစားသမားတွေက ပရိသတ်ရဲ့ ရင်ထဲမှာ ထာဝရရှင်သန်နေဦးမှာဖြစ်ပါတော့တယ် . . .

REF:Daily Mail
Photo:Evening Express,Toronto Star,The Irish Sun,Getty Images
Naing Linn(Akhayar)
www.akhayar.com