[Zawgyi]

ဆာဂ်ီေရာဘတ္တို Sergi Roberto ကို ေလ်ာ္ေၾကးေပါင္သန္း (၄၄၀)ျဖင့္ ဘာစီလိုနာ သက္တမ္းတိုး

ဘာစီလုိနာအသင္းက ဆာဂ်ီေရာဘတ္တိုကို ေလ်ာ္ေၾကးေပါင္သန္း (၄၄၀)ထည့္သြင္းခ်ဳပ္ဆုိၿပီး စာခ်ဳပ္သက္တမ္းတုိးလုိက္ပါတယ္။ ဆာဂ်ီေရာဘတ္တိုနဲ႔ စာခ်ဳပ္သက္တမ္း (၁၈)လက်န္ရွိေနေသးေပမယ့္ ဘာစီလိုနာက၂၀၂၂ ခုႏွစ္အထိသက္တမ္းတိုးခဲ့တာပါပဲ။ အသက္ (၂၆)ႏွစ္အရြယ္ ဆာဂ်ီေရာဘတ္တိုဟာ လက္ရွိေဘာလံုးရာသီမွာ ဘာစီလိုနာရဲ႕ အဓိကကစားသမားတစ္ဦးျဖစ္ေနၿပီး သူ႕ကို ဘာစီလုိနာနည္းျပေဟာင္း ဂြါဒီယိုလာ Guardiola က မန္စီးတီးကိုေခၚယူဖို႔စီစဥ္ေနလို႔ ဘာစီလိုနာက အလ်င္အျမန္သက္တမ္းတိုးၿပီးစာခ်ဳပ္ပါေလ်ာ္ေၾကး ျမင့္မားစြာခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဆာဂ်ီေရာဘတ္တိုက ဘာစီလိုနာအသင္းကိုအသက္(၁၂)အရြယ္ကတည္းက ေရာက္ရွိေနခဲ့တာျဖစ္ၿပီး အေစာပုိင္းမွာ ဗဟိုကြင္းလယ္လူအျဖစ္ကစားခဲ့ေပမယ့္ အဲလ္ဗတ္စ္ Alves ထြက္ခြာၿပီးေနာက္မွာ ညာေနာက္ခံလူအျဖစ္ ေျပာင္းလဲကစားခဲ့ပါတယ္။ “ ဘာစီလုိနာအသင္းမွာပဲ အၿမဲတမ္းေနခ်င္ပါတယ္။ ငယ္ငယ္ကတည္းက ကၽြန္ေတာ္ဟာ ဘာစီလုိနာပရိသတ္ပါ” လို႔ စာခ်ဳပ္သက္တမ္းတုိးၿပီးေနာက္ ဆာဂ်ီေရာဘတ္တိုက ေျပာခဲ့ပါတယ္။

ဆာဂ်ီေရာဘတ္တုိဟာ ဘာစီိလုိနာအသင္းနဲ႔အတူ လာလီဂါခ်န္ပီယံဆု ေလးႀကိမ္၊ ခ်န္ပီယံလိဂ္ ႏွစ္ႀကိမ္နဲ႔ စပိန္ဘုရင့္ဖလား ေလးႀကိမ္၊ စပိန္စူပါဖလား၊ ဥေရာပစူပါဖလား။ ဖီဖာကလပ္ကမၻာ့ဖလား တစ္ႀကိမ္စီပိုင္ဆုိင္ထားပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆာဂျီရောဘတ်တို Sergi Roberto ကို လျော်ကြေးပေါင်သန်း (၄၄၀)ဖြင့် ဘာစီလိုနာ သက်တမ်းတိုး

ဘာစီလိုနာအသင်းက ဆာဂျီရောဘတ်တိုကို လျော်ကြေးပေါင်သန်း (၄၄၀)ထည့်သွင်းချုပ်ဆိုပြီး စာချုပ်သက်တမ်းတိုးလိုက်ပါတယ်။ ဆာဂျီရောဘတ်တိုနဲ့ စာချုပ်သက်တမ်း (၁၈)လကျန်ရှိနေသေးပေမယ့် ဘာစီလိုနာက၂၀၂၂ ခုနှစ်အထိသက်တမ်းတိုးခဲ့တာပါပဲ။ အသက် (၂၆)နှစ်အရွယ် ဆာဂျီရောဘတ်တိုဟာ လက်ရှိဘောလုံးရာသီမှာ ဘာစီလိုနာရဲ့ အဓိကကစားသမားတစ်ဦးဖြစ်နေပြီး သူ့ကို ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာ Guardiola က မန်စီးတီးကိုခေါ်ယူဖို့စီစဉ်နေလို့ ဘာစီလိုနာက အလျင်အမြန်သက်တမ်းတိုးပြီးစာချုပ်ပါလျော်ကြေး မြင့်မားစွာချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဆာဂျီရောဘတ်တိုက ဘာစီလိုနာအသင်းကိုအသက်(၁၂)အရွယ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး အစောပိုင်းမှာ ဗဟိုကွင်းလယ်လူအဖြစ်ကစားခဲ့ပေမယ့် အဲလ်ဗတ်စ် Alves ထွက်ခွာပြီးနောက်မှာ ညာနောက်ခံလူအဖြစ် ပြောင်းလဲကစားခဲ့ပါတယ်။ “ ဘာစီလိုနာအသင်းမှာပဲ အမြဲတမ်းနေချင်ပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော်ဟာ ဘာစီလိုနာပရိသတ်ပါ” လို့ စာချုပ်သက်တမ်းတိုးပြီးနောက် ဆာဂျီရောဘတ်တိုက ပြောခဲ့ပါတယ်။

ဆာဂျီရောဘတ်တိုဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါချန်ပီယံဆု လေးကြိမ်၊ ချန်ပီယံလိဂ် နှစ်ကြိမ်နဲ့ စပိန်ဘုရင့်ဖလား လေးကြိမ်၊ စပိန်စူပါဖလား၊ ဥရောပစူပါဖလား။ ဖီဖာကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီပိုင်ဆိုင်ထားပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။