This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြမွာ သမုိင္းသစ္ေရးထုိးဖုိ႔ ႀကိဳးပမ္းမယ့္ ဆားဘီးယား

ဥေရာပအေျခစုိက္ နာမည္ေက်ာ္ကစားသမားေတြနဲ႔ ဖဲြ႕စည္းထားတဲ့ ဆားဘီးယားအသင္းဟာ ဒီအုပ္စုမွာ ဘရာဇီးလ္နဲ႔အတူ အုပ္စုဒုတိယအျဖစ္ ေနာက္တစ္ဆင့္တက္ဖုိ႔ အခြင့္အေရးေကာင္းေနပါတယ္။စတြိဳက္ကိုဗစ္ Dragan Stojkovic၊ မီယာတိုဗစ္ Mijatovic၊ မီဟုိင္းလုိဗစ္ Mihajlović ၊ စတန္ကုိဗစ္ Stanković စတဲ့ အမည္နာမည္ေတြကုိ ပရိသတ္ေတြ အမွတ္ေနရဆဲျဖစ္မွာပါ။ အရင္ ယူဂုိဆလားဗီးယားႏုိင္ငံအျဖစ္နဲ႔ ယွဥ္ၿပိဳင္စဥ္က စတုတၳ(၂)ႀကိမ္ရခဲ့ၿပီး ထုိက္သင့္တဲ့ေအာင္ျမင္မႈရယူခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ ကမၻာ႔ဖလားေအာင္ျမင္မႈနဲ႔ ေ၀းကြာေနပါတယ္။ ၂၀၁၄ ကမၻာ႔ဖလားမွာ ေျခစစ္ပဲြ မေအာင္ျမင္ခဲ့သလုိ ၂၀၁၀ ကမၻာ႔ဖလားတုန္းကလည္း အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတယ္။ ဒီတစ္ႀကိမ္မွာ အရည္အေသြးျမင့္ ကစားသမားေတြ ရွိေနတဲ့ ဆားဘီးယားအသင္း ဘယ္အဆင့္အထိ ေရာက္ရွိႏုိင္မလဲဆုိတာ ေစာင့္ၾကည့္ရမယ္။

Serbia_national_football_team

Serbia_national_football_team

ဆားဘီးယားအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း
ဆားဘီးယားအသင္းဟာ အရင္ယူဂုိဆလားဗီးယားႏုိင္ငံအျဖစ္ ကမၻာ႔ဖလားကုိ (၉)ႀကိမ္(၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၉၀၊ ၁၉၉၈) ဆားဘီးယားနဲ႔ မြန္တီနီဂ႐ုိးအျဖစ္ (၁)ႀကိမ္(၂၀၀၆)၊ အခုဆားဘီးယားအျဖစ္ (၁)ႀကိမ္(၂၀၁၀) ယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။ ယူဂုိဆလားဗီးယားအသင္းအေနနဲ႔ ယွဥ္ၿပိဳင္ခဲ့စဥ္က ၁၉၃၀၊ ၁၉၆၂ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ စတုတၳရခဲ့တဲ့အထိ ေအာင္ျမင္မႈရယူႏုိင္ခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ အုပ္စုအဆင့္ကပဲ လွည့္ျပန္ခဲ့ရတာ မ်ားတယ္။

Serbia_national_football_team

Serbia_national_football_team

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ
ဆားဘီးယားအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားအုပ္စုတြင္းမွာ အသင္းႀကီးေတြနဲ႔ က်ေရာက္ခဲ့ျခင္းမရွိဘဲ အခက္အခဲမရွိ ေက်ာ္ျဖတ္ႏုိင္ခဲ့တယ္။ ဒါေပမဲ့ သူတို႔နဲ႔ Level တူလုိ႔ သတ္မွတ္ရမယ့္ အုိင္ယာလန္၊ ေ၀းလ္စ္တို႔ကုိ ေက်ာ္ျဖတ္ၿပီး အုပ္စုပထမရယူခဲ့တာကေတာ့ ဆားဘီးယားအသင္းကုိ အသိအမွတ္ျပဳရမယ့္အခ်က္ပါပဲ။ အေ၀းကြင္းမွာ ၾသစႀတီးယားအသင္းကုိ မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့တာကလဲြၿပီး က်န္တဲ့ပဲြေတြမွာ အမွားအယြင္းမရွိခဲ့ဘဲ (၆)ပဲြႏုိင္၊ (၃)ပဲြသေရ (၂၁)မွတ္နဲ႔ ေျခစစ္ပဲြေအာင္ခဲ့သလုိ ဖူလ္ဟမ္တိုက္စစ္မွဴး Mitrović က (၇)ဂုိးနဲ႔ အသငး္အတြက္ ေျခစစ္ပဲြသြင္းဂုိးအမ်ားဆုံးကစားသမားျဖစ္ခဲ့တယ္။

Ivanovic-And-Matic

Ivanovic-And-Matic

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
လက္ရွိ ဆားဘီးယားအသင္းရဲ႕ ကစားသမားစုဖဲြ႕မႈက အားရစရာေကာင္းပါတယ္။ ၀ါရင့္ကစားသမားေတြနဲ႔ လူငယ္ေျခတက္ကစားသမားေတြကုိ Unite ျဖစ္ေအာင္ တည္ေဆာက္ထားၿပီး အရန္အင္အားလည္း ေတာင့္တင္းတယ္။ ၀ါရင့္ေနာက္ခံလူေတြျဖစ္တဲ့ ကုိလာေရာ့ဗ္ Kolarov၊ အီဗန္ႏုိဗစ္ Ivanović၊ ကြင္းလယ္မွာ မာတစ္ Matic၊ တာဒစ္ Tadic၊ မီလီဗုိယီဗစ္ Milivojević၊ မီလင္ကုိဗစ္ Sergej Milinkovic ၊ ယာယစ္ Adem Ljajić ၊ လူငယ္တိုက္စစ္မွဴး မီထ႐ုိဗစ္ Mitrović တို႔က ဒီၿပိဳင္ပဲြမွာ အဓိက ေစာင့္ၾကည့္ရမယ့္ကစားသမားေတြပါပဲ။

REF:Wikipedia
Photo:Goal.com,AFP
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သမိုင်းသစ်ရေးထိုးဖို့ ကြိုးပမ်းမယ့် ဆားဘီးယား

ဥရောပအခြေစိုက် နာမည်ကျော်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဆားဘီးယားအသင်းဟာ ဒီအုပ်စုမှာ ဘရာဇီးလ်နဲ့အတူ အုပ်စုဒုတိယအဖြစ် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကောင်းနေပါတယ်။စတွိုက်ကိုဗစ် Dragan Stojkovic၊ မီယာတိုဗစ် Mijatovic၊ မီဟိုင်းလိုဗစ် Mihajlović ၊ စတန်ကိုဗစ် Stanković စတဲ့ အမည်နာမည်တွေကို ပရိသတ်တွေ အမှတ်နေရဆဲဖြစ်မှာပါ။ အရင် ယူဂိုဆလားဗီးယားနိုင်ငံအဖြစ်နဲ့ ယှဉ်ပြိုင်စဉ်က စတုတ္ထ(၂)ကြိမ်ရခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုရယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကမ္ဘာ့ဖလားအောင်မြင်မှုနဲ့ ဝေးကွာနေပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို ၂၀၁၀ ကမ္ဘာ့ဖလားတုန်းကလည်း အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတဲ့ ဆားဘီးယားအသင်း ဘယ်အဆင့်အထိ ရောက်ရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်။

Serbia_national_football_team

Serbia_national_football_team

ဆားဘီးယားအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း
ဆားဘီးယားအသင်းဟာ အရင်ယူဂိုဆလားဗီးယားနိုင်ငံအဖြစ် ကမ္ဘာ့ဖလားကို (၉)ကြိမ်(၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၉၀၊ ၁၉၉၈) ဆားဘီးယားနဲ့ မွန်တီနီဂရိုးအဖြစ် (၁)ကြိမ်(၂၀၀၆)၊ အခုဆားဘီးယားအဖြစ် (၁)ကြိမ်(၂၀၁၀) ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ယူဂိုဆလားဗီးယားအသင်းအနေနဲ့ ယှဉ်ပြိုင်ခဲ့စဉ်က ၁၉၃၀၊ ၁၉၆၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ စတုတ္ထရခဲ့တဲ့အထိ အောင်မြင်မှုရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အုပ်စုအဆင့်ကပဲ လှည့်ပြန်ခဲ့ရတာ များတယ်။

Serbia_national_football_team

Serbia_national_football_team

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု
ဆားဘီးယားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုတွင်းမှာ အသင်းကြီးတွေနဲ့ ကျရောက်ခဲ့ခြင်းမရှိဘဲ အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့နဲ့ Level တူလို့ သတ်မှတ်ရမယ့် အိုင်ယာလန်၊ ဝေးလ်စ်တို့ကို ကျော်ဖြတ်ပြီး အုပ်စုပထမရယူခဲ့တာကတော့ ဆားဘီးယားအသင်းကို အသိအမှတ်ပြုရမယ့်အချက်ပါပဲ။ အဝေးကွင်းမှာ သြစတြီးယားအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကလွဲပြီး ကျန်တဲ့ပွဲတွေမှာ အမှားအယွင်းမရှိခဲ့ဘဲ (၆)ပွဲနိုင်၊ (၃)ပွဲသရေ (၂၁)မှတ်နဲ့ ခြေစစ်ပွဲအောင်ခဲ့သလို ဖူလ်ဟမ်တိုက်စစ်မှူး Mitrović က (၇)ဂိုးနဲ့ အသင်းအတွက် ခြေစစ်ပွဲသွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့တယ်။

Ivanovic-And-Matic

Ivanovic-And-Matic

စောင့်ကြည့်ရမယ့်ကစားသမားများ
လက်ရှိ ဆားဘီးယားအသင်းရဲ့ ကစားသမားစုဖွဲ့မှုက အားရစရာကောင်းပါတယ်။ ဝါရင့်ကစားသမားတွေနဲ့ လူငယ်ခြေတက်ကစားသမားတွေကို Unite ဖြစ်အောင် တည်ဆောက်ထားပြီး အရန်အင်အားလည်း တောင့်တင်းတယ်။ ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ ကိုလာရော့ဗ် Kolarov၊ အီဗန်နိုဗစ် Ivanović၊ ကွင်းလယ်မှာ မာတစ် Matic၊ တာဒစ် Tadic၊ မီလီဗိုယီဗစ် Milivojević၊ မီလင်ကိုဗစ် Sergej Milinkovic ၊ ယာယစ် Adem Ljajić ၊ လူငယ်တိုက်စစ်မှူး မီထရိုဗစ် Mitrović တို့က ဒီပြိုင်ပွဲမှာ အဓိက စောင့်ကြည့်ရမယ့်ကစားသမားတွေပါပဲ။

REF:Wikipedia
Photo:Goal.com,AFP
Naing Linn(Akhayar)
www.akhayar.com