This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆာဘီးယားကို ေနာက္ကလိုက္ကစားၿပီး ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းသြားတဲ့ ဆြစ္ဇာလန္

ေနာက္တစ္ဆင့္တက္ဖို႔ (၂)သင္းစလံုး ေမွ်ာ္လင့္ခ်က္ ကိုယ္စီရွိေနလို႔ အႀကိတ္အနယ္ ကစားခဲ့ၿပီး စိတ္လႈပ္ရွားဖို႔ ေကာင္းတဲ့ ေဘာလံုးပြဲတစ္ပြဲရဲ႕ ရသကို အျပည့္အဝ ခံစားခဲ့ရတယ္။ တစ္ပြဲစီ ကစားၿပီးတဲ့ အခ်ိန္မွာ ဆာဘီးယားက (၃)မွတ္ရရွိထားၿပီး ဆြစ္ဇာလန္က (၁)မွတ္ ရရွိထားခဲ့တယ္။ ဒီပြဲမွာ ရလဒ္ေကာင္းခဲ့ရင္ ဆာဘီးယားအတြက္ ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ အေျခအေနေကာင္းသြားမွာျဖစ္သလို ဆြစ္ဇာလန္အတြက္ကလည္း ႏိုင္ပြဲရယူႏိုင္ခဲ့ရင္ အုပ္စုေနာက္ဆံုးပြဲကို ဖိအားကင္းကင္းနဲ႔ ကစားႏိုင္မွာျဖစ္လို႔ (၂)သင္းစလံုး လူစံုထုတ္လာခဲ့တယ္။ ပြဲရဲ႕ အပိုင္း (၂)ပိုင္းက အသင္း (၂)သင္းလံုးအတြက္ တစ္လွည့္စီ ပံုစံေကာင္းေတြ ျပႏိုင္ခဲ့တဲ့ ပြဲျဖစ္တယ္။ ပထမပိုင္းက ဆာဘီးယားအတြက္ျဖစ္ခဲ့ၿပီး ဒုတိယပိုင္းက ဆြစ္ဇာလန္တို႔အတြက္ျဖစ္ခဲ့တယ္။ ပထမပိုင္းမွာ ဆာဘီးယားအသင္း တိုက္စစ္ဖြင့္ ကစားခဲ့လို႔ ဆြစ္ဇာလန္ခံစစ္ အလူးအလဲ ကာကြယ္ခဲ့ရတယ္။ ပထမပိုင္း တစ္ပိုင္းလံုး ကစားပံုထက္ ပြဲအစ အေစာပိုင္းမိနစ္ေတြမွာ ဆာဘီးယားရဲ႕ တိုက္စစ္က အေကာင္းဆံုး ပံုစံတစ္ရပ္ကို ျပသႏိုင္ခဲ့တယ္။

Serbia-Forward-Mitrovic-header-score

Serbia-Forward-Mitrovic-header-score

အေစာပိုင္းမိနစ္ေတြမွာ ဒီလို ပံုစံေကာင္းေတြ ျပသႏိုင္ခဲ့လို႔ ပြဲအစ (၅)မိနစ္မွာပဲ ဆာဘီးယားတို႔ ဦးေဆာင္ဂိုး ရရွိခဲ့တယ္။ ေတာင္ပံ တုိက္စစ္ကစားသမား တာဒစ္ Tadic ရဲ႕ အေကာင္းဆံုး ျဖတ္တင္ေပးပို႔မႈကေန တိုက္စစ္မွဴး မီထရိုဗစ္ Mitrovic က ေခါင္းတိုက္ အဆံုးသတ္ႏိုင္ခဲ့တာျဖစ္တယ္။ ပထမပိုင္းမွာ ဆြစ္ဇာလန္ ကစားပံု အလုပ္သိပ္မျဖစ္ခဲ့လို႔ ဆာဘီးယားအသင္းကပဲ ပြဲကို စိုးမိုးထားႏိုင္ခဲ့တယ္။ ဦးေဆာင္ဂိုးရၿပီး ေနာက္ပိုင္းမိနစ္ေတြမွာ ဆာဘီးယားတို႔ အခြင့္အေရးေတြ ထပ္ရခဲ့ေပမယ့္ တိုက္စစ္ကစားသမားေတြ အဆံုးသတ္အားနည္းေနခဲ့လို႔ (၁-၀)ဂိုးနဲ႔ပဲ ပထမပိုင္း ၿပီးဆံုးခဲ့တယ္။ ဒုတိယပိုင္းမွာ ဆြစ္ဇာလန္ရဲ႕ ကစားပံုက အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ေျပာင္းလဲသြားခဲ့ၿပီး ဆာဘီးယားရဲ႕ ပထမပိုင္း ကစားပံုက လံုးဝ ေျပာင္းလဲသြားခဲ့ၿပီး ခံစစ္မွာသာ အခ်ိန္ကုန္ေနခဲ့တယ္။ ဒုတိယပိုင္းမွာ ကစားကြက္ ေကာင္းမြန္လာခဲ့တဲ့ ဆြစ္ဇာလန္အသင္းရဲ႕ တိုက္စစ္ကို ဆာဘီးယားတို႔ ၾကာၾကာမေတာင့္ခံႏိုင္ခဲ့ဘဲ ပြဲကစားခ်ိန္ (၅၂)မိနစ္မွာေတာ့ ေခ်ပဂိုး ျပန္လည္ခြင့္ျပဳခဲ့ရတယ္။ ကြင္းလယ္လူ ခ်ာကာ Xhaka ရဲ႕ ေသသပ္လွပတဲ့ ကန္ခ်က္ကေန ေခ်ပဂိုး ျပန္လည္ သြင္းယူႏိုင္ခဲ့လို႔ ဆြစ္ဇာလန္တို႔ ပိုအားတက္သြားခဲ့တယ္။

Shaqiri-celebrates

Shaqiri-celebrates

ဒုတိယပိုင္း တစ္ပိုင္းလံုး ဆြစ္ဇာလန္တို႔ ဖိအားေပး တိုက္စစ္ဆင္ႏိုင္ခဲ့ေပမယ့္ အႏိုင္ဂိုးရရွိဖို႔ကုိေတာ့ ရုန္းကန္ခဲ့ရၿပီး ေနာက္ဆံုးမိနစ္အေရာက္မွာမွ အသင္းအတြက္ အေရးပါတဲ့ အႏိုင္ဂိုးကို ရရွိခဲ့တယ္။ လူစားဝင္ တိုက္စစ္ကစားသမား ဂက္ဗ္ရာႏိုဗစ္ Gavranovicv ရဲ႕ ဖန္တီးေပးမႈကေန ရရွိလာတဲ့ အခြင့္အေရးကို ပြဲကစားခ်ိန္ မိနစ္ (၉၀)မွာ ရွာကြီရီ Shaqiri က ေနာက္ခံလူတစ္ဦးနဲ႔ ဂိုးသမားတို႔ၾကားက ေဘာလံုးတစ္လံုးစာ ေနရာလြတ္ကို အေကာင္းဆံုး အဆံုးသတ္ၿပီး သြင္းယူေပးႏိုင္ခဲ့တာျဖစ္တယ္။ ဦးေဆာင္ဂိုးေပးလိုက္ရလို႔ ဆာဘီးယားအသင္း တစ္ေက်ာ႔ျပန္ တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဆြစ္ဇာလန္ ကြင္းလယ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ အခြင့္အေရးတခ်ိဳ႔ပါ ထပ္ေပးခဲ့ရတယ္။ ဆာဘီးယားအသင္းရဲ႕ တိုက္စစ္ဖြင့္ ကစားမႈေၾကာင့္ လက္က်န္မိနစ္အနည္းငယ္မွာ တန္ျပန္တိုက္စစ္ကေန ဆြစ္ဇာလန္တို႔ အခြင့္အေရးတခ်ိဳ႔ထပ္ရခဲ့ေပမယ့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့လို႔ (၁-၂)ဂိုးနဲ႔ ပြဲၿပီးဆံုးခဲ့တယ္။ ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို အသင္းအတြက္ အေရးပါတဲ့ အႏိုင္ဂိုးကို ေနာက္ဆံုးမိနစ္မွာ သြင္းယူေပးခဲ့တဲ့ ရွာကီြရီ Shaqiri က ရရွိခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဆာဘီးယားကို နောက်ကလိုက်ကစားပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားတဲ့ ဆွစ်ဇာလန်

နောက်တစ်ဆင့်တက်ဖို့ (၂)သင်းစလုံး မျှော်လင့်ချက် ကိုယ်စီရှိနေလို့ အကြိတ်အနယ် ကစားခဲ့ပြီး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ဘောလုံးပွဲတစ်ပွဲရဲ့ ရသကို အပြည့်အဝ ခံစားခဲ့ရတယ်။ တစ်ပွဲစီ ကစားပြီးတဲ့ အချိန်မှာ ဆာဘီးယားက (၃)မှတ်ရရှိထားပြီး ဆွစ်ဇာလန်က (၁)မှတ် ရရှိထားခဲ့တယ်။ ဒီပွဲမှာ ရလဒ်ကောင်းခဲ့ရင် ဆာဘီးယားအတွက် နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်းသွားမှာဖြစ်သလို ဆွစ်ဇာလန်အတွက်ကလည်း နိုင်ပွဲရယူနိုင်ခဲ့ရင် အုပ်စုနောက်ဆုံးပွဲကို ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာဖြစ်လို့ (၂)သင်းစလုံး လူစုံထုတ်လာခဲ့တယ်။ ပွဲရဲ့ အပိုင်း (၂)ပိုင်းက အသင်း (၂)သင်းလုံးအတွက် တစ်လှည့်စီ ပုံစံကောင်းတွေ ပြနိုင်ခဲ့တဲ့ ပွဲဖြစ်တယ်။ ပထမပိုင်းက ဆာဘီးယားအတွက်ဖြစ်ခဲ့ပြီး ဒုတိယပိုင်းက ဆွစ်ဇာလန်တို့အတွက်ဖြစ်ခဲ့တယ်။ ပထမပိုင်းမှာ ဆာဘီးယားအသင်း တိုက်စစ်ဖွင့် ကစားခဲ့လို့ ဆွစ်ဇာလန်ခံစစ် အလူးအလဲ ကာကွယ်ခဲ့ရတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ကစားပုံထက် ပွဲအစ အစောပိုင်းမိနစ်တွေမှာ ဆာဘီးယားရဲ့ တိုက်စစ်က အကောင်းဆုံး ပုံစံတစ်ရပ်ကို ပြသနိုင်ခဲ့တယ်။

Serbia-Forward-Mitrovic-header-score

Serbia-Forward-Mitrovic-header-score

အစောပိုင်းမိနစ်တွေမှာ ဒီလို ပုံစံကောင်းတွေ ပြသနိုင်ခဲ့လို့ ပွဲအစ (၅)မိနစ်မှာပဲ ဆာဘီးယားတို့ ဦးဆောင်ဂိုး ရရှိခဲ့တယ်။ တောင်ပံ တိုက်စစ်ကစားသမား တာဒစ် Tadic ရဲ့ အကောင်းဆုံး ဖြတ်တင်ပေးပို့မှုကနေ တိုက်စစ်မှူး မီထရိုဗစ် Mitrovic က ခေါင်းတိုက် အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။ ပထမပိုင်းမှာ ဆွစ်ဇာလန် ကစားပုံ အလုပ်သိပ်မဖြစ်ခဲ့လို့ ဆာဘီးယားအသင်းကပဲ ပွဲကို စိုးမိုးထားနိုင်ခဲ့တယ်။ ဦးဆောင်ဂိုးရပြီး နောက်ပိုင်းမိနစ်တွေမှာ ဆာဘီးယားတို့ အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အဆုံးသတ်အားနည်းနေခဲ့လို့ (၁-ဝ)ဂိုးနဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့တယ်။ ဒုတိယပိုင်းမှာ ဆွစ်ဇာလန်ရဲ့ ကစားပုံက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီး ဆာဘီးယားရဲ့ ပထမပိုင်း ကစားပုံက လုံးဝ ပြောင်းလဲသွားခဲ့ပြီး ခံစစ်မှာသာ အချိန်ကုန်နေခဲ့တယ်။ ဒုတိယပိုင်းမှာ ကစားကွက် ကောင်းမွန်လာခဲ့တဲ့ ဆွစ်ဇာလန်အသင်းရဲ့ တိုက်စစ်ကို ဆာဘီးယားတို့ ကြာကြာမတောင့်ခံနိုင်ခဲ့ဘဲ ပွဲကစားချိန် (၅၂)မိနစ်မှာတော့ ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရတယ်။ ကွင်းလယ်လူ ချာကာ Xhaka ရဲ့ သေသပ်လှပတဲ့ ကန်ချက်ကနေ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့လို့ ဆွစ်ဇာလန်တို့ ပိုအားတက်သွားခဲ့တယ်။

Shaqiri-celebrates

Shaqiri-celebrates

ဒုတိယပိုင်း တစ်ပိုင်းလုံး ဆွစ်ဇာလန်တို့ ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် အနိုင်ဂိုးရရှိဖို့ကိုတော့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်အရောက်မှာမှ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ရရှိခဲ့တယ်။ လူစားဝင် တိုက်စစ်ကစားသမား ဂက်ဗ်ရာနိုဗစ် Gavranovicv ရဲ့ ဖန်တီးပေးမှုကနေ ရရှိလာတဲ့ အခွင့်အရေးကို ပွဲကစားချိန် မိနစ် (၉၀)မှာ ရှာကွီရီ Shaqiri က နောက်ခံလူတစ်ဦးနဲ့ ဂိုးသမားတို့ကြားက ဘောလုံးတစ်လုံးစာ နေရာလွတ်ကို အကောင်းဆုံး အဆုံးသတ်ပြီး သွင်းယူပေးနိုင်ခဲ့တာဖြစ်တယ်။ ဦးဆောင်ဂိုးပေးလိုက်ရလို့ ဆာဘီးယားအသင်း တစ်ကျော့ပြန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆွစ်ဇာလန် ကွင်းလယ်ကို မကျော်နိုင်ခဲ့ဘဲ အခွင့်အရေးတချို့ပါ ထပ်ပေးခဲ့ရတယ်။ ဆာဘီးယားအသင်းရဲ့ တိုက်စစ်ဖွင့် ကစားမှုကြောင့် လက်ကျန်မိနစ်အနည်းငယ်မှာ တန်ပြန်တိုက်စစ်ကနေ ဆွစ်ဇာလန်တို့ အခွင့်အရေးတချို့ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ (၁-၂)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့တဲ့ ရှာကွီရီ Shaqiri က ရရှိခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com