This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

မထင္မွတ္တာေတြ လုပ္ျပႏုိင္စြမ္းရွိတဲ့ ဆီနီေဂါအသင္း

ဆီနီေဂါအသင္းဆုိရင္ ၂၀၀၂ ကမၻာ႔ဖလားမွာ ျပင္သစ္ကုိ အႏုိင္ရခဲ့တဲ့အသင္း၊ ဘူဘာဒီေအာ့ပ္ Bouba Diop၊ လီဗာပူးလ္ကစားသမားေဟာင္း အယ္လ္ဟာဂ်ီဂ်ဴ႕ဖ္ El Hadji Diouf စတဲ့ ကစားသမားေတြကုိ ပရိသတ္ေတြ အမွတ္ ရေနဆဲျဖစ္ပါလိမ့္မယ္။ ဆီနီေဂါအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္းကုိ ျပန္ၾကည့္ရင္ေတာ့ အားရစရာ မရွိပါဘူး။ ၂၀၀၂ ကမၻာ႔ဖလားမွ ပထမဆုံးအႀကိမ္ေျခစစ္ပဲြေအာင္ခဲ့ၿပီး အခု သူတို႔အတြက္ ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားၿပိဳင္ပဲြပါ။ ပထမဆုံးကမၻာ႔ဖလားၿပိဳင္ပဲြမွာ မထင္မွတ္တာေတြ လုပ္ျပခဲ့တဲ့ ဆီနီေဂါ အသင္း ဒီတစ္ႀကိမ္မွာလည္း ဘယ္လုိ အံ့အားသင့္စရာေတြကုိ လုပ္ျပဦးမလဲဆုိတာ . . . .

senegal-2002-world-cup

senegal-2002-world-cup

ဆီနီေဂါအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ဆီနီေဂါရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာငး္ကေတာ့ ရွင္းပါတယ္။ ၁၉၃၀ ကေန ၁၉၆၆ ခုႏွစ္အထိ မယွဥ္ၿပိဳင္၊ ၁၉၇၀ ကေန ၁၉၈၆ ခုႏွစ္အထိ ေျခစစ္ပဲြမေအာင္၊ ၁၉၉၀ မယွဥ္ၿပိဳင္၊ ၁၉၉၄၊ ၁၉၉၈ ေျခစစ္ပဲြ စတဲ့မွတ္တမ္းေတြနဲ႔ ရင္ဆုိင္ခဲ့ရတယ္။ ၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပထမဆုံးအႀကိမ္ ေျခစစ္ပဲြေအာင္ျမင္ခဲ့ၿပီး ျပင္သစ္၊ ဥ႐ုေဂြး စတဲ့ နာမည္ေက်ာ္အသင္းေတြကုိ ေက်ာ္ျဖတ္ခဲ့သလုိ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာလည္း ဆြီဒင္ အသငး္ကုိ အႏုိင္ရခဲ့တယ္။ ကြာတားဖုိင္နယ္အဆင့္မွ တူရကီကုိ အခ်ိန္ပုိမွာ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ ဆီမီးဖုိင္နယ္တက္ေရာက္ခြင့္ လဲြေခ်ာ္ခဲ့ရတာပါ။ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ေတြမွာ ေျခစစ္ပဲြမေအာင္ခဲ့ဘဲ အခုမွ ဒုတိ ယအႀကိမ္ေျမာက္ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ ဆင္ႏႊဲရမွာျဖစ္ပါတယ္။

Senegal-Players

Senegal-Players

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

ဆီနီေဂါအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလား အာဖရိကဇုန္မွာ ဒုတိယအဆင့္က စတင္ကစားခဲ့ရၿပီး မက္ဒါဂက္စ္ကာအသင္းကုိ အလြယ္တကူေက်ာ္ျဖတ္ခဲ့သလုိ ေနာက္ဆုံးအဆင့္မွာလည္း ဘာကီနာဖာဆုိ၊ ကိပ္ဗာဒီ၊ ေတာင္အာဖရိကတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ခဲ့တယ္။ နာမည္ႀကီး ေတာင္အာဖရိကအသင္း ႐ုန္းကန္ခဲ့ရလုိ႔ ဆီနီေဂါအသင္းအတြက္ အခက္အခဲမရွိဘဲ (၄)ပဲြႏုိင္၊ (၂)ပဲြသေရ ႐ႈံးပဲြမရွိနဲ႔ တိုက္႐ုိက္ေျခစစ္ပဲြ ေအာင္ခဲ့ပါတယ္။

senegal-Football-team

senegal-Football-team

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

လက္ရွိ ဆီနီေဂါအသင္းရဲ႕ ကစားသမားစုဖဲြ႕မႈက ေတာင့္တင္းမႈရွိပါတယ္။ ဥေရာပအေျခစုိက္ ၀ါရင့္ကစားသ မားေတြ ပါ၀င္ေနလုိ႔ ၿပိဳင္ဘက္အသင္းေတြကုိ ေကာင္းေကာင္း ဒုကၡေပးႏုိင္မွာပါ။ လီဗာပူးလ္အသင္း ရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား မာေနး Mane၊ မုိနာကုိ လူငယ္တိုက္စစ္ကစားသမား ကီတာဘယ္လ္ဒီ Keita Baldé ၊ ၀ါရင့္တိုက္စစ္မွဴးေတြျဖစ္ၾကတဲ့ မူဆာဆုိး Moussa Sow၊ မာမီဘီရန္ဂ်ဴ႕ဖ္ Mame Biram Diouf၊ ကြင္းလယ္မွာဆုိရင္ ၀က္စ္ဟမ္းက ကူယာေတး Kouyaté၊ အဲဗာတန္ကစားသမား ေဂးယီ Gueye စတဲ့ ပရိသတ္နဲ႔ရင္းႏွီးၿပီးသား ကစားသမားေတြ ပါ၀င္ေနတာလည္းျဖစ္ပါတယ္။

REF:Wikipedia
Photo:Sports Illustrated,Getty Images.bdtonline.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

မထင်မှတ်တာတွေ လုပ်ပြနိုင်စွမ်းရှိတဲ့ ဆီနီဂေါအသင်း

ဆီနီဂေါအသင်းဆိုရင် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို အနိုင်ရခဲ့တဲ့အသင်း၊ ဘူဘာဒီအော့ပ် Bouba Diop၊ လီဗာပူးလ်ကစားသမားဟောင်း အယ်လ်ဟာဂျီဂျူ့ဖ် El Hadji Diouf စတဲ့ ကစားသမားတွေကို ပရိသတ်တွေ အမှတ် ရနေဆဲဖြစ်ပါလိမ့်မယ်။ ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ အားရစရာ မရှိပါဘူး။ ၂၀၀၂ ကမ္ဘာ့ဖလားမှ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်ခဲ့ပြီး အခု သူတို့အတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြခဲ့တဲ့ ဆီနီဂေါ အသင်း ဒီတစ်ကြိမ်မှာလည်း ဘယ်လို အံ့အားသင့်စရာတွေကို လုပ်ပြဦးမလဲဆိုတာ . . . .

senegal-2002-world-cup

senegal-2002-world-cup

ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ဆီနီဂေါရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်းကတော့ ရှင်းပါတယ်။ ၁၉၃၀ ကနေ ၁၉၆၆ ခုနှစ်အထိ မယှဉ်ပြိုင်၊ ၁၉၇၀ ကနေ ၁၉၈၆ ခုနှစ်အထိ ခြေစစ်ပွဲမအောင်၊ ၁၉၉၀ မယှဉ်ပြိုင်၊ ၁၉၉၄၊ ၁၉၉၈ ခြေစစ်ပွဲ စတဲ့မှတ်တမ်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ပြင်သစ်၊ ဥရုဂွေး စတဲ့ နာမည်ကျော်အသင်းတွေကို ကျော်ဖြတ်ခဲ့သလို ရှုံးထွက်(၁၆)သင်းအဆင့်မှာလည်း ဆွီဒင် အသင်းကို အနိုင်ရခဲ့တယ်။ ကွာတားဖိုင်နယ်အဆင့်မှ တူရကီကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် လွဲချော်ခဲ့ရတာပါ။ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ တွေမှာ ခြေစစ်ပွဲမအောင်ခဲ့ဘဲ အခုမှ ဒုတိ ယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲရမှာဖြစ်ပါတယ်။

Senegal-Players

Senegal-Players

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

ဆီနီဂေါအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား အာဖရိကဇုန်မှာ ဒုတိယအဆင့်က စတင်ကစားခဲ့ရပြီး မက်ဒါဂက်စ်ကာအသင်းကို အလွယ်တကူကျော်ဖြတ်ခဲ့သလို နောက်ဆုံးအဆင့်မှာလည်း ဘာကီနာဖာဆို၊ ကိပ်ဗာဒီ၊ တောင်အာဖရိကတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့တယ်။ နာမည်ကြီး တောင်အာဖရိကအသင်း ရုန်းကန်ခဲ့ရလို့ ဆီနီဂေါအသင်းအတွက် အခက်အခဲမရှိဘဲ (၄)ပွဲနိုင်၊ (၂)ပွဲသရေ ရှုံးပွဲမရှိနဲ့ တိုက်ရိုက်ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။

senegal-Football-team

senegal-Football-team

စောင့်ကြည့်ရမယ့်ကစားသမားများ

လက်ရှိ ဆီနီဂေါအသင်းရဲ့ ကစားသမားစုဖွဲ့မှုက တောင့်တင်းမှုရှိပါတယ်။ ဥရောပအခြေစိုက် ဝါရင့်ကစားသ မားတွေ ပါဝင်နေလို့ ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်မှာပါ။ လီဗာပူးလ်အသင်း ရဲ့ တောင်ပံတိုက်စစ်ကစားသမား မာနေး Mane၊ မိုနာကို လူငယ်တိုက်စစ်ကစားသမား ကီတာဘယ်လ်ဒီ Keita Baldé ၊ ဝါရင့်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မူဆာဆိုး Moussa Sow၊ မာမီဘီရန်ဂျူ့ဖ် Mame Biram Diouf၊ ကွင်းလယ်မှာဆိုရင် ဝက်စ်ဟမ်းက ကူယာတေး Kouyaté၊ အဲဗာတန်ကစားသမား ဂေးယီ Gueye စတဲ့ ပရိသတ်နဲ့ရင်းနှီးပြီးသား ကစားသမားတွေ ပါဝင်နေတာလည်းဖြစ်ပါတယ်။

REF:Wikipedia
Photo:Sports Illustrated,Getty Images.bdtonline.com
Naing Linn(Akhayar)
www.akhayar.com