This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]









REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပိုလန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီး ပွဲကြည့်စင်က အမှိုက်တွေကို စည်းကမ်းရှိရှိသိမ်းဆည်းခဲ့ကြတဲ့ ဆီနီဂေါပရိသတ်များ

ဆီနီဂေါပရိသတ်တွေဟာ ပိုလန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအပြီး သူတို့ဘက်ပွဲကြည့်စင်အခြမ်းမှာရှိတဲ့ အမှိုက်တွေကို စည်းကမ်းရှိရှိသိမ်းဆည်းခဲ့ကြပါတယ်။ ဆီနီဂေါအသင်းဟာ ပိုလန်အသင်းကို ပိုလန်နောက်ခံလူ ချော့နက် Cionek ရဲ့ OG နဲ့ တိုက်စစ်မှူး နီယန်း Niang ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာဖြစ်ပြီး အုပ်စုအဖွင့်မှာ အမှတ်ပြည့်ရယူနိုင်ခဲ့တယ်။ ဒါကြောင့် ဆီနီဂေါပရိသတ်တွေဟာ သူတို့ရဲ့ ပွဲကြည့်စင်ဘက်ခြမ်းမှာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြတာကြောင့် အမှိုက်တွေ ပေပွသလိုဖြစ်ခဲ့ရပြီး ပွဲအပြီးမှာ အဲဒီအမှိုက်တွေကို စည်းကမ်းရှိရှိ သိမ်းဆည်းခဲ့ကြတာပါ။

Senegalese-supporters-could-be-seen-cleaning-up-drink-and-food-packaging

Senegalese-supporters-could-be-seen-cleaning-up-drink-and-food-packaging

ဆီနီဂေါပရိသတ်တွေရဲ့ လုပ်ရပ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတော်များများက ချီးကျူးရေးသားခဲ့ကြပြီး တခြားနိုင်ငံက ပရိသတ်တွေလည်း ဆီနီဂေါပရိသတ်တွေကို အတုယူသင့်တယ်လို့ တိုက်တွန်းခဲ့ကြပါတယ်။ ပွဲကြည့်စင်အတွင်း အမှိုက်သိမ်းဆည်းခဲ့တာက ဆီနီဂေါပရိသတ်တွေပဲ မဟုတ်ပါဘူး။

Japan-supporters-tidy-up-stadium-following-win-over-Colombia

Japan-supporters-tidy-up-stadium-following-win-over-Colombia

ဂျပန်အသင်းပရိသတ်တွေကလည်း ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ သူတို့ဘက်အခြမ်းမှာရှိတဲ့ အမှိုက်တွေကို သိမ်းဆည်းခဲ့ကြပါသေးတယ်။

REF:Daily Mail
Photo:The Sun,Twitter,Independent
Naing Linn(Akhayar)
www.akhayar.com