This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ တတိယေျမာက္ ႏုိင္ပဲြရယူခဲ့တဲ့ ဆီနီေဂါ

၂၀၁၈ ကမၻာ႔ဖလားအုပ္စု(H)ပဲြစဥ္ျဖစ္တဲ့ ပုိလန္-ဆီနီေဂါပဲြမွာေတာ့ ဆီနီေဂါအသင္းက (၂-၁)ဂုိးနဲ႔အႏုိင္ရၿပီး အသင္းရဲ႕ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ တတိယေျမာက္ႏုိင္ပဲြရယူခဲ့တယ္။ ႏွစ္သင္းစလုံးရဲ႕ ကစားပုံက စိတ္ပ်က္စရာေကာင္းၿပီး သာမန္အဆင့္ပဲြတစ္ပဲြေလာက္ေတာင္ မရွိခဲ့ဘူး။ မာေနး၊ နီယန္း၊ ေဂးယီ စတဲ့ကစားသမားေတြရွိေပမယ့္လည္း ဆီနီေဂါအသင္း ေျခစြမ္းက ပုံမွန္ေအာက္ေရာက္ေနသလုိ ပုိလန္အသင္းကလည္း ထူးမျခားနားပါပဲ။ ပုိလန္အသင္းက ဘလက္ဇီေကာစကီး၊ ခရီဟုိယက္၊ ဇီလင္စကီးစတဲ့ ကြင္းလယ္ကစားသမားေတြ အလုပ္မျဖစ္ခဲ့တာေၾကာင့္ တိုက္စစ္မွာ လီ၀န္ေဒါစကီးလည္း ဘာမွ လုပ္လုိ႔မရခဲ့ဘူး။ လီ၀န္ေဒါစကီးဟာ တစ္ပဲြလုံး အပုိင္ဂုိးကန္သြင္းခြင့္ဆုိလုိ႔ မရွိသေလာက္ပါပဲ။ ရတဲ့အခြင့္အေရးကုိ အသုံးခ်ႏုိင္ခ့ဲတဲ့ ဆီနီေဂါအသင္း ရလဒ္ေကာင္းခဲ့တာလုိ႔လည္း ေျပာရမယ္။

Senegal-Players-Celebrate

Senegal-Players-Celebrate

(၃၇)မိနစ္မွာ ဆီနီေဂါအသင္း အဖြင့္ဂုိးရခဲ့တယ္။ ကြင္းလယ္လူ ေဂးယီရဲ႕ကန္ခ်က္က ပုိလန္ေနာက္ခံလူ ေခ်ာ႔နက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္း၀င္သြားခဲ့တာပါ။ ဆီနီေဂါအသင္းရဲ႕ ဒုတိယဂုိးကေတာ့ ကြင္းလယ္လူ ခရီဟုိယက္နဲ႔ ဂုိးသမား ဆဇက္စနီတို႔ရဲ႕ စိတ္ပ်က္စရာအမွားကေန ေပးခဲ့ရတာျဖစ္တယ္။ မိနစ္(၆၀)မွာ ခရီဟုိယက္က ဘယ္လုိရည္ရြယ္ခ်က္မွန္းမသိဘဲ ကြင္းလယ္ကေန ေနာက္ျပန္ေပးခဲ့တယ္၊ အဲဒီေဘာလုံးကုိ နီယန္းက ပုိလန္ေနာက္ခံလူနဲ႔အၿပိဳင္ရယူဖုိ႔ႀကိဳးပမ္းေနတုန္းမွာပဲ ဂုိးသမား ဆဇက္စနီက မလုိအပ္ဘဲ ေျပးထြက္လာခဲၿပီး ေဘာလုံးေခ်ာ္ကန္ခဲ့တာေၾကာင့္ နီယန္းက လြတ္လြတ္ကၽြတ္ကၽြတ္ပဲ သြင္းယူခဲ့တာပါ။

Krychowiak-scores-for-Poland

Krychowiak-scores-for-Poland

(၈၆)မိနစ္မွာ ဂ႐ုိဆစ္စကီးရဲ႕ ျပစ္ဒဏ္ေဘာကေန ခရီဟုိယက္က ေခါင္းတိုက္ၿပီး ေခ်ပဂုိးျပန္သြင္းခဲ့ေပမယ့္ သေရတစ္မွတ္အတြက္ လုိအပ္တဲ့ ဂုိးကုိ ထပ္မံမသြင္းယူႏုိင္ခဲ့လုိ႔ ဆီနီေဂါအသင္း အဖြင့္ပဲြမွာ (၃)မွတ္အျပည့္ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ ဆီနီေဂါအသင္းဟာ ၂၀၀၂ ကမၻာ႔ဖလား အုပ္စုမွာ ျပင္သစ္၊ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ဆြီဒင္အသင္းတို႔ကုိ အႏုိင္ရခဲ့ၿပီး အခုပဲြက သူတို႔ရဲ႕ကမၻာ႔ဖလား(၃)ပဲြေျမာက္ႏုိင္ပဲြျဖစ္ခဲ့တယ္။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် တတိယမြောက် နိုင်ပွဲရယူခဲ့တဲ့ ဆီနီဂေါ

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု(H)ပွဲစဉ်ဖြစ်တဲ့ ပိုလန်-ဆီနီဂေါပွဲမှာတော့ ဆီနီဂေါအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရပြီး အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် တတိယမြောက်နိုင်ပွဲရယူခဲ့တယ်။ နှစ်သင်းစလုံးရဲ့ ကစားပုံက စိတ်ပျက်စရာကောင်းပြီး သာမန်အဆင့်ပွဲတစ်ပွဲလောက်တောင် မရှိခဲ့ဘူး။ မာနေး၊ နီယန်း၊ ဂေးယီ စတဲ့ကစားသမားတွေရှိပေမယ့်လည်း ဆီနီဂေါအသင်း ခြေစွမ်းက ပုံမှန်အောက်ရောက်နေသလို ပိုလန်အသင်းကလည်း ထူးမခြားနားပါပဲ။ ပိုလန်အသင်းက ဘလက်ဇီကောစကီး၊ ခရီဟိုယက်၊ ဇီလင်စကီးစတဲ့ ကွင်းလယ်ကစားသမားတွေ အလုပ်မဖြစ်ခဲ့တာကြောင့် တိုက်စစ်မှာ လီဝန်ဒေါစကီးလည်း ဘာမှ လုပ်လို့မရခဲ့ဘူး။ လီဝန်ဒေါစကီးဟာ တစ်ပွဲလုံး အပိုင်ဂိုးကန်သွင်းခွင့်ဆိုလို့ မရှိသလောက်ပါပဲ။ ရတဲ့အခွင့်အရေးကို အသုံးချနိုင်ခဲ့တဲ့ ဆီနီဂေါအသင်း ရလဒ်ကောင်းခဲ့တာလို့လည်း ပြောရမယ်။

Senegal-Players-Celebrate

Senegal-Players-Celebrate

(၃၇)မိနစ်မှာ ဆီနီဂေါအသင်း အဖွင့်ဂိုးရခဲ့တယ်။ ကွင်းလယ်လူ ဂေးယီရဲ့ကန်ချက်က ပိုလန်နောက်ခံလူ ချော့နက်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။ ဆီနီဂေါအသင်းရဲ့ ဒုတိယဂိုးကတော့ ကွင်းလယ်လူ ခရီဟိုယက်နဲ့ ဂိုးသမား ဆဇက်စနီတို့ရဲ့ စိတ်ပျက်စရာအမှားကနေ ပေးခဲ့ရတာဖြစ်တယ်။ မိနစ်(၆၀)မှာ ခရီဟိုယက်က ဘယ်လိုရည်ရွယ်ချက်မှန်းမသိဘဲ ကွင်းလယ်ကနေ နောက်ပြန်ပေးခဲ့တယ်၊ အဲဒီဘောလုံးကို နီယန်းက ပိုလန်နောက်ခံလူနဲ့အပြိုင်ရယူဖို့ကြိုးပမ်းနေတုန်းမှာပဲ ဂိုးသမား ဆဇက်စနီက မလိုအပ်ဘဲ ပြေးထွက်လာခဲပြီး ဘောလုံးချော်ကန်ခဲ့တာကြောင့် နီယန်းက လွတ်လွတ်ကျွတ်ကျွတ်ပဲ သွင်းယူခဲ့တာပါ။

Krychowiak-scores-for-Poland

Krychowiak-scores-for-Poland

(၈၆)မိနစ်မှာ ဂရိုဆစ်စကီးရဲ့ ပြစ်ဒဏ်ဘောကနေ ခရီဟိုယက်က ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့ပေမယ့် သရေတစ်မှတ်အတွက် လိုအပ်တဲ့ ဂိုးကို ထပ်မံမသွင်းယူနိုင်ခဲ့လို့ ဆီနီဂေါအသင်း အဖွင့်ပွဲမှာ (၃)မှတ်အပြည့်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါအသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလား အုပ်စုမှာ ပြင်သစ်၊ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဆွီဒင်အသင်းတို့ကို အနိုင်ရခဲ့ပြီး အခုပွဲက သူတို့ရဲ့ကမ္ဘာ့ဖလား(၃)ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့တယ်။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com