Google ကေနပထမဆံုးအေနနဲ႔ Website ကေန Messages ေတြေပးပို႔ႏုိင္တဲ့ Feature ကို ျပီးခဲ့တဲ့ ရက္ပိုင္းကေန မိတ္ဆက္ခဲ့ပါတယ္။ အခု Feature က Android Messages App ကတစ္ဆင့္ ေဆာင္ရြက္မွာျဖစ္ျပီးေတာ့ စမတ္ဖုန္းက ကိုယ့္အနားမွာ မရွိတဲ့အခ်ိန္မွာ ကိုယ့္ကြန္ပ်ဴတာကေန Messages ေပးပို႔ႏုိင္မွာျဖစ္ပါတယ္။

Android Messages for Web

Android Messages App က Google ရဲ႕ Pixel ဖုန္းေတြနဲ႔ Pure Android ကို အသံုးျပဳထားတဲ့ဖုန္းေတြမွာေတာ့ ပါဝင္ျပီးျဖစ္ေပမယ့္ တျခားေသာ Android ဖုန္းေတြအတြက္ကေတာ့ Android Messages App ကို ထည့္သြင္းဖို႔ လုိအပ္မွာျဖစ္ပါတယ္။

အခု Android Messages App ကို သြင္းထားျပီးရင္ေတာ့ “messages.android.com” Website ကို ဝင္ေရာက္ျပီးေတာ့ အဆိုပါ Website က QR Code ကို Scan ဖတ္ျပီး ဝင္ေရာက္ရမွာပါ။

Android Messages for Web

ျပီးရင္ေတာ့ Android ဖုန္းမွာရွိတဲ့ Android Messages ကို ျပန္လည္ဝင္ေရာက္ျပီးေတာ့ ညာဘက္အေပၚေထာင့္မွာရွိတဲ့ “Messages for web” Option ကိုႏွိပ္လုိက္မယ္ဆုိရင္ “Scan QR Code” ဆိုျပီး အခုနက Website မွာရွိေနတဲ့ QR Code ကို Scan ဖတ္လုိက္ရမွာပဲျဖစ္ပါတယ္။ အခုလုိ Scan ဖတ္ျပီးရင္ေတာ့ Android Messages ေတြကို Web Browser မွာ အသံုးျပဳလုိ႔ရသြားပါျပီ။

Android Messages on Web

ေလာေလာဆယ္မွာ ယခု Android Messages ကို Chrome ၊ Firefox ၊ Microsoft Edge နဲ႔ Safari Browser ေတြမွာ အသံုးျပဳလုိ႔ရေနျပီလုိ႔ သိရပါတယ္။ အခု Android Messages Web Version ရဲ႕ အားသာခ်က္ေတြကေတာ့ Dark Mode ပါဝင္တာ၊ ခဏခဏ Scan ဖတ္ဖုိ႔ မလုိအပ္ေအာင္ ကြန္ပ်ဴတာကို Remember ျပဳလုပ္ထားဖို႔ေတာ့လုိအပ္မွာျဖစ္ပါတယ္။

ဒါေပမယ့္ အခုလို Web Browser ကေန Messages ေပးပို႔ႏိုင္ဖုိ႔အတြက္ ခ်ိတ္ထားတဲ့ Android ဖုန္းက ပါဝါဖြင့္ထားျပီး အင္တာနက္ပါ ဖြင့္ထားဖုိ႔ လုိအပ္မွာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ကနေပထမဆုံးအနေနဲ့ Website ကနေ Messages တွေပေးပို့နိုင်တဲ့ Feature ကို ပြီးခဲ့တဲ့ ရက်ပိုင်းကနေ မိတ်ဆက်ခဲ့ပါတယ်။ အခု Feature က Android Messages App ကတစ်ဆင့် ဆောင်ရွက်မှာဖြစ်ပြီးတော့ စမတ်ဖုန်းက ကိုယ့်အနားမှာ မရှိတဲ့အချိန်မှာ ကိုယ့်ကွန်ပျူတာကနေ Messages ပေးပို့နိုင်မှာဖြစ်ပါတယ်။

Android Messages for Web

Android Messages App က Google ရဲ့ Pixel ဖုန်းတွေနဲ့ Pure Android ကို အသုံးပြုထားတဲ့ဖုန်းတွေမှာတော့ ပါဝင်ပြီးဖြစ်ပေမယ့် တခြားသော Android ဖုန်းတွေအတွက်ကတော့ Android Messages App ကို ထည့်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

အခု Android Messages App ကို သွင်းထားပြီးရင်တော့ “messages.android.com” Website ကို ဝင်ရောက်ပြီးတော့ အဆိုပါ Website က QR Code ကို Scan ဖတ်ပြီး ဝင်ရောက်ရမှာပါ။

Android Messages for Web

ပြီးရင်တော့ Android ဖုန်းမှာရှိတဲ့ Android Messages ကို ပြန်လည်ဝင်ရောက်ပြီးတော့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ “Messages for web” Option ကိုနှိပ်လိုက်မယ်ဆိုရင် “Scan QR Code” ဆိုပြီး အခုနက Website မှာရှိနေတဲ့ QR Code ကို Scan ဖတ်လိုက်ရမှာပဲဖြစ်ပါတယ်။ အခုလို Scan ဖတ်ပြီးရင်တော့ Android Messages တွေကို Web Browser မှာ အသုံးပြုလို့ရသွားပါပြီ။

Android Messages on Web

လောလောဆယ်မှာ ယခု Android Messages ကို Chrome ၊ Firefox ၊ Microsoft Edge နဲ့ Safari Browser တွေမှာ အသုံးပြုလို့ရနေပြီလို့ သိရပါတယ်။ အခု Android Messages Web Version ရဲ့ အားသာချက်တွေကတော့ Dark Mode ပါဝင်တာ၊ ခဏခဏ Scan ဖတ်ဖို့ မလိုအပ်အောင် ကွန်ပျူတာကို Remember ပြုလုပ်ထားဖို့တော့လိုအပ်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခုလို Web Browser ကနေ Messages ပေးပို့နိုင်ဖို့အတွက် ချိတ်ထားတဲ့ Android ဖုန်းက ပါဝါဖွင့်ထားပြီး အင်တာနက်ပါ ဖွင့်ထားဖို့ လိုအပ်မှာပါ။

Zawyè (Akhayar) 

www.akhayar.com