ရန်ကုန်မြို့ပေါ်က ကိုယ်ခံပညာသင်တန်းများ

အခုခေတ်ကြီးမှာ ဓါးနဲ့ထိုးရတာနဲ့၊ ကတ်ကြေးနဲ့ထိုးရတာနဲ၊့ မိန်းကလေးတစ်ယောက်တည်း ဆိုရင်အနိုင်ကျင့်ချင်တာနဲ့၊ လူဆိုး၊လူမိုက်တွေကလည်းများဆိုတော့ လူငယ်တော်တော်များများဟာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ ပြင်ဆင်လာကြပါပြီ။

ဒါပေမယ့် ကိုယ်ခံပညာဆိုတာက အမျိုးအစားအများကြီးရှိနေတော့ ဘာကိုသွားသင်ရမလားစဉ်းစား ရခက်နေတတ်ပါတယ်။

ယောက်ျားလေးအများစုက အမှန်အကန်ဖိုက်ချင်ကြပေမယ့် မိန်းကလေးတွေကတော့ အမျိုးသမီးသီးသန့်သင်တန်းတွေကို ပိုစိတ်ဝင်စားကြပါတယ်။ တချို့ကြတော့ ကိုယ်ခံပညာသင်ရင်းနဲ့ ဝိတ်ပါကျနိုင်မလားလို့ မေးတတ်ကြပါတယ်။

ဒါဆိုရင်ဘာကို စသင်ရမလဲ စဉ်းစားရခက်နေတဲ့သူတွေနဲ့ ဘယ်မှာသင်ရမလဲမသိတဲ့သူတွေအတွက် ရန်ကုန်မြို့မှာရှိတဲ့ ကိုယ်ခံပညာရပ်တွေနဲ့ သင်တန်းကျောင်းတည်နေရာတွေကို ကျွန်တော်တို့ အခရာကနေပြီးတော့ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ခံပညာရပ်တွေမှာ ဂျပန်ပညာရပ်တွေဖြစ်တဲ့ Karate ၊ Aikido ၊ Judo တို့ရှိသလို၊ ခြေထောက်ကိုအသားပေးတဲ့ ကိုရီးယားပညာTaekwando လည်းရှိပါတယ်။ လူသိများတဲ့လက်ဝှေ့ နဲ့ Kickboxing တို့ရှိသလို  မြန်မာ့ရိုးရာပညာရပ်တွေဖြစ်တဲ့ ဗန်တို၊ ဗန်ရှည် နဲ့ သိုင်းပြောင်းပြန်တို့လည်းရှိပါတယ်။  တရုတ်ပညာရပ်တွေ ဖြစ်တဲ့ ကွန်ဖူး၊ ထိုက်ကျိ၊ ဝူရှူးတို့အပြင် ဓါးကို အသားပေးကစားတဲ့ Iaido ၊ Kenjutsu ၊၊ Kendo တို့လို ပညာရပ်တွေလည်းရှိပါသေးတယ်။

ဘာကိုစသင်သင့်ပါသလဲ?

ကိုယ်ခံပညာရပ်တွေကို ယေဘုရအားဖြင့် ထိုးတာ၊ကန်တာ နဲ့ ချုပ်တာ၊ချိုးတာဆိုပြီးတော့ နှစ်မျိုးခွဲလို့ရပါတယ်။ Karate ၊ ကွန်ဖူး၊ Taekwando ၊ လက်ဝှေ့၊ Kickboxing တို့က ထိုးတာကန်တာကိုအသားပေးပါတယ်။ Aikido နဲ့ Judo တို့ကတော့ ချုပ်တာချိုးတာကို အသားပေးတဲ့ပညာရပ်တွေပါ။ မြန်မာ့သိုင်းကတော့ နှစ်မျိုးလုံးပါ ဝင်ပါတယ်။ ထိုက်ကျိတို့၊ ဝူရှူးတို့ကတော့ နူးညံ့သိမ်ငွေ့တဲ့ပညာရပ်တွေပါ။ Iaido ၊ Kenjutsu နဲ့ Kendo တို့ကတော့ ဟိုးအရင်ကဆာမူရိုင်းတွေရဲ့ ဓါးပညာရပ်တွေကနေ အသွင်ကွဲလာတာပါ။ ။ယောက်ျားလေးတွေအတွက် ဘာကို ဘာကိုစသင်သင် ကိစ္စမရှိပေမယ့် မိန်းကလေးတွေအတွက်ကတော့ ရန်သူရဲ့အားကိုတန်ပြန်သုံးတဲ့ Aikido တို့၊ Judo တို့ကို စသင်ဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့် ကိုယ်ခံပညာရပ်တိုင်းဟာ အသုံးဝင်တာမို့လို့ တကယ်တော့ လူသာအဓိကပါခင်ဗျာ။

You May Also Like: “Food2U နဲ့ အွန်လိုင်းကနေ မုန့်ဝယ်စားမယ်”

 

သင်တန်းလိပ်စာများ
(၁) Myanmar Women’s Self Defense Center 

Fx Fitness Xpress၊ (၅လွှာ)၊ Junction Mawtin၊ လမ်းမတော်မြို့နယ်။

ဖုန်း – ၀၉ ၇၉၅၅၉ ၆၈၈၅

 (၂) Myanmar Aikido Association

(၂.၁) Yangon International Hotel Aikido Dojo

အလုံလမ်းနှင့်မြို့မကျောင်းလမ်းထောင့်(မီးပွိုင့်ဘေး)၊ ဒဂုံမြို့နယ်။

၀၉ – ၉၆၀၉၆၅၇၉၃၊ ၀၉ – ၈၅၈၆၄၂၇

(၂.၂) Millennia Aikido Dojo

အမှတ် (၂၉)၊ ခြောက်လွှာ၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်။

ဖုန်း – ၀၉ ၅၀၀၀၄၈၁၊ ၀၉ ၅၀၈၈၄၁၀

(၂.၃) Myanmar Taiyo Aikido Dojo

အားကစားနှင့် ကာယသိပ္ပံဝင်း ၊ ပိုက်ကျော်ခြင်း အားကစားရုံ အပေါ်ထပ်။

ဖုန်း –  ၀၉ ၇၉၉၉ ၁၁၁၀၁

(၃) IKO Matsushima Myanmar (Karate)

အမှတ် (၆၀၁)၊ ယုဒဿန်ရိပ်သာ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။

ဖုန်း – ၀၉ ၇၃၀ ၃၆၅၀၁

(၄) International Karate Organization (Myanmar)
Full Contact Kyokushin Karate

အမှတ် (၁၃၀)၊ ယုဇနဟိုတယ်၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်။

ဖုန်း – ၀၉ ၇၃၁၉၅၆၆၂၊ ၀၉ ၇၉၅၀၀၁၁၃၄

(၅) Transcend Fitness Center
(Karate, BJJ, Lethwei, Kickboxing)

Junction မော်တင်၊ အနော်ရထာလမ်းနှင့်လမ်းသစ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်။

ဖုန်း – ၀၉ ၉၆၈ ၉၆၈၆၇၅

(၆) Myanmar Karate Fedration နဲ့ Myanmar Taekwando Fedration

အောင်ဆန်းအားကစားကွင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

ဖုန်း – ၀၁ ၃၇၉၉၃၉

(၇) Judo.

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်

(၇.၁) အောင်ဆန်းကွင်းဂျူဒိုခန်းမ။ မင်္ဂလာတောင်ညွှန့်မြို့နယ်။
(၇.၂) ဦးဝိစာရလမ်း။ အမျိုးသားရေကူးကန်ဝင်း။အိုလံပစ်ဟော်အနောက်။ ဒဂုံမြို့နယ်။

(၈) Phoenix Myanmr Lethwei Gym

သိမ်ဖြူအားကစားကွင်း သိမ်ဖြူလမ်းနှင့်ကန်တော်ကြီးပတ်လမ်းထောင့်။ မင်္ဂလာတောင်ညွှန့်မြို့နယ်။

Thein Phyu Stadium

Yangon, Myanmar

ဖုန်း – ၀၉ ၇၉၃၂၁၂၁၂၁

(၉) Universal Samurai Kenjutsu Dojo

အမှတ် (၆၀၁)၊ ယုဒဿန်ရိပ်သာ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။

ဖုန်း – ၀၉ ၅၀၁ ၃၆၃၂

(၁၀) Myanmar Thaing Federation (မြန်မာ့သိုင်းအဖွဲ့ချုပ်)

(၁၀) ရပ်ကွက်၊ မဝတလမ်းဆုံအနီး၊ မီးသတ်နောက်ကျော၊ မောင်းမကန်သာယာလမ်း၊ မြောက်ဒဂုံမြို့နယ်။

ဖုန်း – ၀၉ ၄၂၀၀၇၆၇၁၁၊ ၀၉ ၄၂၁၁၀ ၃၈၉၁။

(၁၁) ကမ္ဘောဇနန်းတွင်း ခူးကာချန့် သိုင်းပြောင်းပြန် သင်တန်း

တောင်ဥက္ကလာပမြို့နယ်။ အားကစားခန်းမ။

ဖုန်း – ၀၉ ၂၅၄၀ ၇၁၈၈၀၊ ၀၉ ၇၉၅၃ ၃၉၁၇၂။

(၁၂) ဆရာရန်နိုင် (Dragon King) 

ကွန်ဖူး၊ဗန်ဒို၊ထိုက်ချိ အထူးသင်တန်းကျောင်း
အမှတ် 367,6 လွှာ၊မဟာဗန္ဓုလမ်းနှင့် 38 လမ်းထောင့်၊ (ပန်းဆိုးတန်းမှတ်တိုင်)
ကျောက်တံတားမြို့နယ် ၊ရန်ကုန်မြို့။
ဖုန်း – ၀၉ ၅၀၁ ၆၆၂၃

(၁၃) မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချူပ်

ဗားကရာလမ်း၊ ပဒုမ္မာလမ်းအားကစားကွင်း (ဒုတိယထပ်)၊ စမ်းချောင်းမြို့နယ်။

ဖုန်း – ၀၉ ၄၃၀ ၇၉၃၀၇

 

Min Thu Kha (အခရာ)

(www.akhayar.com)