[Zawgyi]

ကုိယ္တိုင္ျပန္လည္ျပင္ဆင္လို႔ရမယ့္ ဆယ္လီတို႔ရဲ႕ ရိုးရိုးရွင္းရွင္း Makeup Look (၆) မ်ိဳး

တကယ္ေတာ့ ေန႔စဥ္ဘ၀မွာ ဆယ္လီေတြ ျပင္ဆင္သလို မိတ္ကပ္ေတြအျပည့္ လိုက္လိမ္းဖို႔က ခက္ခဲပါတယ္။ အထူးသျဖင့္ ေကာ္ေဇာနီေပၚ ထြက္လာတဲ့အခ်ိန္ ျပင္ဆင္ထားတဲ့ သူတုိ႔ရဲ႕ မိတ္ကပ္ျပင္ဆင္မႈေတြေပါ့။ ေကာင္မေလးေတြအေနနဲ႔ ႏွစ္သက္သေဘာက်ေပမယ့္ Full Makeup ဆိုေတာ့ နည္းနည္းေတာ့ ျပင္ရတာ အခ်ိန္ေပးရတယ္ေလ။ အခုဆိုရင္  ပြင့္လင္းရာသီထဲ ျပန္၀င္လာၿပီျဖစ္တဲ့အျပင္ ဘြဲ႔ႏွင္းသဘင္ေတြ၊ အလွဴမဂၤလာေဆာင္ေတြလည္း သြားဖို႔လာဖို႔ မ်ားေတာ့မွာ ျဖစ္တဲ့အတြက္ ဆယ္လီေတြရဲ႕ ေကာ္ေဇာနီေပၚက Makeup Look ေလးေတြကို ျပန္လည္ ေ၀မွ်ေပးခ်င္ပါတယ္။ ရိုးရိုးရွင္းရွင္းနဲ႔ ပါးပါးလ်လ် ျပင္ဆင္မႈေလးေတြကိုပဲ အသားေပးေရြးခ်ယ္ထားတာ ျဖစ္လို႔ ျပင္ဆင္ၾကည့္လိုက္ပါဦးေနာ္။

Red Lips

Red Lips

Red Lips
မ်က္ႏွာက အျခားအစိတ္အပိုင္းေတြကို ဦးစားမေပးဘဲ ႏႈတ္ခမ္းကိုပဲ အနီေရာင္ေတာက္ေတာက္ဆိုးထားတဲ့ ပံုစံမ်ိဳးဟာဆိုရင္ ဘယ္ေတာ့မွရိုးမသြားတဲ့ ျပင္ဆင္မႈျဖစ္ပါတယ္။ မ်က္ႏွာကို ပါးပါးၾကည္ၾကည္ေလးပဲ ျပင္ၿပီး Mascara ဆိုး၊မ်က္ေတာင္ေလး ပံုသြင္းလိုက္ရင္ကို အဆင္ေျပၿပီေလ။ အနီေရာင္ႏႈတ္ခမ္းနီက ဘာမွမျပင္ထားေတာင္ ဆိုးလုိက္ရင္ ထင္းထြက္သြားတာမုိ႔ ဆိုးၾကည့္သင့္ပါတယ္။

Red Lips

Red Lips

အသားျဖဴတဲ့သူေတြနဲ႔ အသားလတ္သူေတြက အနီေတာက္ေတာက္ဆိုးေပးသင့္ၿပီး အသားညိဳရင္ေတာ့ နီညိဳပုပ္ေရာင္ေလးေတြက ပိုအဆင္ေျပပါတယ္ေနာ္။

Nude Smokey Eyes

Nude Smokey Eyes

Nude Smokey
အညိဳေရာင္ခပ္ေဖ်ာ့ေဖ်ာ့ Eyeshadow ေတြကလည္း ပြဲတက္အတြက္ အဆင္ေျပပါတယ္။ အခုေနာက္ပိုင္းဆို ခပ္နက္နက္ Smokey Eyes ေတြထက္စာရင္ အညိဳေရာင္ေဖာက္ထားတဲ့ Nude Smokey ေတြကိုပဲ အသားေပးျခယ္လာတာ ေတြ႔ရမွာပါ။ အညိဳေရာင္ရင့္ရင့္ေလးေတြကို တစ္ေရာင္တည္း ျခယ္လုိ႔ရသလို မ်က္လံုးအိမ္ေထာင့္ဆံုးမွာ အနက္ေရာင္ပါးပါးေလးထည့္တာမ်ိဳး ျပင္လို႔ရပါတယ္။

Nude Smokey Eyes

Nude Smokey Eyes

Nudie Eyes ပံုစံမ်ဳိး ျခယ္သမယ္ဆိုရင္ေတာ့ ႏႈတ္ခမ္းနီကုိ အသားေရာင္၊ အညိဳေဖ်ာ့ေရာင္နဲ႔ နီညိဳပုပ္ပုပ္အေရာင္ေတြ ဆိုးေပးတာ ပိုသင့္ေတာ္ပါတယ္။

Shimmery Eyes

Shimmery Eyes

Shimmery  Eyes
ဒီျပင္ဆင္မႈက မ်က္လံုးကုိ အရမ္းမ်ားမ်ားႀကီး မျပင္ခ်င္တဲ့သူေတြနဲ႔ ပိုအဆင္ေျပပါတယ္။ မ်က္ႏွာရဲ႕ အျခားအစိတ္အပိုင္းေတြကို ခပ္ထင္းထင္းေလးျပင္ဆင္ၿပီး မ်က္လံုးကုိ Eyeshadow ပါးပါးေလးပဲ ထည့္တဲ့ ျပင္ဆင္မႈမ်ိဳးပါ။ Hailey Baldwin နဲ႔ Madelaine တို႔ ျပင္ဆင္ထားသလုိ မ်က္လံုးကို အလက္လက္ေလးေတြ
ပါၿပီး အေရာင္ေဖ်ာ့တဲ့ Eyeshadow ေတြကို သံုးၿပီး ျခယ္တဲ့ စတိုင္လ္ျဖစ္ပါတယ္။ ပန္းေရာင္၊ အသားေရာင္နဲ႔ ပုလဲေဖာက္အေရာင္
ရွန္ပိန္အေရာင္ေလးေတြကိုမွ Shimmer ေလးေတြပါတဲ့ Eyeshadow ေလးေတြ သံုးလို႔ရပါတယ္။ လူငယ္ေကာင္မေလးေတြနဲ႔ ပိုလိုက္ဖက္တဲ့ ျပင္ဆင္မႈေလးပါ။

Glow Look

Glow Look

Glow Skin
အခုေနာက္ပိုင္းဆို MakeUp ျပင္ဆင္မႈေတြမွာ ပါးနီထင္းထင္းႀကီးေတြ၊ Contour ထင္းထင္းေတြ ျခယ္မယ့္အစား Highlighter ေတြကို အသားေပးသံုးလာတာ ေတြ႔ရမွာပါ။ မိတ္ကပ္ပါးပါးေလး ျခယ္ထားတဲ့အခ်ိန္ Highlighter ပါ ထပ္သံုးေပးမယ္ဆိုရင္ ေကာင္မေလးတို႔အႀကိဳက္ Glow Skin ရရွိမွာ ျဖစ္သလို  Highlighter ကို ပါးရိုးတစ္ေလွ်ာက္၊နဖူး၊ ႏွာတံနဲ႔ ေမးေစ့နားမွာ သံုးေပးဖို႔ရယ္၊ လိုတာထက္ တအား မပိုမိဖို႔ သတိျပဳရမွာပါ။ Selena Gomez နဲ႔ Zendaya တို႔ႏွစ္ေယာက္ဆုိရင္ Glow Look ကုိ ျပင္ဆင္ထားတာျဖစ္ပါတယ္။

Bold Brow

Bold Brow

Bold Brows
အခုခ်ိန္ထိလည္း မ်က္ခံုးခပ္ထူထူ ဆြဲတဲ့စတိုင္လ္က ေခတ္စားေနတုန္းဆိုေတာ့ မ်က္ခံုးကိုပဲ ထင္းထင္းေလးျဖစ္ေအာင္ လုပ္ထားတဲ့ ျပင္ဆင္မႈကို ျပင္လို႔ရပါေသးတယ္။ မ်က္ခံုးကိုပဲ ခပ္ထူထူဆြဲၿပီး မ်က္ေတာင္ပါးပါးေလးေကာ့ၿပီးတဲ့ေနာက္မွာ ပါးနီခပ္ပါးပါးေလးလိမ္း၊ႏႈတ္ခမ္းနီအေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ဆိုးထားတဲ့ ျပင္ဆင္မႈကလည္း အခ်ိန္ေပးရသက္သာတဲ့အျပင္ ပြဲတက္အတြက္လည္း သင့္ေတာ္ပါတယ္။ အထူးသျဖင့္ ဒင္နာပါတီေတြ၊ ညေနခင္းပြဲေတြအတြက္ ေပါ့ေပါ့ပါးပါးရွိတဲ့ ျပင္ဆင္မႈေလးေပါ့။

Winged Liner

Winged Liner

Winged Liner
Eyeshadow မျခယ္ခ်င္ဘူးဆိုရင္ ေနာက္တစ္မ်ိဳးအေနနဲ႔ Winged Liner ဆြဲလုိ႔ရပါတယ္။ Eyeliner နဲ႔ မ်က္လံုးအိမ္ေထာင့္ကုိ ေကာ့ညြတ္သြားတဲ့ Cat Eye ပံုစံ ခပ္ထူထူ ဆြဲလုိက္မယ္ဆုိရင္ သီးသန္႔ Eyeshadow ေတြ ျခယ္ေနဖုိ႔ေတာင္ မလိုပါဘူး။ Eyeliner မဆဲြရ မေနႏိုင္ဆိုတဲ့ ေကာင္မေလးေတြအတြက္လည္း အဆင္ေျပတဲ့ပံုစံေလးပါ။ Eyeliner ထူထူေလးဆြဲထားတာမို႔ တစ္ခုသတိထားေပးရမွာက မ်က္ေတာင္တုကုိ တအားရွည္ၿပီး ထူတာမ်ိဳးမတပ္မိေစဖို႔ပါ။ Dakota Fanning နဲ႔ Madelaine  တို႔ ျပင္ဆင္ထားတဲ့ ပံုစံေလးဆို တကယ္ကို လွတယ္ေနာ္။

Su Yi Htet (Akhayar)

[Unicode]

ကိုယ်တိုင်ပြန်လည်ပြင်ဆင်လို့ရမယ့် ဆယ်လီတို့ရဲ့ ရိုးရိုးရှင်းရှင်း Makeup Look (၆) မျိုး

တကယ်တော့ နေ့စဉ်ဘဝမှာ ဆယ်လီတွေ ပြင်ဆင်သလို မိတ်ကပ်တွေအပြည့် လိုက်လိမ်းဖို့က ခက်ခဲပါတယ်။ အထူးသဖြင့် ကော်ဇောနီပေါ် ထွက်လာတဲ့အချိန် ပြင်ဆင်ထားတဲ့ သူတို့ရဲ့ မိတ်ကပ်ပြင်ဆင်မှုတွေပေါ့။ ကောင်မလေးတွေအနေနဲ့ နှစ်သက်သဘောကျပေမယ့် Full Makeup ဆိုတော့ နည်းနည်းတော့ ပြင်ရတာ အချိန်ပေးရတယ်လေ။ အခုဆိုရင် ပွင့်လင်းရာသီထဲ ပြန်ဝင်လာပြီဖြစ်တဲ့အပြင် ဘွဲ့နှင်းသဘင်တွေ၊ အလှူမင်္ဂလာဆောင်တွေလည်း သွားဖို့လာဖို့ များတော့မှာ ဖြစ်တဲ့အတွက် ဆယ်လီတွေရဲ့ ကော်ဇောနီပေါ်က Makeup Look လေးတွေကို ပြန်လည် ဝေမျှပေးချင်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ပါးပါးလျလျ ပြင်ဆင်မှုလေးတွေကိုပဲ အသားပေးရွေးချယ်ထားတာ ဖြစ်လို့ ပြင်ဆင်ကြည့်လိုက်ပါဦးနော်။

Red Lips

Red Lips

Red Lips
မျက်နှာက အခြားအစိတ်အပိုင်းတွေကို ဦးစားမပေးဘဲ နှုတ်ခမ်းကိုပဲ အနီရောင်တောက်တောက်ဆိုးထားတဲ့ ပုံစံမျိုးဟာဆိုရင် ဘယ်တော့မှရိုးမသွားတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။ မျက်နှာကို ပါးပါးကြည်ကြည်လေးပဲ ပြင်ပြီး Mascara ဆိုး၊မျက်တောင်လေး ပုံသွင်းလိုက်ရင်ကို အဆင်ပြေပြီလေ။ အနီရောင်နှုတ်ခမ်းနီက ဘာမှမပြင်ထားတောင် ဆိုးလိုက်ရင် ထင်းထွက်သွားတာမို့ ဆိုးကြည့်သင့်ပါတယ်။

Red Lips

Red Lips

အသားဖြူတဲ့သူတွေနဲ့ အသားလတ်သူတွေက အနီတောက်တောက်ဆိုးပေးသင့်ပြီး အသားညိုရင်တော့ နီညိုပုပ်ရောင်လေးတွေက ပိုအဆင်ပြေပါတယ်နော်။

Nude Smokey Eyes

Nude Smokey Eyes

Nude Smokey
အညိုရောင်ခပ်ဖျော့ဖျော့ Eyeshadow တွေကလည်း ပွဲတက်အတွက် အဆင်ပြေပါတယ်။ အခုနောက်ပိုင်းဆို ခပ်နက်နက် Smokey Eyes တွေထက်စာရင် အညိုရောင်ဖောက်ထားတဲ့ Nude Smokey တွေကိုပဲ အသားပေးခြယ်လာတာ တွေ့ရမှာပါ။ အညိုရောင်ရင့်ရင့်လေးတွေကို တစ်ရောင်တည်း ခြယ်လို့ရသလို မျက်လုံးအိမ်ထောင့်ဆုံးမှာ အနက်ရောင်ပါးပါးလေးထည့်တာမျိုး ပြင်လို့ရပါတယ်။

Nude Smokey Eyes

Nude Smokey Eyes

Nudie Eyes ပုံစံမျိုး ခြယ်သမယ်ဆိုရင်တော့ နှုတ်ခမ်းနီကို အသားရောင်၊ အညိုဖျော့ရောင်နဲ့ နီညိုပုပ်ပုပ်အရောင်တွေ ဆိုးပေးတာ ပိုသင့်တော်ပါတယ်။

Shimmery Eyes

Shimmery Eyes

Shimmery Eyes
ဒီပြင်ဆင်မှုက မျက်လုံးကို အရမ်းများများကြီး မပြင်ချင်တဲ့သူတွေနဲ့ ပိုအဆင်ပြေပါတယ်။ မျက်နှာရဲ့ အခြားအစိတ်အပိုင်းတွေကို ခပ်ထင်းထင်းလေးပြင်ဆင်ပြီး မျက်လုံးကို Eyeshadow ပါးပါးလေးပဲ ထည့်တဲ့ ပြင်ဆင်မှုမျိုးပါ။ Hailey Baldwin နဲ့ Madelaine တို့ ပြင်ဆင်ထားသလို မျက်လုံးကို အလက်လက်လေးတွေ
ပါပြီး အရောင်ဖျော့တဲ့ Eyeshadow တွေကို သုံးပြီး ခြယ်တဲ့ စတိုင်လ်ဖြစ်ပါတယ်။ ပန်းရောင်၊ အသားရောင်နဲ့ ပုလဲဖောက်အရောင်
ရှန်ပိန်အရောင်လေးတွေကိုမှ Shimmer လေးတွေပါတဲ့ Eyeshadow လေးတွေ သုံးလို့ရပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ ပိုလိုက်ဖက်တဲ့ ပြင်ဆင်မှုလေးပါ။

Glow Look

Glow Look

Glow Skin
အခုနောက်ပိုင်းဆို MakeUp ပြင်ဆင်မှုတွေမှာ ပါးနီထင်းထင်းကြီးတွေ၊ Contour ထင်းထင်းတွေ ခြယ်မယ့်အစား Highlighter တွေကို အသားပေးသုံးလာတာ တွေ့ရမှာပါ။ မိတ်ကပ်ပါးပါးလေး ခြယ်ထားတဲ့အချိန် Highlighter ပါ ထပ်သုံးပေးမယ်ဆိုရင် ကောင်မလေးတို့အကြိုက် Glow Skin ရရှိမှာ ဖြစ်သလို Highlighter ကို ပါးရိုးတစ်လျှောက်၊နဖူး၊ နှာတံနဲ့ မေးစေ့နားမှာ သုံးပေးဖို့ရယ်၊ လိုတာထက် တအား မပိုမိဖို့ သတိပြုရမှာပါ။ Selena Gomez နဲ့ Zendaya တို့နှစ်ယောက်ဆိုရင် Glow Look ကို ပြင်ဆင်ထားတာဖြစ်ပါတယ်။

Bold Brow

Bold Brow

Bold Brows
အခုချိန်ထိလည်း မျက်ခုံးခပ်ထူထူ ဆွဲတဲ့စတိုင်လ်က ခေတ်စားနေတုန်းဆိုတော့ မျက်ခုံးကိုပဲ ထင်းထင်းလေးဖြစ်အောင် လုပ်ထားတဲ့ ပြင်ဆင်မှုကို ပြင်လို့ရပါသေးတယ်။ မျက်ခုံးကိုပဲ ခပ်ထူထူဆွဲပြီး မျက်တောင်ပါးပါးလေးကော့ပြီးတဲ့နောက်မှာ ပါးနီခပ်ပါးပါးလေးလိမ်း၊နှုတ်ခမ်းနီအရောင် ခပ်ဖျော့ဖျော့ဆိုးထားတဲ့ ပြင်ဆင်မှုကလည်း အချိန်ပေးရသက်သာတဲ့အပြင် ပွဲတက်အတွက်လည်း သင့်တော်ပါတယ်။ အထူးသဖြင့် ဒင်နာပါတီတွေ၊ ညနေခင်းပွဲတွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ ပြင်ဆင်မှုလေးပေါ့။

Winged Liner

Winged Liner

Winged Liner
Eyeshadow မခြယ်ချင်ဘူးဆိုရင် နောက်တစ်မျိုးအနေနဲ့ Winged Liner ဆွဲလို့ရပါတယ်။ Eyeliner နဲ့ မျက်လုံးအိမ်ထောင့်ကို ကော့ညွတ်သွားတဲ့ Cat Eye ပုံစံ ခပ်ထူထူ ဆွဲလိုက်မယ်ဆိုရင် သီးသန့် Eyeshadow တွေ ခြယ်နေဖို့တောင် မလိုပါဘူး။ Eyeliner မဆွဲရ မနေနိုင်ဆိုတဲ့ ကောင်မလေးတွေအတွက်လည်း အဆင်ပြေတဲ့ပုံစံလေးပါ။ Eyeliner ထူထူလေးဆွဲထားတာမို့ တစ်ခုသတိထားပေးရမှာက မျက်တောင်တုကို တအားရှည်ပြီး ထူတာမျိုးမတပ်မိစေဖို့ပါ။ Dakota Fanning နဲ့ Madelaine တို့ ပြင်ဆင်ထားတဲ့ ပုံစံလေးဆို တကယ်ကို လှတယ်နော်။

Su Yi Htet (Akhayar)