[Zawgyi]

ပ်ိဳပ်ိဳေမတို႔ အေရးၾကံဳတဲ့အခါ ကုိယ့္ကိုယ္ကုိယ္ ခုခံကာကြယ္တတ္ေစဖို႔

အခုလို မႈခင္းေတြ မ်ားတဲ့ေခတ္မွာ အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြေရာ ဘယ္အခ်ိန္၊ ဘယ္ေနရာမဆို အႏၱရာယ္ေတြနဲ႔ ၾကံဳလာႏုိင္ပါတယ္။ “ အျပင္သြားရင္ သတိနဲ႔သြား၊ သတိနဲ႔လာျပီး သတိနဲ႔စား” ဆိုတဲ့ သီခ်င္းစာသားဟာ သီခ်င္းသက္သက္မဟုတ္ေတာ့ဘဲ အခုေခတ္ကို ထင္ဟပ္ေနပါျပီ။

အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြေရာ အႏၱရာယ္ၾကံဳရႏုိင္ေပမယ့္ ခႏၱာကုိယ္ဖြဲ႔စည္းပုံအရ အားနည္းတဲ့ အမ်ိဳးသမီးေတြအတြက္ တစ္ခုခုဆို ဘယ္လို ခုခံကာကြယ္မလဲဆိုတာ မွ်ေဝလိုက္ပါရေစ။

၁။ အျမဲသတိရွိပါေစ

ကုိယ့္ပတ္ဝန္းက်င္ကုိ သတိေလးထားျပီး သြားပါ၊ အရိုးရွင္းဆံုးေပမယ့္ ျဖစ္သမွ် အႏၱရာယ္အားလံုးရဲ႕ တစ္ဝက္နီးပါးေလာက္က ပတ္ဝန္းက်င္ကို သတိထားျပီး သြားလာတာေလးက ေပ်ာက္ေစႏုိင္ပါတယ္။ ဖုန္းဘက္ထရီ ကုန္ေနတာမ်ိဳး မျဖစ္ပါေစနဲ႔၊ အေရးၾကံဳရင္ ဆက္သြယ္လို႔ မရႏုိင္တာေၾကာင့္ပါ။ ဒါေပမယ့္ ေခါင္းငံု႔ျပီး စာရိုက္ေနတာ၊ ဂိမ္းေဆာ့ေနတာမ်ိဳးကို တတ္ႏုိင္ရင္ အျပင္မွာ မလုပ္ပါနဲ႔။ ၾကိဳးပါတဲ့ အိတ္ကို လြယ္ျပီး လက္ေတြကို အားေအာင္ထားပါ။ ကားပါလာရင္ ကားေသာ့ကို လက္ထဲမွာ ဒါမွမဟုတ္ အလြယ္တကူ ရွာေတြ႔ႏုိင္တဲ့ ေနရာမွာ ထားပါ။

၂။ စိတ္ပုိင္းဆုိင္ရာအရလည္း အျမဲျပင္ဆင္ထားပါ

“အခုခ်ိန္မွာမ်ား ငါ့ေနာက္က ကပ္လုိက္လာျပီး အႏၱရာယ္ျပဳခဲ့ရင္ ဘယ္လိုလုပ္မလဲ” ဆိုတဲ့ အေတြးမ်ိဳးနဲ႔ အျမဲတမ္း အသင့္ျဖစ္၊ ျဖစ္လာရင္ ဘယ္လိုလုပ္မယ္ဆုိတဲ့ အစီအစဥ္ေတြလည္း အသင့္ရွိေနပါေစ။

၃။ လံုျခံဳေရးေတြနဲ႔ သိေအာင္ လုပ္ထားပါ

တစ္ေနရာရာသြားရင္ ရဲကင္းက ဘယ္နားမွာ၊ အေစာင့္ဂိတ္က ဘယ္နားမွာ သိေအာင္ လုပ္ထားပါ။ ဘဏ္မွာ လံုျခံဳေရးအေစာင့္ေတြ ေတြ႔ရင္လည္း ဒီတုိင္းနႈတ္ဆက္၊ တစ္ခ်က္ျပံဳးျပျပီး ရင္းႏွီးမႈယူထားရင္ အေရးၾကံဳတဲ့အခါ အကူအညီရတာေပါ့။

၄။ လြယ္ကူတဲ့ ပစ္မွတ္မျဖစ္ပါေစနဲ႔၊ သားေကာင္ပံုျဖစ္မေနပါေစနဲ႔

မုဒိမ္းသမားနဲ႔ လူဆုိးေတာ္ေတာ္မ်ားမ်ားဟာ ေပ်ာ့ညံ့ပံုရတဲ့ မိန္းကေလးမ်ိဳးကို သားေကာင္အျဖစ္ ေရြးခ်ယ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ယံုၾကည္မႈအျပည့္ရွိတဲ့ ပံုစံမ်ိဳးနဲ႔ ေလွ်ာက္ပါ။ တစ္ခုခုျဖစ္ရင္ အရမ္းေၾကာက္ေနတဲ့ ပံုနဲ႔ ငိုတာ၊ ေတာင္းပန္တာ မလုပ္ပါနဲ႔။ ထူးဆန္းတဲ့အခ်က္တစ္ခ်က္က ဆံပင္အရွည္နဲ႔ မိန္းကေလး၊ ဆံပင္ကို ပိုနီေတး စုခ်ည္ထားတဲ့ မိန္းကေလးမ်ိဳးနဲ႔ က်စ္ဆံျမီးက်စ္ထားတဲ့ မိန္းကေလးမ်ိဳးကို ျပစ္မႈက်ဴးလြန္ဖို႔ ဓာတ္က်တတ္ပါတယ္တဲ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ဆံပင္ေတြဟာ ရုတ္တရက္ေဆာင့္ဆြဲျပီး အႏၱရာယ္ျပဳဖို႔ လြယ္ကူလို႔ပါ။

၅။ ကားထဲမွာ လံုျခံဳဖို႔

ကိုယ္တုိင္ ကားေမာင္းျပီး သြားတတ္တဲ့ အမ်ိဳးသမီးေတြအတြက္ ျပစ္မႈျဖစ္ပြားမႈ အမ်ားဆံုးေနရာေတြဟာ ကားပါကင္ေနရာေတြပါတဲ့။ ကားပါကင္ကေန ျပန္ထြက္ဖို႔ တန္းစီေနတဲ့အခ်ိန္ေတြမွာလည္း Lock ခ်ထားပါ၊ ဘယ္အခ်ိန္မဆို ကားထဲ ေရာက္ျပီးရင္ Lock ခ်ထားဖို႔ လုိပါတယ္။ ဒါေပမယ့္ ကိုယ္က အျပင္က ျပန္လာျပီး ကားထဲ ဝင္ထိုင္တဲ့အခါ အလ်င္စလို Lock ခ်တာမ်ိဳးေတာ့ မလုပ္ဘဲ ကားထဲ ဝင္မထုိင္ခင္ ကားထဲမွာ လူရွိမရွိ အရင္စစ္ပါ။ ျပီးမွ ဝင္ထိုင္ျပီး Lock ခ်တာ လံုျခံဳေစပါတယ္။

၆။ ကိုယ့္စိတ္ထဲက ေျပာလာတာကို ယံုၾကည္ပါ

တစ္ေနရာရာ ေရာက္လို႔ စိတ္ထဲ မသိုးမသန္႔ခံစားလာရရင္ ငါ စိတ္ထင္လို႔ပါေလဆုိျပီး ေပါ့ေပါ့မထားပါနဲ႔။ ဒါမ်ိဳး ခံစားရရင္ တကယ္ပဲ မွန္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္စိတ္ထဲက အႏၱရာယ္အခ်က္ေပးေခါင္းေလာင္းသံကို ယံုၾကည္ပါ။

၇။ ပစၥည္းမက္မေနပါနဲ႔

ဒါကေတာ့ ေျပာရလည္း ခက္ပါတယ္။ လူပဲ၊ ကိုယ့္ပစၥည္းေလးေတြ ဆံုးရႈံးမွာကို မလိုလားပါဘူး။ ဒါေပမယ့္ တကယ့္ကို မလံုျခံဳတဲ့ အေျခအေနမွာ၊ ကိုယ့္ေဘးမွာ အေဖာ္လည္း မရွိဘူးဆိုရင္ေတာ့ ပိုက္ဆံအိတ္ေတြ၊ လက္ကိုင္အိတ္ေတြ လာဆြဲလုတဲ့အခါ လက္လႊတ္ေပးလိုက္ပါ။ အသက္ထက္ ဘာမွ ပိုအေရးမၾကီးပါဘူး။

၈။ တကယ္အႏၱရာယ္ျပဳခံရျပီဆုိရင္ ဘယ္လို တံု႔ျပန္မလဲ

ကာကြယ္ဖို႔ပဲ ေျပာေနတာပဲ၊ တကယ္ရန္ျပဳခံရျပီဆုိရင္ေရာ ဘယ္လိုလုပ္မလဲ

မ်က္လံုး – လူတစ္ေယာက္လာတုိက္ခုိက္ျပီဆုိရင္ အႏုဆံုးအစိတ္အပိုင္းျဖစ္တဲ့ မ်က္လံုးကို လက္ေခ်ာင္းေတြနဲ႔ ျဖစ္ျဖစ္၊ ကားေသာ့နဲ႔ ျဖစ္ျဖစ္ ထုိးျပီး ခုခံလို႔ ရပါတယ္။

ႏွာေခါင္း – ႏွာေခါင္းဟာလည္း ထိလိုက္လို႔ရွိရင္ နာက်င္မူးေဝသြားတတ္တဲ့အရာမို႔ အႏၱရာယ္ျဖစ္လာရင္ ႏွာေခါင္းကို လက္ဖေနာင့္နဲ႔ ရိုက္လိုက္ျပီး သူမူးေဝသြားတဲ့အခ်ိန္မွာ ထြက္ေျပးလို႔ ရပါတယ္။

လည္ပင္း – လည္ေခ်ာင္းမွာ ရွိတဲ့ လည္စိကုိ လက္ဝါးေစာင္းနဲ႔ ခုတ္လိုက္ရင္ ရုတ္တရက္ အသက္ရႈၾကပ္သြားႏုိင္ျပီး အဲဒီအခ်ိန္ ကုိယ္ထြက္ေျပးလြတ္ေျမာက္ႏိုင္ပါတယ္။

ေပါင္ခြဆံု – ဗမာဇာတ္ကားထဲမွာ ရိုက္ျပတဲ့အတုိင္းပါပဲ။ ရန္ျပဳသူရဲ႕ ေပါင္ခြဆံုကို ဒူးနဲ႔ လႊဲျပီး တုိက္ဖို႔ပါ။

ဒီလို တုိက္ခုိက္တဲ့အခါမွာ ကိုယ့္ခႏၶာကိုယ္ရဲ႕ အသန္မာဆံုးအပို္င္းေတြ ျဖစ္တဲ့ ဦးေခါင္း၊ တံေတာင္ဆစ္နဲ႔ ဒူးေတြကို အသံုးျပဳဖို႔ပါပဲ။

ေခတ္ပ်က္သလို ျဖစ္ေနခ်ိန္မွာ ပ်ိဳပ်ိဳေမတုိ႔ ကိုယ့္အသက္နဲ႔ အရွက္ကို ဥာဏ္သံုးျပီးကာကြယ္ႏုိင္ၾကပါေစ။

Yoe Lu (Akhayar)

www.akhayar.com

Source : www.shape.com, http://survival-mastery.com
[Unicode]

ပျိုပျိုမေတို့ အရေးကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တတ်စေဖို့

အခုလို မှုခင်းတွေ များတဲ့ခေတ်မှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဘယ်အချိန်၊ ဘယ်နေရာမဆို အန္တရာယ်တွေနဲ့ ကြုံလာနိုင်ပါတယ်။ “ အပြင်သွားရင် သတိနဲ့သွား၊ သတိနဲ့လာပြီး သတိနဲ့စား” ဆိုတဲ့ သီချင်းစာသားဟာ သီချင်းသက်သက်မဟုတ်တော့ဘဲ အခုခေတ်ကို ထင်ဟပ်နေပါပြီ။

အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အန္တရာယ်ကြုံရနိုင်ပေမယ့် ခန္တာကိုယ်ဖွဲ့စည်းပုံအရ အားနည်းတဲ့ အမျိုးသမီးတွေအတွက် တစ်ခုခုဆို ဘယ်လို ခုခံကာကွယ်မလဲဆိုတာ မျှဝေလိုက်ပါရစေ။

၁။ အမြဲသတိရှိပါစေ

ကိုယ့်ပတ်ဝန်းကျင်ကို သတိလေးထားပြီး သွားပါ၊ အရိုးရှင်းဆုံးပေမယ့် ဖြစ်သမျှ အန္တရာယ်အားလုံးရဲ့ တစ်ဝက်နီးပါးလောက်က ပတ်ဝန်းကျင်ကို သတိထားပြီး သွားလာတာလေးက ပျောက်စေနိုင်ပါတယ်။ ဖုန်းဘက်ထရီ ကုန်နေတာမျိုး မဖြစ်ပါစေနဲ့၊ အရေးကြုံရင် ဆက်သွယ်လို့ မရနိုင်တာကြောင့်ပါ။ ဒါပေမယ့် ခေါင်းငုံ့ပြီး စာရိုက်နေတာ၊ ဂိမ်းဆော့နေတာမျိုးကို တတ်နိုင်ရင် အပြင်မှာ မလုပ်ပါနဲ့။ ကြိုးပါတဲ့ အိတ်ကို လွယ်ပြီး လက်တွေကို အားအောင်ထားပါ။ ကားပါလာရင် ကားသော့ကို လက်ထဲမှာ ဒါမှမဟုတ် အလွယ်တကူ ရှာတွေ့နိုင်တဲ့ နေရာမှာ ထားပါ။

၂။ စိတ်ပိုင်းဆိုင်ရာအရလည်း အမြဲပြင်ဆင်ထားပါ

“အခုချိန်မှာများ ငါ့နောက်က ကပ်လိုက်လာပြီး အန္တရာယ်ပြုခဲ့ရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အတွေးမျိုးနဲ့ အမြဲတမ်း အသင့်ဖြစ်၊ ဖြစ်လာရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေလည်း အသင့်ရှိနေပါစေ။

၃။ လုံခြုံရေးတွေနဲ့ သိအောင် လုပ်ထားပါ

တစ်နေရာရာသွားရင် ရဲကင်းက ဘယ်နားမှာ၊ အစောင့်ဂိတ်က ဘယ်နားမှာ သိအောင် လုပ်ထားပါ။ ဘဏ်မှာ လုံခြုံရေးအစောင့်တွေ တွေ့ရင်လည်း ဒီတိုင်းနှုတ်ဆက်၊ တစ်ချက်ပြုံးပြပြီး ရင်းနှီးမှုယူထားရင် အရေးကြုံတဲ့အခါ အကူအညီရတာပေါ့။

၄။ လွယ်ကူတဲ့ ပစ်မှတ်မဖြစ်ပါစေနဲ့၊ သားကောင်ပုံဖြစ်မနေပါစေနဲ့

မုဒိမ်းသမားနဲ့ လူဆိုးတော်တော်များများဟာ ပျော့ညံ့ပုံရတဲ့ မိန်းကလေးမျိုးကို သားကောင်အဖြစ် ရွေးချယ်တတ်ကြပါတယ်။ ဒါကြောင့် ယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံမျိုးနဲ့ လျှောက်ပါ။ တစ်ခုခုဖြစ်ရင် အရမ်းကြောက်နေတဲ့ ပုံနဲ့ ငိုတာ၊ တောင်းပန်တာ မလုပ်ပါနဲ့။ ထူးဆန်းတဲ့အချက်တစ်ချက်က ဆံပင်အရှည်နဲ့ မိန်းကလေး၊ ဆံပင်ကို ပိုနီတေး စုချည်ထားတဲ့ မိန်းကလေးမျိုးနဲ့ ကျစ်ဆံမြီးကျစ်ထားတဲ့ မိန်းကလေးမျိုးကို ပြစ်မှုကျူးလွန်ဖို့ ဓာတ်ကျတတ်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆံပင်တွေဟာ ရုတ်တရက်ဆောင့်ဆွဲပြီး အန္တရာယ်ပြုဖို့ လွယ်ကူလို့ပါ။

၅။ ကားထဲမှာ လုံခြုံဖို့

ကိုယ်တိုင် ကားမောင်းပြီး သွားတတ်တဲ့ အမျိုးသမီးတွေအတွက် ပြစ်မှုဖြစ်ပွားမှု အများဆုံးနေရာတွေဟာ ကားပါကင်နေရာတွေပါတဲ့။ ကားပါကင်ကနေ ပြန်ထွက်ဖို့ တန်းစီနေတဲ့အချိန်တွေမှာလည်း Lock ချထားပါ၊ ဘယ်အချိန်မဆို ကားထဲ ရောက်ပြီးရင် Lock ချထားဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ်က အပြင်က ပြန်လာပြီး ကားထဲ ဝင်ထိုင်တဲ့အခါ အလျင်စလို Lock ချတာမျိုးတော့ မလုပ်ဘဲ ကားထဲ ဝင်မထိုင်ခင် ကားထဲမှာ လူရှိမရှိ အရင်စစ်ပါ။ ပြီးမှ ဝင်ထိုင်ပြီး Lock ချတာ လုံခြုံစေပါတယ်။

၆။ ကိုယ့်စိတ်ထဲက ပြောလာတာကို ယုံကြည်ပါ

တစ်နေရာရာ ရောက်လို့ စိတ်ထဲ မသိုးမသန့်ခံစားလာရရင် ငါ စိတ်ထင်လို့ပါလေဆိုပြီး ပေါ့ပေါ့မထားပါနဲ့။ ဒါမျိုး ခံစားရရင် တကယ်ပဲ မှန်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲက အန္တရာယ်အချက်ပေးခေါင်းလောင်းသံကို ယုံကြည်ပါ။

၇။ ပစ္စည်းမက်မနေပါနဲ့

ဒါကတော့ ပြောရလည်း ခက်ပါတယ်။ လူပဲ၊ ကိုယ့်ပစ္စည်းလေးတွေ ဆုံးရှုံးမှာကို မလိုလားပါဘူး။ ဒါပေမယ့် တကယ့်ကို မလုံခြုံတဲ့ အခြေအနေမှာ၊ ကိုယ့်ဘေးမှာ အဖော်လည်း မရှိဘူးဆိုရင်တော့ ပိုက်ဆံအိတ်တွေ၊ လက်ကိုင်အိတ်တွေ လာဆွဲလုတဲ့အခါ လက်လွှတ်ပေးလိုက်ပါ။ အသက်ထက် ဘာမှ ပိုအရေးမကြီးပါဘူး။

၈။ တကယ်အန္တရာယ်ပြုခံရပြီဆိုရင် ဘယ်လို တုံ့ပြန်မလဲ

ကာကွယ်ဖို့ပဲ ပြောနေတာပဲ၊ တကယ်ရန်ပြုခံရပြီဆိုရင်ရော ဘယ်လိုလုပ်မလဲ

မျက်လုံး – လူတစ်ယောက်လာတိုက်ခိုက်ပြီဆိုရင် အနုဆုံးအစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးကို လက်ချောင်းတွေနဲ့ ဖြစ်ဖြစ်၊ ကားသော့နဲ့ ဖြစ်ဖြစ် ထိုးပြီး ခုခံလို့ ရပါတယ်။

နှာခေါင်း – နှာခေါင်းဟာလည်း ထိလိုက်လို့ရှိရင် နာကျင်မူးဝေသွားတတ်တဲ့အရာမို့ အန္တရာယ်ဖြစ်လာရင် နှာခေါင်းကို လက်ဖနောင့်နဲ့ ရိုက်လိုက်ပြီး သူမူးဝေသွားတဲ့အချိန်မှာ ထွက်ပြေးလို့ ရပါတယ်။

လည်ပင်း – လည်ချောင်းမှာ ရှိတဲ့ လည်စိကို လက်ဝါးစောင်းနဲ့ ခုတ်လိုက်ရင် ရုတ်တရက် အသက်ရှုကြပ်သွားနိုင်ပြီး အဲဒီအချိန် ကိုယ်ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

ပေါင်ခွဆုံ – ဗမာဇာတ်ကားထဲမှာ ရိုက်ပြတဲ့အတိုင်းပါပဲ။ ရန်ပြုသူရဲ့ ပေါင်ခွဆုံကို ဒူးနဲ့ လွှဲပြီး တိုက်ဖို့ပါ။

ဒီလို တိုက်ခိုက်တဲ့အခါမှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အသန်မာဆုံးအပိုင်းတွေ ဖြစ်တဲ့ ဦးခေါင်း၊ တံတောင်ဆစ်နဲ့ ဒူးတွေကို အသုံးပြုဖို့ပါပဲ။

ခေတ်ပျက်သလို ဖြစ်နေချိန်မှာ ပျိုပျိုမေတို့ ကိုယ့်အသက်နဲ့ အရှက်ကို ဉာဏ်သုံးပြီးကာကွယ်နိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : www.shape.com, http://survival-mastery.com