[Zawgyi]

ေၾကာက္ရြံ႕ထိတ္လန္႔ဖြယ္ဇာတ္ကားသစ္တစ္ကားမွာ ပါဝင္သရုပ္ေဆာင္မယ့္ Selena Gomez

အႏုပညာသစ္ေတြ တစ္ခုျပီး တစ္ခု ခ်ျပေနတဲ့ Selena Gomez တစ္ေယာက္ကေတာ့ ထိတ္လန္႔ေၾကာက္ရြံ႕မႈေတြ၊ ရူးသြပ္မုိက္မဲမႈေတြ၊ လက္ေခ်ာင္းေတြ အျပည့္နဲ႔ မ်က္ႏွာလို Monster ဆန္မႈေတြနဲ႔ ေရခ်ိဳးကန္ထဲက ေျခာက္ျခားစရာေတြ စတဲ့ ေၾကာက္ရြံ႕ထိတ္လန္႔ဖြယ္ေတြ ျပည့္ႏွက္ေနတဲ့ ဇာတ္ကားသစ္တကားမွာ ပါဝင္သရုပ္ေဆာင္ပါေတာ့မယ္။

ေပါ့ပ္ၾကယ္ပြင့္ Selena ဟာ အႏုပညာရွင္ဒါရိုက္တာ Petra Collins နဲ႔ အတူ Surreal လည္း ျဖစ္၊ ေၾကာက္မက္ဖြယ္ရုိက္ခ်က္ေတြလည္းပါဝင္တဲ့ ရုပ္ရွင္တစ္ကားရိုက္ေနျပီး ပရိသတ္ေတြအတြက္ အျမည္းပံုေလးေတြ တင္ေပးထားပါတယ္။

ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔က Collins ဟာ Instagram မွာ ဇာတ္ဝင္ခန္းေနာက္ကြယ္က ပံုရိပ္ေတြကို တင္ထားခဲ့ပါတယ္။ Project ရဲ့ First Clip ျဖစ္တဲ့ ‘A Love Story’ ဆိုတဲ့ အပိုင္းမွာ Selena ဟာ ကိုယ္တံုးလံုးအေနအထားနဲ႔ ေရခ်ိဳးကန္ထဲမွာ စိမ္ေနပါတယ္။ ေရေတြကေတာ့ အစိမ္းေရာင္ခပ္ေနာက္ေနာက္အေရာင္ေတြျဖစ္ျပီး ေရထဲမွာ မ်က္နွာ အတုတစ္ခု ရွာေဖြေတြ႔ရွိခဲ့ပါတယ္။

ဒီ မ်က္ႏွာအတုကို Selena က သူ႔မ်က္ႏွာမွာ ကပ္ၾကည့္၊ ေငးစိုက္ၾကည့္စတဲ့ ေျခာက္ခ်ားဖြယ္ရာ ျပကြက္ေတြပါပါတယ္။ ဒါရိုက္တာ Petra Collins ဟာ Selena Gomez ရဲ့ Music Video ေတြျဖစ္တဲ့ ‘Bad Liar’ နဲ႔ ‘Fetish’ တို႔ကို ရိုက္ကူးေပးခဲ့သူ ျဖစ္ပါတယ္။

a love story

A post shared by Petra Collins (@petrafcollins) on

stills from a short film for IGTV dir by @petrafcollins feat @selenagomez 🖤

A post shared by Moni Haworth (@monibelle) on

အေပၚက ပံုေတြတင္မဟုတ္ဘဲ တျခားေျခာက္ခ်ားဖြယ္ရာ ပံုေတြကိုလည္း တင္ထားပါေသးတယ္။ ဒီ Project ကို Instagram ရဲ႕ ဗီဒီယိုအရွည္ေတြ တင္လို႔ရတဲ့ Platform တစ္ခုျဖစ္တဲ့ IGTV မွာ ျပသမွာ ျဖစ္ျပီး ေနာက္ထပ္ ရက္သတၱပတ္အနည္းငယ္ၾကာရင္ ျပသေတာ့မွာျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : foxnews.com
[Unicode]

ကြောက်ရွံ့ထိတ်လန့်ဖွယ်ဇာတ်ကားသစ်တစ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် Selena Gomez

အနုပညာသစ်တွေ တစ်ခုပြီး တစ်ခု ချပြနေတဲ့ Selena Gomez တစ်ယောက်ကတော့ ထိတ်လန့်ကြောက်ရွံ့မှုတွေ၊ ရူးသွပ်မိုက်မဲမှုတွေ၊ လက်ချောင်းတွေ အပြည့်နဲ့ မျက်နှာလို Monster ဆန်မှုတွေနဲ့ ရေချိုးကန်ထဲက ခြောက်ခြားစရာတွေ စတဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်တွေ ပြည့်နှက်နေတဲ့ ဇာတ်ကားသစ်တကားမှာ ပါဝင်သရုပ်ဆောင်ပါတော့မယ်။

ပေါ့ပ်ကြယ်ပွင့် Selena ဟာ အနုပညာရှင်ဒါရိုက်တာ Petra Collins နဲ့ အတူ Surreal လည်း ဖြစ်၊ ကြောက်မက်ဖွယ်ရိုက်ချက်တွေလည်းပါဝင်တဲ့ ရုပ်ရှင်တစ်ကားရိုက်နေပြီး ပရိသတ်တွေအတွက် အမြည်းပုံလေးတွေ တင်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Collins ဟာ Instagram မှာ ဇာတ်ဝင်ခန်းနောက်ကွယ်က ပုံရိပ်တွေကို တင်ထားခဲ့ပါတယ်။ Project ရဲ့ First Clip ဖြစ်တဲ့ ‘A Love Story’ ဆိုတဲ့ အပိုင်းမှာ Selena ဟာ ကိုယ်တုံးလုံးအနေအထားနဲ့ ရေချိုးကန်ထဲမှာ စိမ်နေပါတယ်။ ရေတွေကတော့ အစိမ်းရောင်ခပ်နောက်နောက်အရောင်တွေဖြစ်ပြီး ရေထဲမှာ မျက်နှာ အတုတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီ မျက်နှာအတုကို Selena က သူ့မျက်နှာမှာ ကပ်ကြည့်၊ ငေးစိုက်ကြည့်စတဲ့ ခြောက်ချားဖွယ်ရာ ပြကွက်တွေပါပါတယ်။ ဒါရိုက်တာ Petra Collins ဟာ Selena Gomez ရဲ့ Music Video တွေဖြစ်တဲ့ ‘Bad Liar’ နဲ့ ‘Fetish’ တို့ကို ရိုက်ကူးပေးခဲ့သူ ဖြစ်ပါတယ်။

a love story

A post shared by Petra Collins (@petrafcollins) on

stills from a short film for IGTV dir by @petrafcollins feat @selenagomez 🖤

A post shared by Moni Haworth (@monibelle) on

အပေါ်က ပုံတွေတင်မဟုတ်ဘဲ တခြားခြောက်ချားဖွယ်ရာ ပုံတွေကိုလည်း တင်ထားပါသေးတယ်။ ဒီ Project ကို Instagram ရဲ့ ဗီဒီယိုအရှည်တွေ တင်လို့ရတဲ့ Platform တစ်ခုဖြစ်တဲ့ IGTV မှာ ပြသမှာ ဖြစ်ပြီး နောက်ထပ် ရက်သတ္တပတ်အနည်းငယ်ကြာရင် ပြသတော့မှာဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : foxnews.com