[Zawgyi]

စိတ္ပုိင္းဆုိင္ရာ ထိခုိက္မႈအတြက္ ကုသမႈခံယူေနရတဲ့ Selena Gomez

Selena Gomez ရဲ႕ အေျခအေနဟာ လတ္တေလာမွာ ဆိုးရြားေနခဲ့ျပီး စိတ္ပိုင္းဆုိင္ရာ ထိခုိက္မႈခံစားေနရလို႔ ကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ Selena Gomez ဟာ ျပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္တုန္းက ေဆးရံုမွာ ႏွစ္ၾကိမ္ကုသခံခဲ့ရျပီး ႏွစ္ၾကိမ္လံုးကုိ ေသြးျဖဴဥအေရအတြက္ေလာ့်နည္းမႈေၾကာင့္ျဖစ္ပါတယ္။ ဒီလို ေလ်ာ့နည္းတာကလည္း သူျပဳလုပ္ခဲ့ရတဲ့ ေက်ာက္ကပ္လဲလွယ္မႈရဲ႕ Side Effect ေၾကာင့္ျဖစ္ႏုိင္ပါတယ္။

ဒီလိုေတြ ကုသမႈ ခံေနရတဲ့အျပင္ သူ႔ရဲ႕ စိတ္ပုိင္းဆိုင္ရာခံစားခ်က္ေတြအတြက္လည္း ကုသမႈလုိအပ္တာေၾကာင့္ Behavior Therapy ခံယူခဲ့ပါတယ္။ Behavior Therapy က ကိုယ္ခံစားေနရတဲ့ အရာေတြ၊ အဆိုးျမင္အေတြးအေခၚမႈေတြ၊ မေကာင္းတဲ့ အမူအက်င့္ေတြကို သတိထားမိျပီး ေျပာင္းလဲေစဖို႔ ကူညီေပးတာလည္း ျဖစ္ပါတယ္။

Selena Gomez ဟာ Social Media အသံုးျပဳျခင္းကေန အနားယူထားသူလည္း ျဖစ္ပါတယ္။

အဲဒီလို အနားယူမယ္လို႔ ေၾကညာတုနး္က သူေျပာခဲ့တာေလးကလည္း ေကာငး္ပါတယ္။ “Social Media ကေန ၾကင္နာမႈေတြ၊ အားေပးမႈေတြ ရႏုိင္တယ္ဆုိတာ မွန္ပါတယ္။ ဒါေပမယ့္ Social Media မွာ ေျပာတဲ့ အဆုိးျမင္၊ အပ်က္သေဘာေဆာင္တဲ့ Comments ေတြကလည္း လူတစ္ေယာက္ရဲ႕ ခံစားခ်က္ကို နာက်င္ထိခိုက္ေစႏုိင္ပါတယ္ဆိုတာ မေမ့ပါနဲ႔” လို႔ ေျပာခဲ့တာပါ။

က်န္းမာေရးမေကာငး္တဲ့အခါ လူေတြဟာ စိတ္ဓာတ္က်ဆင္းတတ္ၾကတာ သဘာဝပါပဲ။ ဒါေၾကာင့္ Selena ေလး စိတ္က်န္းမာေရးလည္းေကာင္း၊ လူလည္း အျမန္က်န္းမာရႊင္လန္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Yoe Lu (Akhayar)
Source : people.com, mirror.co.uk

[Unicode]

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ကုသမှုခံယူနေရတဲ့ Selena Gomez

Selena Gomez ရဲ့ အခြေအနေဟာ လတ်တလောမှာ ဆိုးရွားနေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုခံစားနေရလို့ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Selena Gomez ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ဆေးရုံမှာ နှစ်ကြိမ်ကုသခံခဲ့ရပြီး နှစ်ကြိမ်လုံးကို သွေးဖြူဥအရေအတွက်လောျ့နည်းမှုကြောင့်ဖြစ်ပါတယ်။ ဒီလို လျော့နည်းတာကလည်း သူပြုလုပ်ခဲ့ရတဲ့ ကျောက်ကပ်လဲလှယ်မှုရဲ့ Side Effect ကြောင့်ဖြစ်နိုင်ပါတယ်။

ဒီလိုတွေ ကုသမှု ခံနေရတဲ့အပြင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအတွက်လည်း ကုသမှုလိုအပ်တာကြောင့် Behavior Therapy ခံယူခဲ့ပါတယ်။ Behavior Therapy က ကိုယ်ခံစားနေရတဲ့ အရာတွေ၊ အဆိုးမြင်အတွေးအခေါ်မှုတွေ၊ မကောင်းတဲ့ အမူအကျင့်တွေကို သတိထားမိပြီး ပြောင်းလဲစေဖို့ ကူညီပေးတာလည်း ဖြစ်ပါတယ်။

Selena Gomez ဟာ Social Media အသုံးပြုခြင်းကနေ အနားယူထားသူလည်း ဖြစ်ပါတယ်။

အဲဒီလို အနားယူမယ်လို့ ကြေညာတုန်းက သူပြောခဲ့တာလေးကလည်း ကောင်းပါတယ်။ “Social Media ကနေ ကြင်နာမှုတွေ၊ အားပေးမှုတွေ ရနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် Social Media မှာ ပြောတဲ့ အဆိုးမြင်၊ အပျက်သဘောဆောင်တဲ့ Comments တွေကလည်း လူတစ်ယောက်ရဲ့ ခံစားချက်ကို နာကျင်ထိခိုက်စေနိုင်ပါတယ်ဆိုတာ မမေ့ပါနဲ့” လို့ ပြောခဲ့တာပါ။

ကျန်းမာရေးမကောင်းတဲ့အခါ လူတွေဟာ စိတ်ဓာတ်ကျဆင်းတတ်ကြတာ သဘာဝပါပဲ။ ဒါကြောင့် Selena လေး စိတ်ကျန်းမာရေးလည်းကောင်း၊ လူလည်း အမြန်ကျန်းမာရွှင်လန်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Yoe Lu (Akhayar)
Source : people.com, mirror.co.uk